စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအလွဲများ

၁။ စိတ်ရောဂါဆေးတွေက စွဲတတ်တယ်ဆိုတဲ့ အကြောက်တရား

အယူအဆအလွဲ ❌ စိတ်ကျန်းမာရေးဆေးတွေ သောက်ရင် ဆေးစွဲသွားမယ်။ တစ်သက်လုံး ဖြတ်လို့ရမှာ မဟုတ်တော့ဘူး။

အမှန် ✔️ စိတ်ကျန်းမာရေးဆေးအများစုဟာ စွဲလမ်းစေတတ်တဲ့ အမျိုးအစား (Addictive) မဟုတ်ပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျသောက်ရင် ရောဂါသက်သာချိန်မှာ ဆေးကို နည်းစနစ်တကျ ပြန်ဖြတ်လို့ရပါတယ်။ မိမိသဘောနဲ့မိမိ ရုတ်တရက်ဖြတ်လိုက်ခြင်းကသာ ဘေးထွက်ဆိုးကျိုး ခံစားရစေတာပါ။

၂။ စိတ်ဓာတ်ကျခြင်းနှင့် အားကစားလုပ်ခြင်း

အယူအဆအလွဲ ❌ စိတ်ဓာတ်ကျနေရင် အပြင်ထွက် လမ်းလျှောက်ပါလား၊ အားကစားလုပ်ရင် ပျောက်သွားမှာပါ။

အမှန် ✔️ အားကစားလုပ်ခြင်းက စိတ်ဖိစီးမှုအတွက် အထောက်အကူပြုတာ မှန်ပေမယ့် ဆေးဘက်ဆိုင်ရာ ပြင်းထန်စိတ်ကျရောဂါ (Major Depressive Disorder) ခံစားနေရသူတစ်ဦးအတွက်တော့ အားကစားလုပ်ဖို့ နေနေသာသာ အိပ်ရာကထဖို့တောင် ခွန်အားမရှိတတ်ကြပါဘူး။ အားကစားလုပ်ဆိုပြီး တိုက်တွန်းတာထက် သူတို့ရဲ့ခံစားချက်ကို နားထောင်ပေးတာက ပိုထိရောက်ပါတယ်။

၃။ စိတ်ကျန်းမာရေး ချို့တဲ့သူတိုင်းဟာ လူဆိုးတွေ မဟုတ်ပါ

အယူအဆအလွဲ ❌ စိတ်အခြေအနေ မမှန်တဲ့သူတွေ၊ စိတ်ကြွစိတ်ကျဖြစ်သူတွေက အန္တရာယ်များတယ်။ သူတို့ကို ရှောင်ရမယ်။

အမှန် ✔️ စိတ်ကျန်းမာရေး ပြဿနာရှိသူအများစုဟာ အကြမ်းဖက်တတ်သူတွေ မဟုတ်ကြပါဘူး။ တကယ်တော့ သူတို့ဟာ အများသူငါရဲ့ အနိုင်ကျင့်ခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရသူတွေ ဖြစ်နေတတ်တာ ပိုများပါတယ်။ သူတို့ လိုအပ်တာက ကြောက်ရွံ့ဖယ်ကြဥ်မှုမဟုတ်ဘဲ နားလည်စာနာမှုပါ။

၄။ ဘာသာရေးကို ဖိလုပ်ရင် စိတ်ရောဂါပျောက်တယ်ဆိုတဲ့ ယူဆချက်

အယူအဆအလွဲ ❌ စိတ်ဆင်းရဲနေတာ၊ စိတ်အခြေအနေ မူမမှန်တာဟာ တရားအားထုတ်မှု အားနည်းလို့၊ ကံမကောင်းလို့။ ဘုရားတရား ပိုလုပ်ရင် ပျောက်သွားလိမ့်မယ်။

အမှန် ✔️ ဘာသာရေးနဲ့ တရားဓမ္မဟာ စိတ်ငြိမ်းချမ်းမှုအတွက် အထောက်အကူပြုတာ မှန်ပါတယ်။

ဒါပေမဲ့ စိတ်ဝေဒနာဆိုတာ ဦးနှောက်အတွင်းက အာရုံကြောစနစ် ချို့ယွင်းမှု၊ ဓာတ်သဘာဝ မညီမျှမှု ဖြစ်တဲ့အတွက် ဆေးကုသမှု ခံယူခြင်းနဲ့ ဘာသာရေးလုပ်ခြင်းကို ယှဉ်တွဲလုပ်ဆောင်သင့်ပါတယ်။

ဖျားတာ၊ ဗိုက်အောင့်တာကို ဆေးသောက်သလိုပဲ စိတ်ဖျားနာတာကိုလည်း ဆေးကုသဖို့ လိုအပ်ပါတယ်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here