See our latest stories

written by our lovely staff members

စာသင်ခန်းထဲက ဟော်မုန်းများ

စာမေးပွဲဖြေခါနီးဖြစ်ဖြစ်၊ ဆရာက ကိုယ့်နာမည်ခေါ် ထခိုင်းပြီး စာမေးတော့မယ့် အချိန်မျိုးမှာဖြစ်ဖြစ် ရင်တွေတုန်၊ လက်ဖဝါးတွေ ချွေးပြန်ပြီး ခေါင်းထဲဗလာဖြစ်သွားဖူးကြလားဗျ။ ဒါမှမဟုတ် ဆရာက ပြုံးပြီး "မင်းအဖြေက မှန်တယ်၊ တော်တယ်" လို့ ချီးကျူးလိုက်တဲ့အခါမျိုးမှာရော လူက ဘာကြောင့် ချက်ချင်းတက်ကြွပြီး ပျော်သွားရတာလဲ။ ဒါတွေအားလုံးဟာ စာသင်ခန်းထဲမှာ ကျွန်တော်တို့မမြင်ရဘဲ...

အကျင့်ဆိုးတွေကို ဖြတ်ဖို ကြိုးစားတဲ့အခါ

"အကျင့်ဆိုးတွေကို ဖြတ်ဖို့ ကြိုးစားတဲ့အခါ" စွဲလမ်းနေတဲ့ အကျင့်တစ်ခုကို ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာ တစ်သက်လုံး အတူနေလာတဲ့ ခင်မင်ရသူတစ်ယောက်ကို ဇွတ်အတင်း လမ်းခွဲရသလိုပဲဗျ။ "ကဲ... ဒီနေ့ကစပြီး ဝိတ်ချပြီ"၊ "သကြားစဖြတ်နေပြီ"၊ " ဒီနေ့ကစပြီး အရက်လျှော့တော့မယ်၊ ဆေးလိပ်လည်း ဖြတ်ပြီ" ဆိုပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ တကယ်လည်း တတ်နိုင်သမျှ ကြိတ်မှိတ်ပြီး...

ဆုတစ်ခုတောင်းဖို့တောင် လမ်းပျောက်နေတဲ့အခါ

ဆုတစ်ခုတောင်းဖို့တောင် လမ်းပျောက်နေတဲ့အခါ "ဆုတစ်ခု ပေးမယ်၊ ကြိုက်တာတောင်း" လို့ တစ်ယောက်ယောက်က လာပြောရင် ဘယ်ဆုကို အရင် စတောင်းရမလဲ။ ခဏတော့ ခေါင်းထဲ တွေဝေနေမိမှာ သေချာတယ်။တကယ်ပါ။ လောဘတွေ မတန်တဆ ကြီးနေလို့လည်း မဟုတ်ဘူး။ ရာထူးတွေ၊ စည်းစိမ်တွေ လိုချင်လွန်းလို့လည်း မဟုတ်ဘူး။ ဘာကို ဆုတောင်းရမှန်း မသိတော့အောင်ကို...

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၁)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...

လူလတ်ပိုင်းတွေမှာ ဖြစ်တတ်တဲ့ အပြုအမူပြောင်းလဲခြင်း (Frontotemporal Dementia)

အရင်က ရိုရိုကျိုးကျိုး အသက် ၅၀ ဝန်းကျင်၊ လူလတ်ပိုင်းအရွယ်တစ်ယောက်က ရုတ်တရက်ကြီး ယဉ်ကျေးမှုမရှိတော့ဘဲ စရိုက်ကြမ်းတမ်းလာတာ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့တာမျိုး ကြုံဖူးပါသလား။ ကျွန်တော်တို့ အများစုက ဒါကို "စိတ်ဖိစီးလို့ စိတ်ပြောင်းသွားတာ" ဒါမှမဟုတ် "အကျင့်စာရိတ္တ ပျက်ပြားသွားတာ" လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ...