လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။
သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
…
…
▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က ပုံမှန်ရှိသင့်တဲ့ ပမာဏထက် ကျဆင်းသွားတာမျိုး ဖြစ်ပါတယ်။
.
◼️ ဘယ်လိုလူတွေမှာ ဖြစ်တာလဲ
🔺ဆီးချိုရှိတဲ့သူ
ဟုတ်ပါတယ်၊ ဆီးချိုရောဂါ ကုသမှုခံနေရသူက ဆီးချိုကျဆေး အလွန်အမင်း သောက်မိတဲ့အခါ၊ Insulin ထိုးဆေးထိုးတဲ့သူဆိုရင်လည်း လိုတာထက် ပိုထိုးမိတဲ့အခါတွေမှာ၊ ဆေးထိုးပြီးနောက် အစားကိုပုံမှန်မစားဖြစ်တာဆိုရင် သကြားဓာတ်က ကျသင့်တာထက် ပိုကျပြီးတော့ Hypoglycemia ဖြစ်တတ်ပါတယ်။
.
🔺ဆေးဝါတချို့သောက်သုံးနေရသူတွ (တချို့သော ဆေးဝါးတွေက သကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေပါတယ်)
🔺ဟော်မုန်းအပြောင်းအလဲ မမှန်တဲ့သူတွေ/ ချို့တဲ့သူတွေ
🔺အသည်း၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါရှိတဲ့သူတွေ
🔺အရက်ကို အလွန်အကျွံသောက်တဲ့သူတွေ
🔺အစား ပုံမှန်မစားသူတွေ၊ ဝိတ်အလွန်အကျွံချတဲ့သူတွေ၊ အခု ခေတ်စားနေတဲ့ Fasting diet သမားတွေ အချိန်ကြာကြာ အစာမစားခြင်း လုပ်တာမျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။
…
…
◼️ဘာတွေ ခံစားရမှာလဲ
🔺နှလုံးခုန်နှုန်း မြန်လာပြီး ချွေးတွေ အများကြီး ထွက်လာမယ်။
🔺ကြွက်သားအားနည်းလာပြီး အလွယ်တကူ မောပန်းလာမယ်။
🔺ဖြူဖတ်ဖြူရော် ဖြစ်လာမယ်။
🔺လူကလည်း ကတုန်ကယင်ဖြစ်လာပြီး ဂဏှာမငြိမ်ဖြစ်လာမယ်။
🔺ဗိုက်ခဏခဏဆာမယ်။
🔺အာရုံစူးစိုက်လို့မရတာ၊ စိတ်ဆတ်တာ၊ မူးဝေတာတွေ၊ ညဘက် အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။
🔺ဒါ့အပြင် သကြားဓာတ် ရုတ်တရက် ထိုးကျတဲ့အခါ shock ရပြီး သတိလစ်တာ၊ သတိမေ့တာအပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တာမို့လို့ မပေါ့ဆသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
…
…
◼️ချက်ချင်းကုသလို့ရတဲ့ နည်းတွေကတော့
🔺အထက်ပါ လက္ခဏာတွေ ဖြစ်လာပြီ၊ ခေါင်းမူးတာတွေ ဖြစ်လာပြီဆိုရင် ဂလူးကို့စ်မှုန့် ဖျော်သောက်တာမျိုး၊ အချိုရည်တစ်ခုခု သောက်လိုက်တာမျိုး လုပ်သင့်ပြီး ခဏတစ်ဖြုတ် အနားယူသင့်ပါတယ်။ မသက်သာရင်တော့ နီးစပ်ရာဆေးခန်းသွားရောက်ပြီး ကုသတာမျိုး လုပ်သင့်ပါတယ်။
.
◼️ဘယ်လိုကာကွယ်ရမလဲ ဆိုတာကတော့
🔺သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ပေးပါ။ (အခုဆိုရင် ဆေးဆိုင်၊ ဆေးခန်းတွေမှာ အလွယ်တကူ စစ်လို့ရပါတယ်)
🔺အစားအသောက် ပုံမှန်စားသောက်ပေးပါ။ Diet လုပ်နေသူ၊ ဝိတ်ချနေသူဆိုရင်လည်း အလွန်အကျွံ ချတာမျိုး မလုပ်သင့်ဘဲ ထိန်းသိမ်းပြီး ချသင့်ပါတယ်။
🔺ဆီးချိုဆေးသောက်နေရသူဆိုရင်လည်း ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးပေးပါ။ ရက်ချိန်းမှန်မှန်ပြပါ။ သွေးတွင်းသကြားဓာတ်ကို ညွှန်ကြားတဲ့အတိုင်း စစ်ဆေး၊ မှတ်တမ်းယူထားပြီး ဆေးချိန်ညှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ….။
Ref: 📚
https:// www. mayoclinic. org / diseases-conditions/hypoglycemia/ symptoms-causes/ syc-20373685#:~:text=Hypoglycemia%20is%20a%20condition%20in,who%20don’t%20have%20diabetes.
www. metropolis / Hypoglycemia / health
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.