ကလေးမွေးပြီး (၆) ပတ် မိခင်တစ်ယောက်အနေနဲ့ သားဆက်ခြင်းနည်းတွေ စဉ်းစားမယ်ဆိုရင် မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်းက သိရှိထားသင့်ပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်း အကျုံးဝင်ဖို့ဆိုရင် အဓိကလိုအပ်ချက်တွေ ရှိပါတယ်။
ဘယ်လိုအချက်တွေ စဉ်းစားပြီး ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှုရှိရမယ်ဆိုရင် . . .
● မိမိရင်သွေးက အသက် (၆) လအောက်ဖြစ်ခြင်း
● မိခင်နို့တစ်မျိုးထဲသာ တိုက်ကျွေးနေခြင်း
● မိခင်နို့ ခဏခဏတိုက်ကျွေးခြင်း (တစ်ကြိမ်နှင့်တစ်ကြိမ် နေ့ဘက် ၄ နာရီထက် မခြားခြင်း၊ ညဘက် ၆ နာရီထက် မခြားခြင်း)
● မီးဖွားပြီးနောက် သွေးပြန်မပေါ်သေးခြင်း စတဲ့အချက်တွေနဲ့ ကိုက်ညီမှုရှိမယ်ဆိုရင် အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မိခင်နို့တိုက်ပေမယ့် ကလေးမွေးပြီး ၆ လအတွင်းသွေးပြန်ပေါ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပြန်ရနိုင်ခြေ ပိုများပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းလို့ ဆိုရာတွင်လည်း ကလေးကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြစ်ပြီး နို့ဘူး၊ ရေနှင့် အခြားဖြည့်စွက်စာ တိုက်ကျွေးနေလျှင် အကျုံးမဝင်ပါဘူး။
…
…
မိခင်တစ်ဦးက မိမိရင်သွေးကို မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးနေချိန်မှာ ပရိုလက်တင် ဟော်မုန်း (Prolactin) ထွက်ရှိပြီး သားဥကြွေခြင်းကို ရပ်တန့်ပေးထားပါတယ်။
ဒီလိုအချိန်မှာ ပရိုဂျက်စတိုဂျင် သီးသန့်သန္ဓေတားဆေး (Progestogen-only Methods of Contraception) တွေကသာ မိခင်နို့တိုက်ကျွေးခြင်း နှင့် ကလေးကြီးထွားဖွံဖြိုးမှု ပေါ် သက်ရောက်မှုမရှိကြောင်းကို တွေ့ရှိရပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်းဟာ မှန်ကန်စွာ အသုံးပြုနိုင်မယ်ဆိုရင်တော့ (၉၉) ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပါတယ်။
ဒါကြောင့် မီးဖွားပြီး (၆) ပတ် မိခင်တစ်ယောက်အနေနဲ့ သားဆက်ခြင်းနည်းတွေကို သေချာစီစဉ်ပြီး အသုံးပြုဖို့လိုပါတယ်။
အခြားသော သားဆက်ခြားနည်းတွေထက် မိခင်နှင့်ကလေးအတွက် အန္တရာယ်ကင်းပြီး အကျိုးရှိသော သဘာဝနည်းလမ်းဖြစ်သောကြောင့် အသုံးပြုသင့်ကြောင်း အကြံပြုရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference: https:// www. uhbristol. nhs. uk / patients-and-visitors/your-hospitals/st-michaels-hospital/what-we-do/midwifery-services/post-birth-contraception/lactational-amenorrhea-method-(lam)/