အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။

အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။

ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။

အဓိကအကြောင်းအရင်းများမှာ

  • မျိုးရိုးဗီဇ (Gene)
    မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။
  • ခန္ဓာကိုယ်အလေးချိန်
    အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။
  • လူနေမှုပုံစံ
    ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။
    .

သကြားဓာတ်များသော အစားအစာများ (အချိုရည်၊ အချိုပွဲ) ကို မကြာခဏ အလွန်အကျွံ စားသုံးခြင်းသည် ကိုယ်အလေးချိန်တက်စေပြီး အင်ဆူလင် ခုခံအားကို ဖြစ်ပေါ်စေသောကြောင့် ဆီးချိုရောဂါ (အမျိုးအစား-၂) ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။

သို့သော် ရောဂါဖြစ်ပွားခြင်းသည် သကြားတစ်မျိုးတည်းကြောင့် မဟုတ်ဘဲ ကာဗိုဟိုက်ဒရိတ်နှင့် ခန္ဓာကိုယ်၏ အင်ဆူလင်ဟော်မုန်းကို စနစ်တကျ မသုံးနိုင်ခြင်း သို့မဟုတ် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း (ဇီဝကမ္မချို့ယွင်းမှု) ကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ကို လျှော့ချစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများကို စားသုံးခြင်းဖြင့်သာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါလိမ့်မည်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here