❌ အယူအဆလွဲ >>> ဆားခါး (Epsom Salt) သို့မဟုတ် ခြေစိမ်စက်/ရေနွေးထဲ ခြေထောက်စိမ်ထားရင် အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ထုတ်ပေးနိုင်တယ်။
(Spa တွေ ဒါမှမဟုတ် ခြေစိမ်စက်အချို့မှာ စိမ်ထားရင်း ရေတွေ မည်းနက်သွားတာ၊ ရေအရောင် ပြောင်းသွားတာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ရေထဲ ထွက်လာတာပါဆိုပြီး ယူဆလေ့ ရှိကြပါတယ်။)
.
✅ အမှန် >>> အရေပြားဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အပြင်ကို စုပ်ထုတ်ပေးနိုင်တဲ့ အင်္ဂါရပ် မဟုတ်ပါဘူး။
ရေနွေးစိမ်လို့ ချွေးထွက်တာဟာလည်း ခန္ဓာကိုယ် အပူချိန် လျှော့ချဖို့အတွက်သာ ဖြစ်ပြီး ချွေးထဲမှာ ရေဓာတ် ၉၉% နဲ့ ဆားဓာတ်အနည်းငယ်သာ ပါဝင်ပါတယ်။ အဆိပ်အတောက် ပါဝင်မှုက အင်မတန် အနည်းငယ်မျှသာ ဖြစ်ပါတယ်။
ကျန်းမာရေးအရ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့ သဘာဝတရားက အလွန်စနစ်ကျတဲ့ အင်္ဂါ ၂ ခုကို ပေးထားပြီးသား ဖြစ်ပါတယ်။
❗ အသည်း (Liver) – အစားအသောက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို သွေးထဲကနေ စစ်ထုတ်ပြီး အဆိပ်မရှိတဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲပေးပါတယ်။
❗ ကျောက်ကပ် (Kidneys) – အသည်းက စစ်ထုတ်လိုက်တဲ့ ဘေးထွက်ပစ္စည်းတွေကို ဆီးအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။
ဒါဆို ခြေထောက် ဆားစိမ်တာ ဘာကောင်းလဲ။
ခြေထောက်စိမ်ခြင်းက အဆိပ်အတောက်ကို မထုတ်ပေးနိုင်ပေမယ့် ကြွက်သားတွေကို ပြေလျော့စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာနဲ့ စိတ်ဖိစီးမှု လျှော့ချပေးတာ စတဲ့ကောင်းကျိုးတွေတော့ အမှန်တကယ် ရရှိစေပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.



