See our latest stories

written by our lovely staff members

မနက်ခင်း မျက်နှာသစ်ချိန် နှာချေရခြင်းအကြောင်း

မနက် မျက်နှာသစ်ချိန် နှာချေတဲ့အကြောင်း လူနာလေးတစ်ယောက် မေးထားတာတွေ့လို့ သဘောကျလို့ပါ။ ကျွန်တော့်ဦးလေးလည်း မနက်ဆို မျက်နှာသစ်ချိန်မှာ နှာချေရော။ သူ နှာချေတာက အကြောင်းမဟုတ်ဘူး။ အကျယ်ကြီးချေတာဆိုတော့ တစ်အိမ်လုံး နိုးပါရောလား။ သူက စောစောထတတ်သူဆိုတော့ အိပ်ပုတ်တဲ့ ကျွန်တော့်အတွက်တော့ ခက်နေတော့တာပေါ့ဗျာ။ ကဲကဲ ထား‌ပါတော့။ ကျွန်တော့်ဦးလေးကလည်း မေးတာပေါ့နော်။...

ပျက်ကွက်ခြင်းမှ ရရှိသော ပျော်ရွှင်မှု The Joy of Missing Out – JOMO

သူများတွေ အပြင်သွားတိုင်း၊ ခရီးသွားတိုင်း ဒါမှမဟုတ် Social Media မှာ Trend တစ်ခုခုဖြစ်တိုင်း ကိုယ်မပါရင် နောက်ကျကျန်ရစ်ခဲ့ပြီဆိုတဲ့ စိုးရိမ်စိတ် (FOMO - Fear of Missing Out) ကို လူတိုင်း ခံစားဖူးကြမှာပါ။ ဒီစိုးရိမ်စိတ်ကို ကျန်းမာရေးနဲ့ညီညွတ်စွာ တန်ပြန်နိုင်တဲ့...

လူနာကို ပြုစုနေတဲ့သူကိုရော…..ဘယ်သူက ဂရုစိုက်ပေးသလဲ

မိသားစုထဲမှာဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်ဖြစ်ဖြစ် နေမကောင်းဖြစ်လာပြီဆိုရင် လူအများရဲ့အာရုံက လူနာဆီကိုပဲ ရောက်သွားကြတာ သဘာဝပါပဲ။ "ဆေးသောက်ပြီးပြီလား""အစာ စားဝင်ရဲ့လား""နာကျင်တာ သက်သာရဲ့လား" စသဖြင့်ပေါ့။ ဒါပေမယ့် လူနာရဲ့ဘေးမှာ နေ့ရောညပါ အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့သူဆီ ခဏလောက်သွားပြီး ဒီမေးခွန်းလေးကို မေးဖြစ်တဲ့သူ ဘယ်နှယောက်များ ရှိပါသလဲ။ "မင်းရော နေကောင်းရဲ့လား""အနားရော ယူဖြစ်ရဲ့လား" လို့ပေါ့။⚪️ Caregiver Burnout ဆိုတာ ဘာလဲ။ လူနာကို...

စာနာမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း Compassion Fatigue

မိသားစုထဲမှာ နာတာရှည်ဖျားနာနေသူကို ပြုစုပေးရတဲ့အခါ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေရဲ့ ရင်ဖွင့်သံတွေကို အမြဲနားထောင်ပေးရတဲ့အခါ သင့်အနေနဲ့ ရုတ်တရက် စိတ်တွေ လေလွင့်လာတာ၊ ဒေါသထွက်လွယ်လာတာမျိုး ကြုံဖူးပါသလား။ ဒါဟာ သင်က လူဆိုးတစ်ယောက် ဖြစ်သွားလို့ မဟုတ်ပါဘူး။ ဆေးပညာအရ "Compassion Fatigue" (စာနာမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)...

ကိုယ်ကြားနေရတဲ့အသံက ကိုယ့်အသံအစစ် ဟုတ်ရဲ့လား

ခင်ဗျားတို့ သူငယ်ချင်းဆီကို Messenger ကနေ Voice Message ပို့ပြီးတိုင်း ကိုယ့်အသံကိုယ် ပြန်နားထောင်ကြည့်ဖူးလား။ နားထောင်ကြည့်လိုက်တိုင်း "ဟာ... ငါ့အသံက ဒီလိုမျိုးကြီးလား၊ အသံသေး အသံကြောင်နဲ့" ဆိုပြီး ရှက်ရှက်နဲ့ ဖျက်ပစ်လိုက် ဒီထက်ပိုပြီး နားထောင်ကောင်းအောင် ပြန်သွင်းလိုက်နဲ့ အလုပ်ရှုပ်ရတဲ့ အဖြစ်မျိုး ကြုံဖူးသူတွေရော ရှိကြမလား။...

အလာ့ဂျစ် ဒိုင်ယာရီ

အလာ့ဂျစ် ဖြစ်ဖူးကြတယ်ဟုတ်။ အင်ပြင်တွေထ၊ အဖုတွေထွက်လာ၊ တစ်ကိုယ်လုံး ယားယံလာပြီး ရှိန်းတိန်းဖိန်းတိန်း ဖြစ်တာမျိုးလေ။ အဲဒီအခါကျရင် ဘာလုပ်ကြလဲ။ တမာရွက်ပြုတ်ရည် ချိုးဖူးလား၊ ထုံးတို့ဖူးလား၊ စီထရစ်ဇင်း သောက်ဖူးလား၊ ဘာမီတွန်ကို သနပ်ခါးကျောက်ပျဉ်နဲ့ ကြိတ်ပြီး လိမ်းဖူးလား။ အတော်ရင်းနှီးမယ် ထင်တယ်နော်။ ထားပါတော့လေ။ အဲဒီလို အလာ့ဂျစ်ဖြစ်တာကို ဓာတ်မတည့်လို့ဖြစ်တာမှန်း သိကြမှာပဲ။...

အရှိန်လျှော့ခြင်း၏ အလှတရား

တစ်ရက်မှာ (၂၄) နာရီဆိုတဲ့ အချိန်ဟာ ဘယ်တုန်းကစပြီး ကျွန်တော်တို့အတွက် မလောက်မငှ ဖြစ်သွားခဲ့တာလဲ။ ကျွန်တော်တို့ ရှင်သန်နေတဲ့ လက်ရှိခေတ်ကြီးမှာ "Busyness" ဆိုတဲ့ "အမြဲအလုပ်များနေခြင်း" ဆိုတာကို အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုလို ပုံဖော်ထားကြပါတယ်။ အလုပ်တွေကို တစ်ခုပြီးတစ်ခု လက်မလည်နိုင်အောင် လုပ်နေရတာကိုပဲ ညည်းတွားသလိုလိုနဲ့ ဂုဏ်ယူနေကြပါတယ်။ စားသုတ်သုတ်၊...

ကော်ဖီသောက်လို့ အရိုးပွတယ်ဆိုတဲ့ သုတေသနကို မစိုးရိမ်စေဖို့

သတင်းဌာနကြီးတစ်ခုရဲ့ ပြူးတူးပြဲတဲ သတင်းခေါင်းစဥ်နဲ့ ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို တွေ့မိတော့ ဆရာဝန်တစ်ယောက်အနေနဲ့ အံ့သြမှင်တက် ဖြစ်ရပါတယ်။ သတင်းကို အလွယ်ဖတ်သူတွေအနေနဲ့ အထင်မှားစေနိုင်တာမို့ပါ။ ဘာရေးထားတာလည်းဆိုတော့ “ကော်ဖီအသောက်လွန်ပါက အရိုးများအားနည်းစေနိုင်ကြောင်း တွေ့ရှိရ”တဲ့။ ကော်ဖီအသောက်လွန်ဆိုတာ "တစ်နေ့ ၅ ခွက်အထက်သောက်မှ" လို့ ဆိုလိုချင်တာပါဆိုပြီး ဆောင်းပါးထဲရေးထားပါတယ်။ ဒါကြောင့် ကိုယ်က တစ်နေ့ ၅...