မီနူး

” ခြေသည်းလက်သည်းမှိုစွဲခြင်း “

” ခြေသည်းလက်သည်းမှိုစွဲခြင်း “

ခြေသည်းလက်သည်းမှိုစွဲတာဟာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဘက်တီးရီးယားနဲ့အတူ မှိုကလည်းလူ့ခန္ဓာကိုယ်တိုင်းမှာ ကပ်တွယ်ပါရှိနေပြီး ပုံမှန်အတိုင်းဆိုရင်တော့ အန္တရာယ်မပေးပါဘူး။ ဒါပေမယ့် တစ်နေရာတည်းမှာ အများကြီးစုလာရင်တော့ ဒုက္ခပေးပါတော့တယ်။

လက်သည်းခြေသည်းမှာ မှိုစွဲတာကို ဆေးပညာအရတော့ ‘Onychomycosis’လို့ ခေါ်ပါတယ်။

♦ဘာလို့ မှိုစွဲရတာလဲ?

မှိုက လက်သည်းခြေသည်းရဲ့အထဲ ၊ အောက် (သို့) အပေါ်မှာ စုပုံလာလို့ပါ။ မှိုတွေက ပူနွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ အပေါက်များကြပါတယ်။ ခြေသည်းနဲ့လက်သည်းဆို ခြေသည်းမှာ ပိုအဖြစ်များကြပါတယ်။

– ကိုယ့်ခန္ဓာကိုယ်မှာ နဂိုရှိပြီးသားမှိုတွေ များစွာစုလာ (သို့) ပေါက်လာတာ

– သူများဆီက မှိုကူးတာ

– ရှုးဖိနပ်အဝတ်များတာ

– ခြေသည်းလက်သည်း အလှပြင်တဲ့နေရာတွေက အသုံးပြုတဲ့ပစ္စည်းတွေကတစ်ဆင့် ကူးတာ

– လက်သည်းညှပ် ခြေသည်းညှပ်တွေကတဆင့် ကူးတာ…ဒီလိုနည်းလမ်းတွေနဲ့ ရောဂါဖြစ်ပွားကူးစက်နိုင်ပါတယ်။

.

.

♦ ဘယ်လိုလူတွေမှာ ပိုအဖြစ်များနိုင်သလဲ?

✔ ဆီးချိုရှိသူများ

✔​​ သွေးလည်ပတ်မှု မကောင်းသူများ

✔ အသက်၆၅နှစ်အထက်

✔ ခြေသည်းတု လက်သည်းတု တပ်ဆင်သူများ

✔ အများပိုင်ရေကူးကန် အသုံးပြုသူများ

✔ လက်သည်းခြေသည်း ဒဏ်ရာရသူများ

✔ ရေအထိများသူများ

✔ လက်အိတ်ခြေအိတ် အမြဲဝတ်သူများ

✔ ကိုယ်ခံအားနည်းသူများ

အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသားတွေက ပိုအဖြစ်များကြပါတယ်။ ကလေးနဲ့လူကြီးမှာလည်း လူကြီးတွေက ပိုအဖြစ်​များကြပါတယ်။

.

.

♦ ခြေသည်းလက်သည်းမှိုစွဲခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ?

ပထမဖြစ်ဖြစ်ချင်းဆို ခြေသည်းလက်သည်းအောက်မှာ အဖြူ(သို့)အဝါကွက်လေးတွေ တွေ့ရပါတယ်

ကြာလာရင် လက်သည်းခြေသည်းတစ်ခုလုံး အဖြူ ၊ အဝါ ၊ အစိမ်းရောင် (သို့) အမဲရောင်ပြောင်းသွားပါတယ်

ခြေသည်းလက်သည်းဟာ ထူလာပြီး ညှပ်ဖို့ခက်လာတတ်ပါတယ်

တဖြည်းဖြည်းလန်လာပြီး အသားမှ ကွာစပြုလာပါတယ်

ခြေသည်းလက်သည်း တုံးလာတာ

အနံ့အသက် မကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်

လက္ခဏာတွေက ကိုယ်ဘယ်လိုမှိုအများအစား ကူးစက်တယ်ဆိုတာပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းနိုင်ပါတယ်။​ အစမှာမပြင်းထန်ပေမယ့် တစ်ချို့ခြေချောင်းလေးတွေမှာ မှိုစွဲတာပြင်းထန်ရင် လမ်းမလျှောက်နိုင်တဲ့ထိ ဖြစ်တတ်ပါတယ်။

.

.

♦ မှိုစွဲခြင်းအမျိုးအစားများ

ခြေသည်းလက်သည်းအဖျားပိုင်း မှိုစွဲခြင်း

အဖြစ်အများဆုံးဖြစ်ပြီး ခြေသည်းလက်သည်းထိပ်လေးမှာ ချွန်ချွန်ကြမ်းကြမ်းပုံလေး ဖြစ်နေတတ်ပါတယ်။ ခြေသည်းလက်သည်းပေါ်မှာလည်း အဖြူစင်းတွေ တွေ့ရတတ်ပါတယ်။ ခြေသည်းလက်သည်းအပါအဝင် အောက်အရေပြားပါ ကူးစက်တတ်ပါတယ်။

.

ခြေသည်းလက်သည်းအပေါ်ယံလွှာ မှိုစွဲခြင်း

ခြေသည်းမှာ အများဆုံးဖြစ်တာပါ။ အပေါ်ယံလွှာကို တိုက်ခိုက်ပြီး ခြေသည်းပေါ်မှာ အဖြူကွက်လေးတွေတွေ့ရပါတယ်။ နောက်ပိုင်း ခြေသည်းတစ်ခုလုံးပျံ့သွားပြီး ခြေသည်းလန်သွားတတ်ပါတယ်။

.

ခြေသည်းလက်သည်းအရင်းပိုင်း မှိုစွဲခြင်း

ခြေသည်းလက်သည်းအရင်းပိုင်းမှာ အဝါကွက်လေးတွေ စပြီးပေါ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်ခုလုံးပျံ့သွားပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ အဖြစ်များပြီး ဒဏ်ရာရတာကနေလည်း ဖြစ်တတ်ပါတယ်။

.

Candida yeats ကြောင့်ဖြစ်သောမှိုစွဲခြင်း

နဂိုဒဏ်ရာရ (သို့) ပိုးတစ်ခုခုဝင်နေတဲ့ခြေသည်းလက်သည်းကို Candidaလို့ခေါ်တဲ့ မှိုတစ်မျိုးကူးစက်လို့ဖြစ်တာပါ။ လက်သည်းမှာ ပိုအဖြစ်များပါတယ်။ ရေထဲလက်ခဏခဏနှစ်ဆေးရသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

.

.

♦ဘယ်လိုကုသကြမလဲ?

မိမိမှာ လက်သည်းခြေသည်းမှိုစွဲတယ်လို့ သံသယရှိရင် ဆရာဝန်နှင့်ပြသပါ။ မြန်မြန်မပျောက်ပါ။ ရေရှည်ကုသရပါမယ်။

♦နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ?

မကုသဘဲ တစ်နှစ်နဲ့အထက်ဖြစ်နေသူတွေက နောက်ဆက်တွဲပြဿနာတွေအနေနဲ့

– မှိုခဏခဏပြန်ဖြစ်တာ

– လက်သည်းခွံ လုံးဝကျွတ်သွားတာ ၊ အရောင်လုံးဝပြောင်းသွားတာ

– ခန္ဓာကိုယ်ရဲ့တခြားနေရာတွေပါ မှိုကူးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်

*** ဆီးချိုရောဂါရှိတဲ့သူတွေ မှိုစွဲရင် ပိုသတိထားသင့်ပါတယ်။ အရေပြားပါ ပြင်းပြင်းထန်ထန်ကူးစက်တတ်ပါတယ် ***

.

.

♦ မှိုမစွဲအောင် ဘယ်လိုကာကွယ်ရမလဲ?

• လက်နဲ့ ခြေထောက်ကို ပုံမှန်ဆေးပါ။ ဆပ်ပြာအသုံးပြုပြီး လက်သည်းကြား ခြေသည်းကြားပါမကျန် ဆေးပါ။

• လက်သည်းခြေသည်း ပုံမှန်ညှပ်ပါ

• ခြေဖဝါးချွေးထွက်များရင် ခြေအိတ်ကို တစ်ရက်တစ်ကြိမ် (သို့) နှစ်ကြိမ်လဲပေးပါ။ ဖြစ်နိုင်ရင် ရှုးဖိနပ်ပါချွတ်ပြီး ချွေးတိတ်တဲ့အထိ အခြောက်ခံပေးပါ။

• ရှုးဖိနပ်အဟောင်းများကို မသန့်စင်ရသေးဘဲ မဝတ်ပါနဲ့

• ခြေသည်းညှပ် လက်သည်းညှပ်ကို မိမိတစ်ဦးတည်းအတွက် ခွဲသုံးပါ

• မိသားစုထဲမှာမှိုစွဲနေသူတွေရှိရင် ပစ္စည်းတွေမျှမသုံးပါနဲ့

References – ????

https://www.healthline.com/health/fungal-nail-infection

https://www.webmd.com/skin…/fungal-nail-infections

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#onychomycosis#လက်သည်းမှိုစွဲခြင်း

#ခြေသည်းမှိုစွဲခြင်း

Ministry of Health,

National Unity Government.

Published on: 4 January 2023
Last Updated: 4 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎စိုးရိမ်စိတ်လွန်ကဲခြင်းကို ရင်ဆိုင်ခြင်း

‎စိုးရိမ်စိတ်လွန်ကဲခြင်းကို ရင်ဆိုင်ခြင်း‎‎ဘဝတွင် တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုဖြစ်ရခြင်းမှာ သဘာဝဖြစ်သော်လည်း ထိုစိုးရိမ်မှုသည် အကြောင်းရင်းမရှိဘဲ လွန်ကဲလာကာ မိမိ၏ နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကို အနှောင့်အယှက်ပေးလာပြီဆိုလျှင် တတ်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင်ဆွေး‌နွေးပြီး ကုသမှုခံယူရန် လိုအပ်လာပါပြီ။‎…‎…‎‎🍀 စိုးရိမ်လွန်ကဲမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ 🍀‎‎စိုးရိမ်စိတ် (Anxiety) ဆိုသည်မှာ ခန္ဓာကိုယ်၏...

ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို

‎"ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို"‎‎ချစ်ခြင်းတရားလို့ ပြောလိုက်ရင် အမျိုးမျိုးသော ချစ်ပုံချစ်နည်းတွေ၊ သံယောဇဉ်ဆက်နွယ်မှုတွေကို ပြေးမြင်ကြပါလိမ့်မယ်။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအပေါင်းအသင်း၊ ချစ်သူရည်စား ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။‎‎စုန်ရေ၊ ဆန်ရေလို အပြန်အလှန် ချစ်ခြင်းမျိုးတွေတင်မက ဖြူစင်တဲ့၊ ပြင်းပြတဲ့၊ နူးညံ့တဲ့၊ ပေးဆပ်တဲ့ ချစ်ခြင်း‌တွေဟာ ကျွန်မတို့ရဲ့...

စိုးရိမ်စိတ်၏ လှည့်စားမှုများ

စိုးရိမ်စိတ်၏ လှည့်စားမှုများ "ဆရာဝန်တွေကသာ ရှာမတွေ့တာ… ကျွန်တော့်မှာ နှလုံးရောဂါ တကယ်ရှိနေတာပါ" "ခုအတိုင်းဆို ငါ လမ်းသွားရင်း မူးလဲသွားရင် ဘယ်လိုလုပ်မလဲ…" "ငါ အိပ်လိုက်ရင် ပြန်နိုးလာပါ့မလား…" ဤကဲ့သို့သော အတွေးများသည် သင့်ခေါင်းထဲတွင် နေ့စဉ်နှင့်အမျှ ခြောက်လှန့်နေပါသလား။ ဆေးရုံဆေးခန်း ပေါင်းစုံသွား၊ နှလုံးဓာတ်မှန်ရိုက်၊ သွေးစစ်၊ အီးစီဂျီ (ECG) ဆွဲ၊ ကွန်ပြူတာဓာတ်မှန်နဲ့ သံလိုက်စက်ကွင်းဓာတ်မှန်...

နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) ကူးစက်မှုမှ ကာကွယ်ရန် (ဖေဖော်ဝါရီ၊ ၂၀၂၆)

ရောဂါကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ သေဆုံးနိုင်သည်။ ကပ်အသွင်ကူးစက်ဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သိုမဟုတ် ထိုဒေသသို ခရီးသွားမည်ဆိုပါက 👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။👉 လင်းနို သိုမဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ...