See our latest stories

written by our lovely staff members

ကိုယ်တစ်ယောက်တည်းပဲ ကြားနေမြင်နေရသူ

ကိုယ်တစ်ယောက်တည်းပဲ ကြားနေမြင်နေရသူ လွန်ခဲ့တဲ့ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်က ပို့စ်တစ်ခုကို လူတော်တော်များများက မြင်ခဲ့ကြမယ်ထင်တယ်။ အမျိုးသမီးတစ်ယောက်က သူမရဲ့ အမြွှာဝိညာဉ် (Twin Flame) လို့ ယူဆရတဲ့ ယောက်ျားတစ်ယောက်က သူ့ခေါင်းထဲမှာ နေ့ရောညပါ စကားပြောနေတယ်၊ သူ့အတွေးတွေကိုပါ ထိန်းချုပ်နေတယ်ဆိုပြီး ရေးထားတာ။ သူမ အလုပ်လည်းပြုတ်၊ လူမှုဘဝလည်းပျက်၊ ကျန်းမာရေးလည်း...

သက်ကြီးပိုင်း လူကြီးတွေရဲ့ ပိတ်မိနေတတ်တဲ့ စိတ်အခြေအနေများ

သက်ကြီးပိုင်း လူကြီးတွေရဲ့ ပိတ်မိနေတတ်တဲ့ စိတ်အခြေအနေများ အသက်ကြီးလာတာနဲ့အမျှ ရုပ်ရောစိတ်ပါ အိုမင်းလာတတ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျွန်မတို့ လူငယ်တွေ သတိမထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ သက်ကြီးရွယ်အိုတွေရဲ့ စိတ်ထဲမှာ "ငါ့ကို ဘယ်သူမှ မလိုတော့ဘူး" ဆိုတဲ့ ခံစားချက်က ခိုအောင်းနေတတ်တယ်ဆိုတာပါ။ အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ မိဘဘိုးဘွားတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ...

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း

သင်္ကြန်တွင်းပဲဖြစ်ဖြစ်၊ သီတင်းကျွတ်မှာပဲဖြစ်ဖြစ်၊ နှစ်သစ်ကူးမှာပဲဖြစ်ဖြစ် လူကြီးသူမတွေကို ကန်တော့တဲ့အခါ ဒါမှမဟုတ် မိတ်ဆွေအချင်းချင်း ဆုတောင်းပေးကြတဲ့အခါ ကျွန်တော်တို့ ပါးစပ်ဖျားမှာ အမြဲတမ်း အသင့်ရှိနေတဲ့ ဆုတစ်ဆု ရှိတယ်။ အားလုံးလည်း အလွတ်ရနေကြတဲ့ "စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ" ဆိုတဲ့ ဆုပဲ။ သေချာ...

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒေါသကို ဆရာလုပ်ခြင်း

ကိုယ့်လူတို့... ခင်ဗျားတို့ နေ့တိုင်း ဒေါသမထွက်တဲ့နေ့ဆိုတာ မရှိကြဘူး မဟုတ်လား။ ကိုယ့်ကို ကျော်တက်သွားတဲ့ ကားသမားကို ဆဲလိုက်ရမှ၊ အလုပ်မှာ အဆင်မပြေတာလေးကို အိမ်ရောက်တော့ ပေါက်ကွဲလိုက်ရမှ၊ လိုင်းပေါ်မှာ ကိုယ်နဲ့ အမြင်မတူတဲ့သူကို ဝင်ပြီး တိုက်ခိုက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတာလား။ တကယ်တော့ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ် "ငါကွ" လို့...

စိတ်ဆိုးနေတာလား၊ ဗိုက်ဆာနေတာလား

စိတ်ဆိုးနေတာလား၊ ဗိုက်ဆာနေတာလား 🤔 စကားတွေ ပြောနေရင်း၊ အာရုံစိုက်ပြီး အလုပ်တွေ လုပ်နေရင်းနဲ့ ရုတ်တရက် စိတ်တွေတိုလာတာ၊ စိတ်မကြည်တော့တာ၊ လေသံတွေမာလာတာတွေ ဖြစ်လာပြီး ဘာဖြစ်မှန်းမသိဘူးလို့ ခံစားဖူးကြပါသလား။ အဲဒီအခါကျ ဗိုက်ဆာနေတာများလားလို့ တွေးကြည့်လို့ရပါတယ်။ ဗိုက်ဆာရင် စိတ်တိုတတ်တာကို လူတွေက အလိုလိုက်လို့ ဂျီကျတာ၊ စိတ်ဆတ်တာလို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဒါဟာ...

စိတ်အတွက် အာဟာရ

လူတွေက ခန္ဓာကိုယ်ကျန်းမာရေးဆိုရင် အစားအသောက်ကို အမြဲသတိထားတတ်ကြပါတယ်။ ဆီးချိုရှိရင် အချိုလျှော့မယ်၊ သွေးတိုးရင် အငန်လျှော့မယ်ဆိုတာတွေက လူတိုင်းနဲ့ သိပ်ကိုရင်းနှီးနေတဲ့ အလေ့အကျင့်တွေပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ် ပါးစပ်ကနေတစ်ဆင့် ဝမ်းဗိုက်ထဲ ထည့်လိုက်တဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်၊ စိတ်ဖိစီးမှု ခံနိုင်ရည်နဲ့ စိတ်ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ဘယ်လောက်အထိ...

ကိုယ့်ကိုယ်ကိုယ် လူလိမ်တစ်ယောက်လို ခံစားနေရခြင်း Imposter Syndrome

ဒီနေ့တော့ ကျွန်မဆီကို ရင်ဖွင့်လေ့ရှိတဲ့ လူငယ်တွေထဲမှာ အဖြစ်အများဆုံးနဲ့ ခံစားရအခက်ခဲဆုံး စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုအကြောင်း ပြောပြချင်ပါရစေ။…… အလုပ်မှာ ရာထူးတိုးလို့ ဒါမှမဟုတ် စာမေးပွဲမှာ အမှတ်ကောင်းလို့ ပတ်ဝန်းကျင်က ဝိုင်းချီးကျူးတဲ့အခါ အားနာသလိုလို၊ ရှက်သလိုလိုနဲ့ "အာ… မဟုတ်ပါဘူး။ ဒီတစ်ခေါက် ကံကောင်းသွားလို့ပါ" ဆိုပြီး အတင်းငြင်းမိဖူးပါသလား။ လူတွေက ကိုယ့်ကို...