See our latest stories

written by our lovely staff members

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူ တစ်ယောက် – အပိုင်း (၁)(မမြင်ရသော လှိင်းလုံးကြီးများအောက်က မနက်ခင်းများ)

မနက်ခင်း အိပ်ရာထ မျက်လုံးနှစ်လုံး မပွင့်ခင် ကျွန်တော့်အတွေးထဲကို ပထမဆုံး ဝင်ရောက်လာတာဟာ စိုးရိမ်ပူပန်မှုပါပဲ။ နေရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို ခပ်ဖျော့ဖျော့ ကျရောက်နေပေမယ့် ကျွန်တော့်ရင်ဘတ်ထဲမှာတော့ မုန်တိုင်းတစ်ခုက ကြိုတင် အုံ့ဆိုင်းနေခဲ့ပြီ။ အိပ်မက်တွေထဲကနေ လက်တွေ့ဘဝထဲကို ကူးပြောင်းလာတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ရင်ဘတ်ထဲက အလုံးကြီးတစ်ခု ဆို့တက်လာသလို ခံစားရတယ်။...

ကျွန်မနှင့် စိတ်ကျရောဂါ (၄)

အသိစိတ်လေး ကပ်လာတဲ့အချိန်က ပြတင်းပေါက်ကနေတစ်ဆင့် မနက်ခင်းနေရောင်ခြည် အိပ်ရာပေါ် ကျလာတဲ့အချိန်။ တစ်ခုခုကို ပြန်စတင်ဖို့ အချက်ပေးလိုက်သလိုပါပဲ။ ကိုယ့်ခံစားချက်တွေကို သေချာနာမည်တပ်ကြည့်တော့ ရင်းနှီးနေတဲ့ အခေါ်အဝေါ်တစ်ခု… “ငါ… စိတ်ကျရောဂါ ခံစားနေရတာလား။” စိတ်ကျရောဂါဆိုတာ ကိုယ်တိုင်မသိလိုက်ဘဲ ဒီလိုပဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတတ်တာလား။ “လား” ပေါင်းများစွာနဲ့ ကြားဖူးနားဝ စိတ်ကျန်းမာရေးအကြောင်းတွေ လိုက်ဖတ်ကြည့်မိတယ်။ အဲဒီမှာ...

ကျွန်မနှင့် စိတ်ကျရောဂါ (၃)

ရှေ့မှာ လှမ်းမြင်နေရတဲ့ မြစ်ထဲ ဆင်းသွားလိုက်ရင်ဒီခံစားချက်တွေ အားလုံး ပြီးဆုံးသွားမှာလား…အမည်မသိပုစ္ဆာရဲ့ အဖြေတစ်ခုကိုရော ရှာတွေ့သွားမလား…မရေရာတဲ့ မေးခွန်းတွေကြား သက်ပြင်းတွေပဲ ထပ်ခါထပ်ခါ ရှိုက်မိတယ်။ အရင်တုန်းက ကျွန်မ ပျော်ရွှင်ခဲ့ဖူးသလား။ကျွန်မဆိုတာ ဘယ်လိုလူမျိုးလဲ။ပျော်ရွှင်မှုဆိုတာ ဘာလဲ။ဘာအတွက် ရှင်သန်နေပြီး ဘာကို ဦးတည်နေတာလဲ။အနာဂတ်ဆိုတာရော ရှိလာဦးမှာလား။ ဒီအတွေးတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဆိုင်တော့သလို ဗလာကျင်းနေခဲ့တယ်။ အပြစ်ရှိစိတ်တွေနဲ့အတူ...

ကျွန်မနှင့် စိတ်ကျရောဂါ (၂)

ဘယ်အချိန်တည်းက စတင်ခဲ့တာလဲဘာအကြောင်းရင်းတွေက ဒီလမ်းကို ဦးတည်စေခဲ့သလဲ… ကျွန်မ စဉ်းစားမရပါ။ အိမ်ရှေ့တံခါးကို လော့ခ်ချခဲ့ရဲ့လား… အခါခါ ပြန်စဉ်းစားနေမိတယ်။ စိုက်ထားတဲ့ Memory card မမ်မိုရီကတ် တစ်ခုကို ဖြုတ်ထားသလိုမျိုး… မှတ်ဉာဏ်တွေက တစ်ကွက်ချင်းစီ ပျောက်ဆုံးနေတတ်တယ်။ စီးထားတဲ့ ဖိနပ်ကရော ဘယ်ညာမှန်ရဲ့လား။ရာသီဥတုက ပူသလား၊ အေးနေသလား။ကျွန်မရဲ့ တုံ့ပြန်မှုတွေ ကင်းမဲ့နေတယ်။ အိမ်ဘေးမှာ...

ကျွန်မနှင့် စိတ်ကျရောဂါ (၁)

ဘယ်အချိန်တည်းက စတင်ခဲ့တာလဲဘာအကြောင်းရင်းတွေက ဒီလမ်းထဲကို တွန်းပို့ခဲ့တာလဲ…ကျွန်မ သေချာ စဉ်းစားလို့မရပါ။ သတိထားမိတဲ့ မနက်ခင်းတွေက သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ။ နိုးလာတာနဲ့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ဇယားတွေက ခေါင်းထဲမှာ အစီအရီ။ သတိမထားမိဘဲ သက်ပြင်းတွေ ခဏခဏ ရှိုက်မိနေတတ်တယ်။ ထမင်းစား ရေသောက်လုပ်ရတာကိုက တာဝန်တစ်ခုလို ဖြစ်လာတယ်။ ချစ်ရတဲ့ အပင်လေးတွေကို...

စိတ်ဓာတ်ကျခြင်း (Depression)

🌧️ စိတ်ဓာတ်ကျခြင်း (Depression) 🌧️ လူ့ဘဝမှာ ပျော်ရွှင်စရာတွေရှိသလို စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရတာဟာ သဘာဝနိယာမပါပဲ။ ချစ်သူနဲ့ လမ်းခွဲရတာ၊ အလုပ်ဖြုတ်ခံရတာ၊ စာမေးပွဲကျတာ၊ ချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးလိုက်ရတာ စတဲ့ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့ ဝမ်းနည်းကြတယ်။ ဒါပေမယ့် အဲဒီဝမ်းနည်းမှုက ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်ကြာရင် တဖြည်းဖြည်း သက်သာသွားလေ့ရှိပါတယ်။ ဒါပေမယ့်...

ကိုယ့်နှလုံးသားထဲက လုံခြုံရာ ကမ္ဘာငယ်လေး

​တစ်ခါတလေမှာ လူတွေဟာ လူစုလူဝေးကြားထဲမှာ ရှိနေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို၊ လုံးဝ အထီးကျန်ဆန်နေသလို ခံစားရတတ်ပါတယ်။ အထူးသဖြင့် မြင်သာတဲ့ ဒဏ်ရာတွေ မရှိဘဲ၊ ရင်ဘတ်ထဲမှာ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့ အနာတရတွေအပြည့်နဲ့ ရုန်းကန်နေရတဲ့ အချိန်မျိုးတွေမှာပေါ့။…… ​စိတ်ဒဏ်ရာဆိုတာ ရုပ်ဝတ္ထုတစ်ခုလို ကိုင်တွယ်ပြလို့ရတဲ့အရာ မဟုတ်ပါဘူး။...

မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း Self-blame

"ငါက အဲဒီလိုမျိုး နုံအပြီး ပျော့ညံ့နေတဲ့သူမို့လို့ ငါ့မှာ မကောင်းတဲ့ကိစ္စတွေ ဖြစ်ရတာပဲဆိုပြီး တခြားသူတွေအ‌ပေါ် မလုပ်နိုင်တဲ့ ရက်စက်တဲ့ အပြစ်တင်မှုမျိုးကို ငါ့ကိုယ်ငါ အကြိမ် ၁၀၀၊ အကြိမ် ၁၀၀၀ လောက် လုပ်နေမိခဲ့တယ်။" ဒီရက်ပိုင်း ကြည့်မိတဲ့ ရုပ်ရှင်ထဲက စာသားလေး။ ကျွန်မတို့ရဲ့ တစ်ဦးချင်းစီမှာ ရှိနေနိုင်တဲ့ စိတ်ဒဏ်ရာတိုင်းရဲ့...