တယ်လီကျန်းမာ အဖွဲ့အစည်း
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းက ကြိုဆိုပါသည်။
တယ်လီကျန်းမာသည် ကျန်းမာရေး၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုသရေးအဖွဲ့ အစည်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစနစ်ကို အထောက်အပံ့ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
မြန်မာပြည်သူလူထုအား အကောင်းမွန်ဆုံး ကျန်းမာရေး၀န်ဆောင်မှုများ ပေးနိုင်ရန်၊ ဖက်ဒရယ် ကျန်းမာရေးစနစ် ပိုမိုကျယ်ပြန့်စွာ အားကောင်းစေရန်နှင့် ကျန်းမာရေးအသိပညာ မြင့်မားစေရန်တို့သည် ကျွန်ုပ်တို့၏ မျှော်ရည်ချက်ဖြစ်ပါသည်။
မိမိတို့အဖွဲ့အစည်းသည် ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်းမွန်ဆုံးပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားလျက် ရှိပါသည်။ မိိမိတို့အဖွဲ့အစည်းသည် ပြည်တွင်း အနယ်နယ်အရပ်ရပ်နှင့် နိုင်ငံတကာမှ မြန်မာပြည်ဖွား အရည်အချင်းပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ဆရာ၀န်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဆွေးနွေးပြသနိုင်သော ဆေးခန်းများကိုလည်း လိုအပ်ချက်အရ ချဲ့ထွင်ထားကာ ယခုတွင် အထွေထွေ ရောဂါများသာမက၊ အထူးကုဆေးခန်းများနှင့် စိတ်လူမှုအရေးပေါ်ဖေးမနိုင်ရန် ရင်ဖွင့်ရာဆေးခန်းများလည်း ဖွင့်လှစ်ထားလျက်ရှိပါသည်။
လူနာများကို ဆေးရုံဆေးခန်းများသို့ တကူးတက သွားရောက်ပြီး တန်းစီရန် မလိုစေဘဲ အရည်အသွေးပြည့်၀သော ကျန်းမာရေးစနစ်တစ်ခုကို အတားအဆီးနည်းပါးစွာဖြင့် နည်းပညာအသုံးပြုကာ လက်တစ်ကမ်းအလိုမှ ရရှိနိုင်စေရန် ရည်ရွယ်ပါသည်။
လူနာများ၏ ကျန်းမာရေးအချက်အလက်များ လုံခြုံစေရေးနှင့် ကျင့်၀တ်နှင့်ညီညွတ်မှု၊ အသားအရောင်၊ လူမျိုး၊ ဘာသာ ကွဲပြားမှုမရှိစေဘဲ လူ့အခွင့်အရေးတန်းတူညီမျှရရှိရေးကို မိမိတို့၏ အသက်သွေးကြောသဖွယ် တန်ဖိုးထားပါသည်။
တရား၀င် ကုသရေးအဖွဲ့အစည်းအနေဖြင့် လူထုကို ၀န်ဆောင်မှုပေးရသည့်အတွက်လည်း အထူးပင် ဂုဏ်ယူမိပါသည်။ တယ်လီကျန်းမာကို ချစ်ချင်လေးစားမှု၊ ယုံကြည်အားကိုးမှု၊ ရွေးချယ်ပေးမှုတို့အတွက် အထူးကျေးဇူးတင်လိုပါသည်။
တယ်လီကျန်းမာ၏ ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း အကျဥ်းချုပ်
တယ်လီကျန်းမာသည် စေတနာ့ဝန်ထမ်း ၃၅၀ ကျော်ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် ကမ္ဘာအရပ်ရပ်ရှိ ပြည်ပရောက်မြန်မာလူမျိုးများအတွက် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ကျန်းမာရေး၀န်ဆောင်မှုများတွင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ၊ အထူးကုရောဂါအလိုက် ဆွေးနွေးကုသမှုများ၊ သွားနှင့်ခံတွင်း၊ အိတ်စ်အိုင်ဗွီ (HIV)၊ တီဘီ (TB)၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများအပြင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေး အရေးပေါ်ဝန်ဆောင်မှု ဟော့လိုင်းချန်နယ် (Zero Suicide Hotline) တို့ ပါဝင်ပါသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျန်းမာရေးပညာပေး အကြောင်းအရာနှင့် အစီအစဉ်များကိုလည်း တင်ဆက်ပေးလျက် ရှိပါသည်။ ဘေးကင်းပြီး လက်လှမ်းမီနိုင်သည့်အပြင် လူထုကို ဗဟိုပြုသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက်လည်း စဥ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာမှု သင်တန်းများ၊ ဌာနတွင်းစစ်ဆေးမှုများနှင့် လူထု၏ တုံ့ပြန်အကြံပြုချက်များမှတစ်ဆင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်သည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
အထွေထွေ ကျန်းမာရေးဆေးခန်းများ (Primary Clinics)
အထူးကုဆေးခန်းများ (Specialist Clinics)
တယ်လီကျန်းမာ၏ ကနဦး လူနာဝန်ဆောင်မှုဌာန (Customer Service Team)
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ကာကွယ်တားဆီးရေး အရေးပေါ်ဝန်ဆောင်မှု ဟော့လိုင်းချန်နယ် (Zero Suicide Hotline)
အခြေခံ စိတ်ကျန်းမာရေးဆေးခန်းများ (Primary Mental Health Clinics)
ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဝန်ဆောင်မှုများ (Health Promotion Services)
ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဥ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာမှု အစီအစဥ်များ (Capacity Development and Continued Medical Education)
ဦးတည်ချက်များ
- မြန်မာပြည်သူလူထုအား ကျန်းမာရေး၀န်ဆောင်မှုများနှင့် ကျန်းမာရေးအသိပညာများပေးနိုင်ရန်
- ဖက်ဒရယ်စနစ်သို့ ဦးတည်သော ကျန်းမာရေးစနစ်တစ်ခု တည်ထောင်နိုင်ရန်
- အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုတွင်ပါ၀င်သော ကျန်းမာရေး၀န်ထမ်းများနှင့် စေတနာ့၀န်ထမ်းများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးစေနိုင်ရန်၊ ဆေးပညာအသီးအပွင့်များဆက်လက် ပွားများစေရန် ရည်ရွယ်ပါသည်။
အရေးပါသော လုပ်ဆောင်ချက်များ
- ဆွေးနွေးတိုင်ပင်မှုများ – မတ်လ ၂၀၂၃ ထိ လူနာများအား ၁၁၅,၃၉၉ ကြိမ် ဆွေးနွေးကုသပေးနိုင်ခဲ့ပါတယ်။
- တယ်လီကျန်းမာ မှ အသိပညာဖြန့်၀ေခြင်းကို Facebook Page မှတစ်ဆင့် ကြည့်ရှုသူ (၁၀) သန်းခန့် ကို ဆန်းသစ်သော ပုံစံများဖြင့် မျှဝေနိုင်ခဲ့ပါတယ်။
- သုတေသန စာတမ်း – စိတ်ကျန်းမာရေး၀န်ဆောင်မှုနှင့် ပတ်သက် သော သုတေသန ပိုစတာကို APA conference 2023တွင် တင်ပြနိုင်ခဲ့ပါတယ်။
လူနာများ

Our Timeline
၁၉ ဇွန် ၂၀၂၁
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းစတင်
၂၆ ဇွန် ၂၀၂၁
အထူးကုဆေးခန်း ၆ ခု စတင်
၁၆ ဇူလိုင် ၂၀၂၁
ကိုဗစ်သံသယလူနာ ၆၅၀၀၀ ခန့်ကို ကြည်ရှု့ပေးခဲ့
၂၄ ဇူလိုင် ၂၀၂၁
ကိုဗစ်-၁၉ CDM ချန်နယ် စတင် (စေတနာ့ဝန်ထမ်း ၄၅၀ ကျော်ဖြင့်)
၅ သြဂုတ် ၂၀၂၁
တန်းစီဆေးခန်း စတင်
၁၃ သြဂုတ်လ ၂၀၂၂
အခြေခံ စိတ်ကျန်းမာရေးဆေးခန်း စတင်
၁ နိုဝင်ဘာ ၂၀၂၂
ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သော အကြိမ်ရေ ၁၀၀,၀၀၀ သို့ ရောက်ရှိ
၃ နိုဝင်ဘာ ၂၀၂၂
တယ်လီကျန်းမာ YouTube Channel စတင်
၃၁ ဒီဇင်ဘာ ၂၀၂၂
ကျန်းမာရေးအသိပညာပေးစာ ပို့စ် ၅၀၀ကျော် တင်နိုင်ခဲ့
၂၀ နိုဝင်ဘာ ၂၀၂၂
တိုင်းရင်းသား ဘာသာစကားများဖြင့် ကျန်းမာရေးပညာပေးပိုစ့်များ စတင်
၂၃ မတ် ၂၀၂၃
Facebook Page Follower ၄၀၀,၀၀၀ ကျော်သို့ ရောက်ရှိခဲ့
ယခုအချိန်ထိ
အထူးကုဆေးခန်း ၂၅ခုထိ ရှိနေ
