အလွဲ >>> တစ်နေ့ကို ရေ ဖန်ခွက် ၈ ခွက် အတိအကျ သောက်ရမယ်။
အမှန် >>> လူတစ်ဦးချင်းစီအလိုက် လိုအပ်တဲ့ ရေပမာဏဟာ ကိုယ်အလေးချိန်၊ ရာသီဥတု၊ လှုပ်ရှားမှုပမာဏတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွာခြားပါတယ်။
မိမိတို့ကိုယ်ခန္ဓာဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပေမယ့့် တိကျတဲ့ပမာဏကို လိုက်နာနေစရာတော့ မလိုပါဘူး။
ရေဆာတဲ့အခါ သောက်ပေးဖို့နဲ့ ဆီးအရောင်ဖျော့နေဖို့ ဒါမှမဟုတ် ဆီးအရောင်က အရောင်မဲ့နေဖို့က ပိုအရေးကြီးပါတယ်။
ဒါကြောင့် ရေဓာတ်ပြည့်ဝဖို့ဆိုရင် ရေ ၈ ဖန်ခွက်ကို အတိအကျ ရေတွက်နေစရာမလိုဘဲ ရေဆာတဲ့အခါ သောက်ပေးမယ်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို မျှတအောင် စားပေးမယ်၊ မိမိရဲ့ ဆီးအရောင်ကို စောင့်ကြည့်မယ် စတာတွေကသာ မှန်ကန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.