❌ အယူအဆလွဲ >>> ကြက်ဥအနှစ်မှာ အဆီနဲ့ ကိုလက်စထရော (Cholesterol) ဓာတ်တွေ များတာကြောင့် နှလုံးကျန်းမာရေးအတွက် မကောင်းဘူး။ ဒါကြောင့် ကြက်ဥစားရင် အကာပဲ စားရမယ်။
☑️ အမှန် >>> ကြက်ဥအနှစ်မှာ ကိုလက်စထရော ပါတာမှန်ပေမယ့် အဲဒီကိုလက်စထရောဟာ သွေးထဲက ကိုလက်စထရောပမာဏအပေါ် သက်ရောက်မှု အလွန်နည်းပါတယ်။
တကယ်တော့ ကြက်ဥအနှစ်ဟာ ဗီတာမင် A, D, E, B12 နဲ့ Omega-3 Fatty acids တို့လို ခန္ဓာကိုယ်အတွက် အဖိုးတန်တဲ့ အာဟာရဓာတ်တွေ စုဝေးရာနေရာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ တစ်လုံးကနေ နှစ်လုံးအထိ အနှစ်ရော အကာပါ စားသုံးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မတိုးစေနိုင်ပါ။
ဒါ့အပြင် ကြက်ဥ စားပေးခြင်းဟာ ဦးနှောက်နဲ့ မျက်စိကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

