စတီးရွိုက် (steriod) ဆေးများအကြောင်း Corticosteroids (March, 2023)

” လူအများအကျွမ်းတဝင်ရှိသော စတီးရွိုက် (steriod) ဆေးများအကြောင်း “

စတီးရွိုက်ဆေးတွေ (Corticosteroids) ကို အရောင်ကျဆေးအနေနဲ့ အသုံးများပြီး အဆစ်မြစ်ရောင်ရောဂါများနဲ့ လေးဘက်နာရောဂါတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးတွေအဖြစ် အသိများပါတယ်။

???? ကော်တီကိုစတီးရွိုက် (Corticosteroid) ဆိုတာဘာလဲ ?

????ကော်တီကိုစတီးရွိုက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ adrenal gland က ထုတ်ပေးတဲ့ ကော်တီဇောဟော်မုန်း (cortisol) နဲ့ ဆင်တူပါတယ်။ Corticosteroid ဟာ ‘ကျား ဟော်မုန်း’ (သို့) ‘အမျိုးသား ဟော်မုန်း’ လိုမျိုး steroid အမျိုးအစားနဲ့တော့ ကွာခြားပါတယ်။

????လူသုံးများတဲ့ corticosteroid ဆေးတွေကတော့ cortisone, prednisolone and methylprednisolone တို့ဖြစ်ပါတယ်။ အဆစ်ရောင်နာရောဂါများအတွက် အသုံးအများဆုံးဆေးကတော့ Prednisolone ဖြစ်ပါတယ်။
.

**********

???? Steroid ဆေးတွေဟာ ဘယ်လိုပုံစံတွေနဲ့ လာလဲ ?

စတီးရွိုက်ဆေးတွေကို ရောဂါဖြစ်တဲ့နေရာပေါ်လိုက်ပြီး (locally) ပဲ ပေးလို့ရသလို ခန္ဓာကိုယ်အနှံ့သက်ရောက်မှုရှိစေဖို့အတွက် (systematically) လည်း ပေးလို့ရပါတယ်။

Locally ပေးတာတွေကတော့

* အရိုးဆစ်ထဲ ဆေးထိုးတာ
* မျက်စဉ်းဆေး
* နားအစက်ချဆေး
* လိမ်းဆေးတို့ပဲ ဖြစ်ပါတယ်။

Systematic steroid ဆေးတွေကတော့

* သောက်ဆေး
* အကြောဆေး
* ထိုးဆေးတို့ဖြစ်ပါတယ်။

*** ရောဂါဖြစ်တဲ့နေရာကိုပဲ ပေးတဲ့ local steroid တွေက ခန္ဓာကိုယ်အနှံ့သက်ရောက်စေတဲ့ systemic steroid တွေနဲ့ယှဉ်ရင် ဘေးထွက်ဆိုးကျိုး ပိုနည်းတာကို တွေ့ရပါတယ် ***
.

**********

???? Steroid ဆေးတွေရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ ?

ခန္ဓာကိုယ်ထဲ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောဂါပိုးတွေဝင်လာတဲ့အခါ သွေးဖြူဥနဲ့ အခြား ဓာတုပစ္စည်းတွေက ခုခံကြတဲ့အတွက် ခန္ဓာကိုယ်တွင်းတစ်သျှူးတွေ ရောင်ရမ်း ပျက်စီးပြီး ပူ၊နီ ၊နာ ၊ရောင် စတဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

Steroid ဆေးတွေက

???? ရောင်ရမ်းစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်ခြင်းကို လျှော့ချပေးပြီး တစ်သျှူးပျက်စီးခြင်းကို ထိန်းပေးပါတယ်။

???? ခုခံအားစနစ်ကို ကျစေခြင်းဖြင့် တစ်သျှူးနှင့်ဆဲလ်များ ပျက်စီးခြင်းကို သက်သာစေပါတယ်။

???? ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။
.

**********

???? Steroid ကို ဘယ်ရောဂါတွေမှာ သုံးလဲ ?

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ပုံမှန်မဟုတ်တော့တဲ့အတွက် ဆဲလ်တွေ၊ တစ်သျှူးတွေပျက်စီးတဲ့အခါမှာ သုံးပါတယ်။

အဆစ်မြစ်ရောင်နာရောဂါတွေမှာ ဖြစ်တတ်တဲ့

* သွေးကြောများ ရောင်ရမ်းခြင်း (Systemic vasculitis)
* ကြွက်သားများ ရောင်ရမ်းခြင်း (Myositis)
* အဆစ်မြစ် ရောင်ရမ်းခြင်းနဲ့
* အရေပြားလေးဖက်နာ (SLE) စတာတွေမှာ အသုံးများပါတယ်။
.

**********

???? Steroid ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ?

???? စတီးရွိုက်ဆေးတွေဟာ အချို့သောအခြေအနေတွေမှာ အသက်ကယ်ဆေးအဖြစ် ကိုယ်တွင်းအင်္ဂါတွေမပျက်စီးစေဖို့ ပေးရပါတယ်။

ဥပမာအနေနဲ့ သွေးကြောရောင်ရမ်းရောဂါရှိသူတွေနဲ့ ခုခံအားကြောင့်ဖြစ်တဲ့ရောဂါ (autoimmune diseases) ရှိသူတွေမှာ ကျောက်ကပ်ရောင်ရမ်းပြီး မပျက်စီးစေဖို့ Steroid ဆေးကို ဆရာဝန်တွေက တွက်ဆပြီး ပေးကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသတာတွေ မလုပ်ရတော့တဲ့ထိ အထောက်အကူပြုပါတယ်။
.

???? ပမာဏနည်းတဲ့ steroid ဆေးတွေကိုတော့ အဆစ်မြစ်ရောင်ရမ်းကိုက်ခဲတာတွေအတွက် သောက်လို့ရပါတယ်။

***** Steroid ဆေးသောက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့ အရေးကြီးပါတယ် *****
.

**********

???? Steroid ရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ?

Steroid ဆေးအမျိုးအစားနဲ့ သုံးစွဲတာ ကြာတဲ့အချိန်ပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုးတွေလည်း ကွာခြားပါတယ်။

အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ….

* အစားစားချင်စိတ် တိုးလာခြင်း
* ကိုယ်အလေးချိန် တက်လာခြင်း
* စိတ်အပြောင်းအလဲမြန်ခြင်း
* ကြွက်သားများ အားနည်းခြင်း
* အမြင်အာရုံ ဝေဝါးလာခြင်း
* ခန္ဓာကိုယ်အမွှေးမျှင် များလာခြင်း
* ထိခိုက်ဒဏ်ရာ ရလွယ်ခြင်း
* ရောဂါပိုးကူးစက်နိုင်ခြေ များလာခြင်း
* မျက်နှာဖောလာခြင်း (moon face)
* ဝက်ခြံများ ထွက်ခြင်း
* အရိုးပွလာခြင်း
* သွေးတွင်းသကြားဓာတ် များလာခြင်း
* သွေးပေါင်ချိန် တက်လာခြင်း
* အစာအိမ် ရောင်ရမ်းခြင်း
* စိတ်လှုပ်ရှားလွယ်ခြင်း
* အိပ်မပျော်ခြင်း
* မျက်စိတိမ်ဖြစ်ခြင်း
* ခန္ဓာကိုယ်တွင် အရည်များစုပြီး ဖောလာခြင်းတို့ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ မဖြစ်နိုင်ပေမယ့် ပမာဏအများကြီးကို ရေရှည်သုံးမိတဲ့အခါ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အရိုးဆစ်ရောင်ရမ်းတာနဲ့ အရွတ်ရောင်တာတွေအတွက်သုံးတဲ့ steroid ထိုးဆေးတွေမှာတော့ ဆိုးကျိုးလက္ခဏာခံစားရတာ ရှားပါတယ်။
.

**********

???? ဘေးထွက်ဆိုးကျိုးတွေနည်းအောင် ဘယ်လိုလုပ်မလဲ ?

* ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ရန်

* မိမိသဘောဖြင့် စပ်ဆေးများ ဝယ်မသောက်ရန်

* လိုအပ်မှသာ steroid ဆေးကို သုံးရန်

* ဘေးထွက်ဆိုးကျိုးလက္ခဏာများကို စောင့်ကြည့်ရန်

* ဖြစ်နိုင်လျှင် local steroid များကိုသာ သုံးရန်

* အနည်းဆုံးပမာဏကိုသာ အသုံးပြုရန်

* ရောဂါသက်သာသွားပြီးနောက် ဆေးကိုချက်ချင်းမရပ်ဘဲ dose ကို လျှော့သွားပြီးမှသာ ရပ်ရန်

* သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းရန်

* အရိုးအတွက် ဖြည့်စွက်ဆေးများသောက်ရန်… တို့ဖြစ်ပါတယ်။

ဒီလို ဘေးထွက်ဆိုးကျိုးများတဲ့ steroid ဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကိုယ်သောက်ချင်သလိုသောက်သုံးသင့်တဲ့ဆေး မဟုတ်တာမို့ ဆရာဝန်က လိုအပ်လို့ညွှန်မှသာ သောက်သုံးသင့်ပါတယ်။

Reference: ????
https://my.clevelandclinic.org/…/4812-corticosteroids

Ministry of Health,

National Unity Government.

Published on: 16 March 2023
Last Updated: 16 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...