❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။
☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်နဲ့ လေပြွန်ထဲကို စီးဝင်သွားပါတယ်။
သွေးတွေ အစာအိမ်ထဲ ရောက်သွားရင် အစာအိမ်ကို လှုံ့ဆော်စေပြီး ပျို့အန်တာ၊ ရင်ပူတာတွေ ဖြစ်စေတဲ့အပြင် ပိုဆိုးတာက လေပြွန်ထဲ ရောက်သွားရင် အသက်ရှူကျပ်ပြီး သီးတာ၊ ချောင်းဆိုးတာမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။
ဆေးပညာအရ နှာခေါင်းသွေးလျှံရင် အမှန်လုပ်ရမယ့် ပုံစံကတော့ ခေါင်းကို အရှေ့ဘက်ကို အနည်းငယ် ငုံ့ထားရမှာ ဖြစ်ပါတယ်။
ပြီးရင် နှာခေါင်းရိုးအောက်က ပျော့တဲ့ အသားနေရာလေးကို လက်မနဲ့ လက်ညှိုးသုံးပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် ခပ်တင်းတင်း ညှစ်ထားပေးရပါမယ်။ ပါးစပ်ကနေပဲ အသက်ရှူပြီး ခေါင်းကို အရှေ့ငုံ့ထားခြင်းက သွေးတွေကို အစာအိမ်ထဲ မဝင်စေဘဲ သွေးတိတ်အောင် ကူညီပေးတဲ့ အမှန်ကန်ဆုံး ရှေးဦးသူနာပြုနည်း ဖြစ်ပါတယ်….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

