See our latest stories

written by our lovely staff members

စိတ်ကျန်းမာရေးကို ထိခိုက်စေသော နေ့စဉ်အလေ့အထများ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါဘာလို့ ပင်ပန်းနေတာလဲ" လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။ အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။... ၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း ည...

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day)

မမြင်ရတဲ့ စိတ်ဒဏ်ရာတွေကို အတူတကွ သက်သာစေဖို့ စိတ်ကျန်းမာရေးကို စနစ်တကျ ဂရုစိုက်ကြစို့ 💚 ယခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ "လူတိုင်းအတွက် ညီမျှသော စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် စိတ်ဖိစီးမှုများကြားမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ရေး" ဆိုသည့်အတိုင်း လူတိုင်း မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမှန်တကယ်...

တော်သေးတာပေါ့ဆိုတဲ့စကားလုံး

"တော်သေးတာပေါ့... ဒီလောက်လေးပဲ ဖြစ်လို့""တော်သေးတာပေါ့... ဒီလောက်နဲ့ ပြီးသွားလို့""တော်သေးတာပေါ့... ဒါလေး ရှိနေသေးလို့" ဒုက္ခတစ်ခုခု၊ ဆုံးရှုံးမှုတစ်ခုခုနဲ့ ကြုံရတဲ့အခါ ဘေးနားကနေ စေတနာနဲ့ လာရောက်နှစ်သိမ့်သူတွေဆီကရော ကိုယ်တိုင်ရဲ့ စိတ်ထဲမှာပါ ဒီစကားကို မကြာခဏ သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီ "တော်သေးတာပေါ့" ဆိုတဲ့ စကားဟာ တကယ်ပဲ ကြားရသူအတွက် သက်သာရာရစေရဲ့လား။...... တချို့အတွက်တော့...

ကလေးတွေကို ပြောတဲ့စကားက သူတိုရဲ့ စိတ်ကျန်းမာရေးကို တည်ဆောက်နေတာလား၊ ဖျက်ဆီးနေတာလား

"ကလေးတွေကို ပြောတဲ့စကားက သူတို့ရဲ့ စိတ်ကျန်းမာရေးကို တည်ဆောက်နေတာလား၊ ဖျက်ဆီးနေတာလား" ကလေးတစ်ယောက်ရဲ့ကမ္ဘာမှာ မိဘနဲ့ လူကြီးတွေရဲ့ စကားသံဟာ ရိုးရှင်းတဲ့ အသံလှိုင်းတစ်ခုပဲ မဟုတ်ပါဘူး။ အဲဒီစကားသံတွေဟာ ကလေးရဲ့ စိတ်အတွင်းထဲမှာ တစ်သက်လုံး စွဲကျန်ရစ်ခဲ့မယ့် အတွင်းစိတ်အသံ (Inner Voice) အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့...

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...

ရောဂါရှာမရ ဖြစ်နေတတ်တဲ့ စိတ်ဖိစီးမှု လက္ခဏာများ

"ရောဂါရှာမရ ဖြစ်နေတတ်တဲ့ စိတ်ဖိစီးမှု လက္ခဏာများ" အောင်မြင်မှုတွေနောက်လိုက်ရင်း ကိုယ့်စိတ်ကို ဘယ်လောက်တောင် ဒုက္ခပေးမိနေပြီလဲဆိုတာ သတိထားမိပါသလား။ ဟောဒီကမ္ဘာကြီးထဲမှာလေ... ကျွန်တော်တို့ဟာ ဘာတွေကို ရှာဖွေချင်လို့ ဒီလောက်တောင် အမောတကော ပြေးလွှားလှုပ်ရှားနေကြရတာလဲ ဆိုတာကို တွေးမိဖူးကြသလား။ သတ္တဝါတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးအတွက်တင်သာမက လူသားတွေဟာ ငွေကြေးဥစ္စာ ပြည့်စုံချင်တာ၊ အောင်မြင်ကျော်ကြားချင်တာ၊ အချစ်ခံချင်တာ၊...