❌ အယူအဆလွဲ >>> မြွေကိုက်ခံရတာ ဒါမှမဟုတ် အဆိပ်ရှိတဲ့သတ္တဝါ အကိုက်ခံရတဲ့ကိစ္စတွေမှာ အဆိပ်တွေ နှလုံးဆီကိုမရောက်အောင် ဒဏ်ရာရဲ့အပေါ်နားကနေ ကြိုးတွေ၊ အဝတ်တွေနဲ့ သွေးလှည့်ပတ်မှု လုံးဝ ရပ်တန့်သွားသည်အထိ ကျပ်တည်းအောင် စည်းနှောင် (Tourniquet) တတ်ကြပါတယ်။
☑️ အမှန် >>> ကြိုးကို တင်းကျပ်လွန်းအောင် စည်းလိုက်တဲ့အခါ အဆိပ်ကို တားဆီးနိုင်တာထက် အဲဒီအင်္ဂါအစိတ်အပိုင်း (ဥပမာ – လက် သို့မဟုတ် ခြေထောက်) ဆီကို သွားမယ့် သွေးလှည့်ပတ်မှုစနစ်တစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်သလို ဖြစ်သွားပါတယ်။ သွေးမရောက်တော့တဲ့အတွက် ဆဲလ်တွေ သေဆုံးကုန်ပြီး အသားပုပ်တာ (Gangrene) တွေဖြစ်ကာ ဆေးရုံရောက်တဲ့အခါ ခြေလက်တွေကို ဖြတ်ပစ်ရတဲ့အထိ အခြေအနေ ပိုဆိုးသွားတတ်ပါတယ်။
ခေတ်မီ ဆေးပညာလမ်းညွှန်ချက်များအရ မြွေကိုက်ခံရပါက ဒဏ်ရာကို ကျပ်တည်းအောင်စည်းခြင်း လုံးဝမပြုလုပ်ရပါဘူး။ အဓိက လုပ်ရမှာက အဆိပ်တွေ သွေးထဲပိုမပျံ့သွားအောင် လူနာကို လုံးဝ မလှုပ်ရှားစေဘဲ ငြိမ်ငြိမ်ထားခြင်း (Immobilization) နဲ့ ဒဏ်ရာကို နှလုံးအောက် နိမ့်တဲ့အနေအထားမှာထားပြီး ဆေးရုံကို အမြန်ဆုံးပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
ဒဏ်ရာကို ဓားနဲ့ခွဲတာ၊ ပါးစပ်နဲ့ စုပ်တာတွေကလည်း ပိုးဝင်နိုင်ခြေ ပိုများစေလို့ လုံးဝ ရှောင်ကြဉ်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ 🙏
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

