❌ အယူအဆလွဲ >>> ကိုယ်ပူပြီး ဖျားလာတဲ့အခါ စောင်အထူကြီးတွေ ခြုံထားတာ၊ အင်္ကျီထူကြီးတွေ ဝတ်ထားတာမျိုး လုပ်ပြီး ချွေးထွက်လာရင် အဖျားကျသွားလိမ့်မယ်။
☑️ အမှန်တရား >>> လူတစ်ယောက် ဖျားလာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းအပူချိန်က မြင့်တက်နေတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ စောင်တွေအထူကြီးခြုံပြီး ချွေးအောင်းအောင် လုပ်လိုက်ရင် ခန္ဓာကိုယ်က ထွက်လာတဲ့ အပူတွေဟာ အပြင်ကို မထွက်နိုင်တော့ဘဲ အတွင်းမှာပဲ ပိတ်မိပြီး အပူချိန်ကို ပိုပြီး မြင့်တက်လာစေပါတယ်။
ဒါဟာ အထူးသဖြင့် ကလေးငယ်တွေမှာဆိုရင် အပူလွန်ကဲပြီး အတက်ရောဂါ (Febrile Convulsions) အထိ ဖြစ်သွားစေနိုင်လို့ အလွန်အန္တရာယ်များပါတယ်။
ခန္ဓာကိုယ်က အဖျားကျခါနီးမှ ချွေးပြန်လာတာဖြစ်လို့ ချွေးထွက်ခြင်းက အဖျားကျခြင်းရဲ့ ရလဒ်သာဖြစ်ပြီး ချွေးထွက်အောင် အတင်းလုပ်လို့ အဖျားကျသွားတာ မဟုတ်ပါဘူး။
အမှန်ကတော့ ဖျားနေတဲ့သူကို လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ ဝတ်စုံမျိုး ဝတ်ဆင်ပေးရမှာဖြစ်ပြီး ကိုယ်ပူအလွန်ကြီးနေရင် ရေနွေးဝတ် (ရေခပ်နွေးနွေး) နဲ့ ရေပတ်တိုက်ပေးခြင်းကသာ အပူချိန်ကို ဘေးကင်းကင်းနဲ့ ကျဆင်းစေမယ့် နည်းလမ်းဖြစ်ပါတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

