See our latest stories

written by our lovely staff members

ပိတ်လို့မရတဲ့ ဦးနှောက်ထဲက ရေဒီယို

"ပိတ်လို့မရတဲ့ ဦးနှောက်ထဲက ရေဒီယို" ခင်ဗျားတို့ သေချာအာရုံစိုက်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်နေတဲဲ့ အချိန်မျိုးကျမှ ရုတ်တရက်ကြီး ခေါင်းထဲမှာ မနက်က ကားပေါ်မှာ ကြားခဲ့တဲ့ သီချင်းတစ်ပိုဒ် ဒါမှမဟုတ် Facebook ပွတ်ရင်း ကြားလိုက်တဲ့ ၁၅ စက္ကန့်စာ သီချင်းအပိုဒ်လေး တစ်ခုက ရောက်လာတယ်။ "အာဘဲဟချ်...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> သစ်သီးကို ဖျော်ရည်လုပ်သောက်တာက ပိုပြီးသောက်ရလွယ်သလို အာဟာရဓာတ်ရတာလည်း အတူတူပဲ။ ☑️ အမှန် >>> သစ်သီးကို အရည်စစ်ထုတ်ပြီး ဖျော်ရည်လုပ်လိုက်တဲ့အခါ အစာခြေစနစ်နဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အမျှင်ဓာတ် (Fiber) တွေ အကုန်လုံးနီးပါး ဆုံးရှုံးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ထဲမှာ ကျန်ခဲ့တဲ့ သကြားဓာတ်ဟာ...

ထမင်းစားပြီးရေချိုးတဲ့အခါ

ရှေးလူကြီးတွေ ပြောတာ ကြားဖူးမှာပေါ့ "ဟဲ့ ကောင်လေး… ထမင်းစားပြီးပြီးချင်း ရေမချိုးနဲ့။ ရေဖျဉ်းစွဲလိမ့်မယ်" ဆိုတာလေ။ ငယ်ငယ်ကတော့ ဘာမှန်းမသိဘဲ ကြောက်ကြောက်နဲ့ နားထောင်ခဲ့ရတာပဲ။ ရေဖျဥ်းစွဲပြီး သေထားတဲ့ အရက်သမားကြီးကလည်း ရွာထဲမှာရှိတာကိုး။ နည်းနည်လေး စဉ်းစားတတ်တဲ့၊ ပြန်ပြောချင်တဲ့ အရွယ်လည်းရောက်လာရော ထမင်းစားပြီး ရေချိုးတာနဲ့ ဗိုက်ထဲရေဝင်ပြီး ရေဖျဉ်းစွဲတာနဲ့က...

လူနာရဲ့ပါးစပ်ထဲ မှန်ကန်တဲ့ ဆေးတစ်လုံး ဝင်သွားဖို့ဆိုတာ…

“လူနာရဲ့ပါးစပ်ထဲ မှန်ကန်တဲ့ ဆေးတစ်လုံး ဝင်သွားဖို့ဆိုတာ…” ပုံမှန်ဆိုရင်တော့ ဆေးရုံဆေးခန်းသွားပြရင် ဆရာဝန်က ဆေးခန်းစာအုပ်ထဲမှာ ဆေးတွေကို တန်းစီရေးပေးလိုက်တော့တာပဲ။ ဒါပေမယ့် အဲဒီဆရာဝန်ဆေးတွေဟာ လူနာရဲ့ပါးစပ်ထဲ တိတိကျကျ မှန်မှန်ကန်ကန်ဝင်သွားဖို့ဆိုတာ ထင်သလောက်မလွယ်နေပါဘူး။ ပထမဆုံးအနေနဲ့ ဆရာဝန်ရဲ့လက်ရေးနဲ့ ဆေးစာဟာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ဖြစ်နေရမယ်။ ဆရာဝန်လက်ရေးဆိုပြီး မဖတ်တတ်အောင် ရေးလေလေ ဆေးကောင်တာဟာ...

ကလေးများတွင် ဖြစ်တတ်သော (Abdominal Migraine) အကြောင်း သိကောင်းစရာ

“ကသိသရဒိုဆို (ကသံၣ်သရံၣ်ဒိၣ်စိ) - (ဆရာဝန်) ရေ၊ အိမ်က ဖိုးခွားက ဗိုက်အောင့်တယ်ပြောပြန်ပြီ။ ဒီကောင်လေးဟာလေ ကျောင်းပြေးချင်ရင် ဗိုက်အောင့်တယ် ခဏခဏပြောတော့တာပဲ။” ပြောပြောဆိုဆို နော်ဘွေဖော ကျွန်တော့်ရဲ့ ဆေးရုံမမည်၊ ဆေးခန်းမမည် တဲကလေးထဲ ရောက်ချလာပါတယ်။ "အဲ.. အဲ.. နေပါဦးကွယ်။ ဘာဖြစ်တာလဲ။ ကလေးက တကယ်ဗိုက်အောင့်တာလည်း ဖြစ်နေပါဦးမယ်။...

ပတ်ဝန်းကျင်က ဘဝင်စိတ်များရဲ့ နောက်ကွယ်မှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေသလား

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြင့်တက်ရင် ခေါင်းမူးပြီး ကြောက်တတ်တဲ့ အမြင့်ကြောက်ရောဂါ အကြောင်းကိုတော့ လူတိုင်းလိုလို ကြားဖူးထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့့် လူမှုအသိုက်အဝန်းထဲမှာ အသံတိတ် ဖြစ်ပေါ်နေပြီး လူသိနည်းသေးတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ "အခြေအနေနိမ့်မှာကို ကြောက်ရွံ့တဲ့စိတ်" ပါပဲ။ နိမ့်ပါးမှာ ကြောက်တဲ့စိတ်ပေါ့။ အပြင်ပန်းမှာတော့ ဒါကို ဘဝင်မြင့်တာ၊...

လူဝီဘော်ဒီ (Lewy Bodies) သတိမေ့ရောဂါနှင့် ထူးဆန်းသော လက္ခဏာများ

လူဝီဘော်ဒီ (Lewy Bodies) သတိမေ့ရောဂါနှင့် ထူးဆန်းသော လက္ခဏာများ ဒီတစ်ခေါက်မှာတော့ ရှေ့ကတင်ပြခဲ့တဲ့ သတိမေ့ရောဂါတွေနဲ့မတူဘဲ နည်းနည်း ထူးထူးဆန်းဆန်းဖြစ်တဲ့ စိတ်ရောဂါလိုလို၊ လေဖြတ်ချင်သလိုလိုနဲ့ လက္ခဏာချင်း အလွန်ရောထွေးတတ်တဲ့ "လူဝီဘော်ဒီ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ" (Dementia with Lewy Bodies - DLB) အကြောင်းကို တင်ပြပေးသွားမှာ...

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ

အိပ်မက်တွေကို ရောင်းစားနေတာလား။ မိတ်ဆွေ…အခု ဒီစာကို ဖတ်နေတဲ့အချိန်မှာ သင့်မျက်လုံးတွေ လေးလံနေသလား။ "ကော်ဖီသောက်လိုက်ရင် ရသွားမှာပါ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ညာနေမိသလား။ ခေတ်လူငယ်တွေကြားမှာ "ညဘက် မအိပ်တာက အလုပ်ကြိုးစားခြင်းရဲ့ ပြယုဂ်" လို ဖြစ်လာပါတယ်။ "ငါမအိပ်ဘဲ စာလုပ်တယ်။ ငါမအိပ်ဘဲ အလုပ်လုပ်တယ်" ဆိုတာကို ဂုဏ်ယူစရာလို ပြောတတ်ကြတယ်။ ဒါမှမဟုတ် တချို့ကျတော့...