ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ
ဘာအကြောင်းရင်းတွေက ဒီလမ်းထဲကို တွန်းပို့ခဲ့တာလဲ…
ကျွန်မ သေချာ စဉ်းစားလို့မရပါ။

သတိထားမိတဲ့ မနက်ခင်းတွေက သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ။ နိုးလာတာနဲ့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ဇယားတွေက ခေါင်းထဲမှာ အစီအရီ။

သတိမထားမိဘဲ သက်ပြင်းတွေ ခဏခဏ ရှိုက်မိနေတတ်တယ်။ ထမင်းစား ရေသောက်လုပ်ရတာကိုက တာဝန်တစ်ခုလို ဖြစ်လာတယ်။ ချစ်ရတဲ့ အပင်လေးတွေကို ရေလောင်းဖို့တောင် စိတ်မပါတော့ဘူး။ အရင်က စွဲစွဲလမ်းလမ်းကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း အခုတော့ အဓိပ္ပါယ်မဲ့လို့။ မပျော်ရွှင်မှုတွေက ရင်ဘတ်ထဲကို အတင်းတိုးဝင်လာတယ်။

ဘာမှ အပင်ပန်းမခံရပါဘဲ လူက နုံးချိနေတတ်တယ်။ အိပ်ပျော်တယ်ဆိုပေမယ့်လည်း နိုးလာရင် လူက မလန်းဆန်းဘူး။ တစ်ခုခုကို ထမ်းပိုးထားရသလို ကျောပြင်တစ်ခုလုံးက လေးလံနေတယ်။

စိတ်တိုလွယ်လာတယ်။ ဝမ်းနည်းလွယ်လာတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း အကြောင်းပြချက်မရှိဘဲ မျက်ရည်တွေ ကျလာတယ်။

ထပ်တူကျနေတဲ့ နိစ္စဓူဝကိစ္စတွေကြားမှာ ကျွန်မ အပြင်လောကနဲ့ ဝေးကွာလာသလိုပဲ။

လူတွေက ကျွန်မနဲ့ မဆိုင်တာလား
ကျွန်မကပဲ လူတွေနဲ့ မဆိုင်တော့တာလား… မဝေခွဲတတ်တော့ဘူး။

ကျွန်မ အကူအညီ လိုအပ်နေတယ်။
ဒါပေမယ့် ကျွန်မရဲ့ အော်ဟစ်သံတွေက သူတို့မကြားနိုင်တဲ့ အကွာအဝေးတစ်ခုမှာ ဖြစ်နေမလားပဲ။

ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ
ဘာအကြောင်းရင်းတွေက ဒီလမ်းထဲကို တွန်းပို့ခဲ့တာလဲ…
အခုထိတော့ ကျွန်မ စဉ်းစားမရသေးပါ။

ရွယ်
မတ် ၂၀၂၆

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here