ရာသီဥတုကတော့ မိုးဘက်ကို မကြာခင်ရောက်လာမှာဆိုတော့ မိုးရာသီမှာ သတိထားရမယ့် ကျန်းမာရေး အကြံပြုချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

မိုးရာသီမှာ ရေနဲ့ပတ်သက်ပြီး မိုးရွာ၊ မီးပျက်၊ ရေပြတ် ဖြစ်တတ်ကာ မြောင်းစီးရေတွေကနေတစ်ဆင့် ဝမ်းပျက်ဝမ်းလျှော ပိုးမွှားတွေကြောင့် ဖျားနာတာမျိုး ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ရေကို ကျိုချက်ပြီးမှ သောက်ပါ။ ရေညစ်ညမ်းမှု ကာကွယ်ဖို့ရော၊ ခြင်ဥလာချမှာစိုးလို့ရော ရေပုံးတွေကို အဖုံးသေချာအုပ်ထားပါ။ မိမိနားတစ်ဝိုက်မှာ ရေစီးရေလာကောင်းအောင် ကြိုတင်လုပ်ဆောင်ထားပါ။

မိုးတစိုစိုပေမယ့်လည်း လက်ခဏခဏ ဆေးဖို့မမေ့ပါနဲ့။ အထူးသဖြင့် အိမ်သာမှအထွက်နဲ့ အစာမစားခင်မှာပါ။ သရက်သီးမှည့်ပေါချိန်ဆို ယင်ကောင်မောင်းမနိုင်တာမို့ ဘယ်အစားအစာမဆို သေချာအုပ်ဆောင်းနဲ့ အုပ်ဖို့ သတိပြုပါနော်။ နှာစေးချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော အဖြစ်များတတ်ပါတယ်။ အအိပ်အစားမှန်အောင်၊ ကိုယ်ခံအားကောင်းအောင် မိမိကိုယ်မိမိ စောင့်ရှောက်ပါ။

ခြင်ကတော့ မပြောချင်တော့ပါဘူး။ ဒါပေမယ့် နိုင်သလောက်လေး ဝိုင်းတွန်းကြစို့။ ပိုးလောက်လန်းတွေ မပေါက်အောင် ရေပုံးထဲ၊ ကန်ထဲ အဘိတ် (Abate) ခတ်တာမျိုးလုပ်ပါ။ အဘိတ်ကို နီးစပ်ရာ ကျန်းမာရေးစင်တာတွေမှာ မေးကြည့်စုံစမ်းပြီး ရနိုင်ပါတယ်။ အိပ်တာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် ခြင်ကိုက်ခံရနိုင်ခြေများရင် နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် ခြင်ထောင်ကို အသုံးပြုပါ။

အခန်းကို လေဝင်လေထွက်ကောင်းအောင် ထားပါ။ အလင်းရောင်ကောင်းစွာ ဝင်အောင် ထားပါ။ မိုးမိသွားရင်လည်း စိုစိစိုစိနဲ့ အကြာကြီးမနေဘဲ သေချာသုတ်၊ အဝတ်အစားလဲပြီး နွေးနွေးထွေးထွေးနေပါ။ ရေနွေးကြမ်းလေး သောက်ရင်းပေါ့။

နှာမစေး၊ ချောင်းမဆိုးဘဲ အပူကြီးရုံကြီးတဲ့သူဆို အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေး သတိပြုပါ။ မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေး မထိုးပါနဲ့။ ဓာတ်ဆားများများသောက်၊ အရည်များများသောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။

မိုးရေထဲကိုသွားမယ်ဆိုရင် ထီး၊ မိုးကာနဲ့ လိုအပ်ရင် ဘွတ်ဖိနပ်စီးတာမျိုး လုပ်ပါ။ အပူကြီးပြီး မိုးသည်းတာမျိုး ရာသီဥတု အပြောင်းအလဲဆိုရင် မြွေတွေ အပြောင်းအရွှေ့ လုပ်တာမျိုး တွေ့ရတတ်တာမို့ မြွေဆိုးအန္တရာယ် သတိပြုပါ။ ဘယ်အရာမဆို မျက်စိနဲ့ အရင်ကြည့်ပြီးမှ လက်နဲ့ကိုင်တာ၊ ခြေလှမ်းတာမျိုး လုပ်ပါ။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here