အောက်တိုဘာလဟာ ကမ္ဘာ့ရင်သားကင်ဆာ အသိပညာပေးကာလ (Pink October) ဖြစ်ပါတယ် 🌸
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတစ်ခု ဖြစ်သော်လည်း “ဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို ကြိုတင်သိရှိထားပြီး စောစီးစွာ စမ်းသပ်စစ်ဆေးမိပါက ပျောက်ကင်းအောင် ကုသနိုင်ခြေ လွန်စွာမြင့်မားပါတယ်”။
🟢 ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများစေသည့် အကြောင်းရင်းများ
အသက်အရွယ် အသက် ၄၀ အထက် အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာခြင်း။
မျိုးရိုးဗီဇ မိသားစု (မိခင်၊ ညီအစ်မ၊ အဖွား) တွင် ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိခြင်း။
ဟော်မုန်း အပြောင်းအလဲ ရာသီစောစော လာခြင်း (အသက် ၁၂ နှစ်မတိုင်မီ)၊ သွေးဆုံးချိန် နောက်ကျခြင်း (အသက် ၅၅ နှစ်နောက်ပိုင်း) သို့မဟုတ် ဟော်မုန်း အစားထိုးကုသမှုများ သုံးစွဲဖူးခြင်း။
နေထိုင်မှုပုံစံ ကိုယ်အလေးချိန် လွန်ကဲခြင်း၊ လှုပ်ရှားမှု နည်းပါးခြင်း၊ ဆေးလိပ်နှင့် အရက် သောက်သုံးခြင်း။
…
🟢 ရင်သားကျန်းမာရေးအတွက် မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးကြည့်ပါ။
ဘယ်အချိန်မှာ ရင်သားကို စမ်းသပ်ကြည့်ရမလဲ
ရာသီလာပြီး ၇ ရက်မှ ၁၀ ရက်အကြာ (ရင်သား တင်းတောင့်မှု နည်းပါးချိန်) တွင် လစဉ် ပုံမှန် မပျက်မကွက် စမ်းသပ်ပေးပါ။
ဘယ်လိုအနေအထားနဲ့ စမ်းသပ်ရမလဲ
လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းကို ပူးပြီး လှဲနေရင်း သို့မဟုတ် မှန်ရှေ့ မတ်တပ် သို့မဟုတ် ထိုင်လျက် အနေအထားနဲ့ စမ်းသပ်လို့ ရပါတယ်။
…
🟢 စမ်းသပ်စဉ် ဘာတွေကို သတိထားကြည့်ရမလဲ။
၁။ ရင်သား သို့မဟုတ် ချိုင်းအောက်တွင် မာကျောသော အကျိတ်/အဖုများ စမ်းမိခြင်း။
၂။ ရင်သား အရေပြား ချိုင့်ဝင်ခြင်း၊ မညီညာခြင်း သို့မဟုတ် လိမ္မော်ခွံကဲ့သို့ ဖြစ်လာခြင်း။
၃။ နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်သွားခြင်း သို့မဟုတ် သွေး/အရည်ဆင်းခြင်း။
၄။ ရင်သား ပုံသဏ္ဌာန် သို့မဟုတ် အရွယ်အစား ရုတ်တရက် မူမမှန် ပြောင်းလဲသွားခြင်း။
ရင်သားကင်ဆာ စောစီးစွာ သိရှိနိုင်ရေးအတွက် မိမိကိုယ်ကိုယ် စစ်ဆေးဖို့ ဒီနေ့ပဲ အချိန်ပေးလိုက်ပါ 💗
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


