“အဆင်ပြေပါတယ်” ဆိုတဲ့ နောက်ကွယ်က Smile Depression

“အမြဲတမ်း ရယ်မောပျော်ရွှင်နေပြီး ဘဝကို အကောင်းမြင်တတ်တဲ့သူတစ်ယောက်က စိတ်ကျရောဂါ ခံစားနေရတာ ဟုတ်ပါ့မလား”

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလုပ်ခွင်ထဲမှာ ရယ်ရယ်မောမော၊ အပေါင်းအသင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း၊ လူမှုရေး တာဝန်ကျေပြနေပေမယ့် ရင်ထဲမှာတော့ အထီးကျန်မှု၊ ဝမ်းနည်းမှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို အလိပ်လိုက် ခံစားနေရတဲ့ အခြေအနေကို ဆေးပညာမှာ Smile Depression (Atypical Depression) လို့ ခေါ်ပါတယ်။

အများစုက စိတ်ကျရောဂါ (Depression) ဆိုရင် အပြင်မထွက်တာ၊ အမြဲငိုနေတာ၊ ညှိုးငယ်နေတာမျိုးပဲ ထင်တတ်ကြပေမယ့် Smile Depression သမားတွေကတော့ –

  • အလုပ်ခွင်မှာ တာဝန်ကျေကြတယ်။
  • လူမှုဆက်ဆံရေး ကောင်းမွန်ကြတယ်။
  • သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို အပြုံးတွေ၊ ဟာသတွေနဲ့ ဖုံးကွယ်ထားတတ်ကြတယ်။
  • အခြားသူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ (သို့မဟုတ်) ကိုယ့်ကိုယ်ကိုယ် အားနည်းတယ်လို့ အထင်မခံချင်လို့ “ငါ အဆင်ပြေပါတယ်” ဆိုတဲ့ စကားလုံးနောက်မှာ ပုန်းကွယ်နေတတ်ကြပါတယ်။
    .
  • Smile Depression က ဘာလို့ ပိုကြောက်ဖို့ကောင်းတာလဲ။

Smile Depression က ခံစားနေရသူရော၊ ဘေးလူတွေပါ သတိမထားမိကြတာများပါတယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း “ငါ အလုပ်လုပ်နိုင်သေးတာပဲ၊ စိတ်ကျရောဂါ မဟုတ်ပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားတတ်ကြပါတယ်။ ဒါကြောင့် ကုသမှုခံယူဖို့ နောက်ကျသွားတတ်ပြီး စိတ်ဒဏ်ရာတွေ ပြင်းထန်လာတဲ့အခါ စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ပိုမိုကြီးမားလာနိုင်ပါတယ်။

ဘေးလူတွေက သူတို့ရဲ့ဝေဒနာကို လုံးဝ မရိပ်မိနိုင်သလို ကာယကံရှင်ကိုယ်တိုင်ကလည်း ဒါကို ရောဂါတစ်ခုအဖြစ် လက်မခံဘဲ အကူအညီတောင်းဖို့ ဝန်လေးနေတတ်တာကြောင့် ဖြစ်တတ်ပါတယ်။
.

  • Smile Depression ကို ဘယ်လိုကျော်ဖြတ်မလဲ။

၁။ အပြုံးမျက်နှာဖုံးကို ခေတ္တချွတ်ထားပါ။
မပြုံးချင်တဲ့အခါ အတင်းအကျပ် ဟန်ဆောင်မပြုံးပါနဲ့။ ဝမ်းနည်းပူဆွေးပိုင်ခွင့်၊ စိတ်ဓာတ်ကျပိုင်ခွင့်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။

၂။ ယုံကြည်ရသူတစ်ဦးထံ ရင်ဖွင့်ပါ။
ကိုယ့်ကို နားလည်ပေးနိုင်မယ့် မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် သင့်ကို ဆုံးဖြတ်ချက်မချဘဲ နားထောင်ပေးမယ့်သူတစ်ယောက်ကို သင့်ရဲ့ စိတ်ခံစားချက်အမှန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။

၃။ စိတ်ကျန်းမာရေး ကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ။
ဒီလို ခံစားရတာဟာ သင့်ရဲ့ စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်ပါဘူး။ ကုသလို့ရတဲ့ အခြေအနေတစ်ခု ဖြစ်တာကြောင့် စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ အချိန်မီ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

အမြဲတမ်း အဆင်ပြေနေဖို့ မလိုပါဘူး။ “ငါ အဆင်မပြေဘူး” လို့ ဝန်ခံလိုက်ခြင်းဟာ အားနည်းတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ကူညီဖို့ သတ္တိရှိကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

အပြုံးတွေနောက်က ပုန်းကွယ်နေတဲ့ စိတ်ပင်ပန်းမှုတွေကို ကြိတ်မှိတ်မခံစားပါနဲ့တော့။ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ တယ်လီကျန်းမာရှိနေပါတယ်ရှင်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here