❌ အယူအဆလွဲ >>> ဆံပင်ဖြူတစ်ပင်ကို နုတ်ပစ်လိုက်ရင် အဲဒီနေရာကနေ ဆံပင်ဖြူတွေ အများကြီး ပွားလာပြီး ဘေးက ဆံပင်အမည်းတွေကိုပါ လိုက်ဖြူသွားစေတယ်။
☑️ အမှန်တရား >>> ဆံပင်တစ်ပင်ချင်းစီမှာ သီးခြားစီရှိတဲ့ “မွေးညင်းပေါက် (Hair Follicle)” ကိုယ်စီ ရှိကြပါတယ်။ ဆံပင်ဖြူရခြင်းဟာ အဲဒီမွေးညင်းပေါက်ထဲမှာ ရှိတဲ့ မယ်လနင် (Melanin) လို့ခေါ်တဲ့ အရောင်ခြယ်ဆဲလ်တွေ သေဆုံးသွားလို့ ဖြစ်တာပါ။
ဒါကြောင့် ဆံပင်ဖြူတစ်ပင်ကို နုတ်လိုက်ရင် အဲဒီမွေးညင်းပေါက်ကနေ ဆံပင်ဖြူပဲ ပြန်ပေါက်လာမှာဖြစ်ပြီး ဘေးက တခြားမွေးညင်းပေါက်တွေကို သွားပြီး ကူးစက်စေတာမျိုး လုံးဝမရှိပါဘူး။
ဘေးက ဆံပင်တွေပါ လိုက်ဖြူလာသလို ခံစားရတာက ဆံပင်နုတ်လို့ မဟုတ်ဘဲ အသက်အရွယ်ရလာခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်ရဲ့ အရောင်ခြယ်စနစ် ဓာတ်ပျက်စီးမှု တစ်ပြိုင်နက်တည်း ဖြစ်လာလို့သာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆံပင်ဖြူတွေကို ခဏခဏ ဇွတ်နုတ်ရင် မွေးညင်းပေါက်တွေ ရောင်ရမ်းပျက်စီးပြီး နောက်ပိုင်း အဲဒီနေရာမှာ ဆံပင်လုံးဝ ပြန်မပေါက်ဘဲ ထိပ်ပြောင်တာမျိုး ဖြစ်နိုင်လို့ မနုတ်တာကတော့ အကောင်းဆုံးပါပဲ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

