အလွဲ ❌ ကလေး ဝက်သက် (Measles) ပေါက်လျှင် ရောဂါကို ပိုမဆိုးစေရန်အတွက် ရေချိုးခြင်း၊ လေထုနှင့် ထိတွေ့ခြင်းနှင့် အချို့သော အစားအစာများကို လုံးဝ ရှောင်ကြဉ်ရမည်။
အမှန် ✅ ဝက်သက်သည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အပူအအေးရှောင်ခြင်း သို့မဟုတ် ရေမချိုးဘဲနေခြင်းဖြင့် ကုသ၍ မရပါ။
ဝက်သက်ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါများသည် အများအားဖြင့် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ လုံလောက်စွာ အနားယူခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်းဖြင့်သာ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးရန် လိုအပ်ပါသည်။
ဝက်သက်ပေါက်စဉ် ရေမချိုးဘဲ အဝတ်အစားများ မလဲလှယ်ဘဲနေပါက အရေပြားသန့်ရှင်းမှုကို ထိခိုက်စေပြီး အခြားပိုးဝင်မှုများ (Secondary Infection) ကို ဖြစ်စေနိုင်ပါသည်။
လူနာကို သက်တောင့်သက်သာ ရှိစေရန်အတွက် ရေနွေးနွေးဖြင့် အမြန်ရေချိုးပေးခြင်း သို့မဟုတ် ရေပတ်ဝတ် တိုက်ပေးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းစေပြီး ကိုယ်ပူကျစေရန်ပင် အထောက်အကူပြုပါသည်။
ကလေးများတွင် ဝက်သက်ပေါက်ပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူခြင်းနှင့် အာဟာရ ပြည့်စုံစွာစားစေခြင်း၊ ကောင်းစွာအနားယူခြင်းက ပိုအရေးကြီးပါသည်…။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

