See our latest stories

written by our lovely staff members

ခံစားချက်တွေ ထုံသွားတဲ့အခါ

🖤 ခံစားချက်တွေ ထုံသွားတဲ့အခါ 🖤 ဒီကာလတွေမှာ ကျွန်မတို့ဝန်းကျင်က သတင်းတွေ၊ ဖြစ်ရပ်တွေက နေ့ရက်တိုင်းလိုလို ဝမ်းနည်းစရာ၊ ထိတ်လန့်စရာ၊ မတည်ငြိမ်စရာတွေနဲ့ ပြည့်နေတယ်။ တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ် ဒီလိုအရာတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အခါ ကျွန်မတို့စိတ်က တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ တစ်နေ့မှာ ကိုယ့်ကိုယ်ကို သတိထားမိမယ်။ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပေမယ့် မျက်ရည်မကျတော့ဘူး။ အနီးနားက ချစ်ရသူတစ်ယောက် ဝမ်းနည်းနေပေမယ့်...

ကလေးဆန်သော လူကြီးများ (သို့မဟုတ်) ရင်ဘတ်ထဲက ကလေးငယ် (Inner Child)

ဒီမေးခွန်းလေးကို ဖြေကြည့်ပါ။ အသက် ၃၀၊ ၄၀ အရွယ် လူကြီးတစ်ယောက်က ကိစ္စသေးသေးလေးတစ်ခု (ဥပမာ - ထမင်းဟင်း မကောင်းတာ၊ ဖုန်း message မပြန်တာ) လောက်နဲ့ ကလေးတစ်ယောက်လို ပေါက်ကွဲပြီး၊ ငိုယိုအော်ဟစ်တာကို မြင်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ်တိုင်ရော လူကြီးဖြစ်နေပါလျက်နဲ့ တချို့ကိစ္စတွေမှာ ဘာလို့ ဒီလောက်တောင်...

‎Guilt Tripping (သို့) အပြစ်ရှိစိတ်ဖြင့် ထိန်းချုပ်ချည်နှောင်ထားခြင်း‎

ကောင်းမွန်တဲ့ ဆက်ဆံရေးတိုင်းဟာ နားလည်မှု၊ လေးစားမှုနဲ့ ကိုယ်ချင်းစာတရားတွေအပေါ်မှာ အခြေခံပါတယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေဟာ ကိုယ်ပဲ တာဝန်မကျေသလို၊ အလိုက်မသိသလို ခံစားရအောင် ဖိအားမပေးတတ်ကြပါဘူး။ တကယ်လို့ ဒီလိုလုပ်နေခဲ့တယ်ဆိုရင်တော့ ဒါဟာ မေတ္တာမဟုတ်ဘဲ Guilt Tripping လို့ခေါ်တဲ့ "အပြစ်ရှိသလို ခံစားရအောင် ဖန်တီးပြီး ထိန်းချုပ်ခြင်း"...

ကျန်းမာတဲ့ခန္ဓာကိုယ်မှာ ကျန်းမာတဲ့စိတ်ရှိဖို့‎

‎အသက် ၄၀ ဆိုတာ ဘဝရဲ့ တစ်ဆစ်ချိုးအချိန်လို့ ပြောကြတယ်မလား။ အတွေ့အကြုံတွေလည်း ပြည့်စုံနေသလို တာဝန်ဝတ္တရားတွေကလည်း အမြင့်ဆုံး၊ အကောင်းဆုံးဆိုတဲ့ အချိန်ပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ဘဝအတတ်ပညာတွေ ရင့်ကျက်လာချိန်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေက စတင်လာတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။‎ဒီအရွယ်မှာ လူအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးစိုးရိမ်စိတ်...

‎မေ့ချင်တဲ့မှတ်ဉာဏ်တွေက ဘာလို ပိုစွဲနေရတာလဲ

‎မေ့ချင်တဲ့မှတ်ဉာဏ်တွေက ဘာလို့ ပိုစွဲနေရတာလဲ။‎‎လူတိုင်းမှာ မေ့ပစ်ချင်တဲ့ အတိတ်တစ်ခု ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုတော့ အနည်းဆုံး ရှိတတ်ကြပါတယ်။ ထူးဆန်းတာက မေ့ဖို့ကြိုးစားလေလေ အဲဒီပုံရိပ်တွေက ပိုပြီးထင်ရှားလာလေလေ ဖြစ်နေတာပါပဲ။‎‎မေ့တတ်တာကို ဦးနှောက်ရဲ့ အလွဲ (error) တစ်ခုလို့ လက်ခံထားကြပေမယ့် တကယ်တမ်းကျတော့ မေ့ချင်လွန်းလို့ အတင်းဖျောက်ဖျက်ပစ်ချင်တဲ့ အမှတ်တရတွေကျမှ ဦးနှောက်ထဲမှာ...

‎ဘာမှမလုပ်ဘဲ နားနေရတာကိုက အပြစ်တစ်ခုလို ဖြစ်နေပြီလား

‎"ဘာမှမလုပ်ဘဲ နားနေရတာကိုက အပြစ်တစ်ခုလို ဖြစ်နေပြီလား"‎‎ဖုန်းလေးကို အသာချ၊ ဆိုဖာပေါ်မှာ ခဏလေး မှီလိုက်ရုံရှိသေးတယ်… စိတ်ထဲမှာ "ဟိုအဝတ်တွေကို လျှော်ဖို့ ကျန်သေးတယ်"၊ "မနက်ဖြန်အတွက် ဒါလေး ကြိုလုပ်ထားသင့်တယ်" ဆိုတဲ့ အတွေးတွေက တန်းစီပြီးဝင်လာတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ ‌ပြောရရင် ဘာမှမလုပ်ဘဲ ထိုင်နေရတာကိုက တစ်ခုခု လိုအပ်နေသလိုလို၊...

‎မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ဆိုးလေးများ (The Emotions)‎

‎သင့်အိမ်ကို သင်မဖိတ်ခေါ်ဘဲ ဧည့်သည်တွေ ရောက်လာဖူးပါသလား။ တချို့ဧည့်သည်က ကောင်းခြင်းမင်္ဂလာ‌တွေကို သယ်ဆောင်လာတယ်။ လက်ဆောင်တွေ ယူလာတယ်။ (ဥပမာ - ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေ)။ တချို့ဧည့်သည်ကျတော့ ဆိုးသွမ်းကြတယ်။ အိမ်ကို ညစ်ပတ်စေတယ်။ ဧည့်သည်ဟာ ဧည့်သည်လိုမနေဘူး။ ပြောစကားလည်း နားမထောင်တတ်ဘူး။ ပြန်ခိုင်းလို့လည်း မရဘူး။ (ဥပမာ...

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...