မေး။ ကိုယ်ဝန်ဆောင်စဉ် ရေခဲရေ သောက်သုံးရင် ကလေးကို ထိခိုက်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ကိုယ်ဝန်ဆောင်စဉ် ရေခဲရေ သောက်တာနဲ့ပတ်သက်ပြီး မြန်မာလူမျိုး တချို့ကြားမှာ ကိုယ်ဝန်ပျက်ကျတတ်တယ် ဒါမှမဟုတ် ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆတစ်ခု ရှိပါတယ်။

တကယ်တော့ ဒီအယူအဆက သိပ္ပံနည်းကျ အထောက်အထား လုံးဝမရှိပါဘူး။

ကိုယ်ဝန်ဆောင်မိခင်‌တွေအနေနဲ့ သန့်ရှင်းပြီး ပိုးမွှားကင်းတဲ့ ရေခဲရေကို သောက်သုံးတာဟာ ဘာမှပြဿနာ မရှိပါဘူး။ အေးတဲ့အရည်တစ်ခုခု သောက်လိုက်တာနဲ့ သားအိမ်ကျုံတာ ဒါမှမဟုတ် ကလေးကို ထိခိုက်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။

အဓိကအချက်က ရေခဲရေပဲဖြစ်ဖြစ်၊ ရိုးရိုးရေပဲဖြစ်ဖြစ် သောက်သုံးမယ့်ရေက သန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ပိုးမွှားတွေပါဝင်တဲ့ရေကို သောက်သုံးမိရင်တော့ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ဒါမှမဟုတ် အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ရေဓာတ်ပြည့်ဝနေဖို့အ‌ရေးကြီးတာမို့ ရေသောက်များများသောက်ဖို့ လိုအပ်ပြီး ရေအေးကြိုက်တဲ့သူဆိုရင်လည်း သန့်ရှင်းတဲ့ ရေခဲရေကို စိတ်ချလက်ချ သောက်သုံးနိုင်ပါကြောင်း….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here