သူများတွေ အပြင်သွားတိုင်း၊ ခရီးသွားတိုင်း ဒါမှမဟုတ် Social Media မှာ Trend တစ်ခုခုဖြစ်တိုင်း ကိုယ်မပါရင် နောက်ကျကျန်ရစ်ခဲ့ပြီဆိုတဲ့ စိုးရိမ်စိတ် (FOMO – Fear of Missing Out) ကို လူတိုင်း ခံစားဖူးကြမှာပါ။ ဒီစိုးရိမ်စိတ်ကို ကျန်းမာရေးနဲ့ညီညွတ်စွာ တန်ပြန်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ JOMO (The Joy of Missing Out) ပါပဲ။
.
• JOMO ဆိုတာ ဘာလဲ။
JOMO ဆိုတာ အရာအားလုံးကို သိနေ၊ ပါဝင်နေဖို့ မလိုဘူးဆိုတာကို လက်ခံပြီး ကိုယ်ပိုင်အချိန်လေး (Me Time) ကို တန်ဖိုးထား ပျော်ရွှင်တတ်ခြင်း ဖြစ်ပါတယ်။ အမြဲတမ်း အွန်လိုင်းမှာ ရှိနေရမယ်၊ အရာရာကို လက်လွတ်မခံဘဲ လိုက်လုပ်နေရမယ်ဆိုတဲ့ ဖိအားတွေကနေ ရုန်းထွက်ပြီး ကိုယ့်ရဲ့ စိတ်နှလုံးကို အေးချမ်းမှုပေးနိုင်ပါတယ်။
.
• JOMO က စိတ်ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ။
🍀 စိုးရိမ်ပူပန်မှု လျော့ကျစေခြင်း (Reduced Anxiety)
Social Media မှာ လူတွေရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို အမြဲကြည့်နေရတာက မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်စေပါတယ်။ JOMO ကို ကျင့်သုံးခြင်းဖြင့် အဲဒီ နှိုင်းယှဉ်မှုစက်ကွင်းကနေ ကင်းဝေးစေပါတယ်။
🍀 ကိုယ်ပိုင်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးခြင်း (Energy Recharge)
အများနဲ့ ရောနှောနေရတဲ့ အချိန်တွေထက် ကိုယ့်အတွက် သီးသန့်အချိန်ပေးပြီး စိတ်ကြိုက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းက ဦးနှောက်နဲ့ အာရုံကြောတွေကို အနားယူစေပါတယ်။
🍀 လက်ရှိအချိန်ကို တန်ဖိုးထားတတ်လာခြင်း (Mindfulness)
သူများဘဝကို လိုက်ကြည့်နေမယ့်အစား မိမိရဲ့ လက်ရှိဘဝ၊ မိမိပတ်ဝန်းကျင်နဲ့ ကိုယ်တကယ် ဝါသနာပါတဲ့ အရာတွေဆီမှာ အာရုံစိုက်လာနိုင်ပါတယ်။
.
• လက်တွေ့ဘဝမှာ JOMO ကို ဘယ်လို ကျင့်သုံးမလဲ။
Digital Detox အချိန်သတ်မှတ်ပါ။ တစ်ပတ်ကို အနည်းဆုံး တစ်ရက် (သို့မဟုတ်) နေ့စဉ် ညနေပိုင်းအချိန်အချို့မှာ ဖုန်းကို ခဏချထားပြီး Social Media အသုံးပြုမှုကို လျှော့ချပါ။
“မလုပ်ချင်တာကို” ယဉ်ကျေးစွာ ငြင်းတတ်ပါစေ။
အမှန်တကယ် မသွားချင်တဲ့ အပြင်အဆင်ပွဲတွေ၊ လူစုလူဝေးတွေကို အကြောင်းပြချက်အမျိုးမျိုးပေးပြီး အတင်းလိုက်သွားမယ့်အစား ကိုယ်တကယ် နှစ်သက်တဲ့ အနားယူမှုပုံစံကို ရွေးချယ်ပါ။
လူတွေ ဘာလုပ်နေလဲ၊ ဘယ်သွားနေလဲဆိုတာကို အမြဲလိုက်ကြည့်ပြီး FOMO ဖြစ်နေမယ့်အစား တစ်ခါတလေမှာ လောကကြီးနဲ့ အဆက်အသွယ်ခဏဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့တဲ့ JOMO ရဲ့ အရသာကို ခံစားကြည့်ပါ။ အရာရာတိုင်းမှာ ပါဝင်နေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ငြိမ်းချမ်းရေးနဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးတာဟာ အတ္တဆန်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်ကြောင်း ပြသတာပါပဲ….။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

