“ဗီတာမင်ဆေးများ လိုတာထက် ပိုသောက်မိတဲ့အခါ” Vitamins Overdose ( April, 2023)

“ဗီတာမင်ဆေးများ လိုတာထက် ပိုသောက်မိတဲ့အခါ”

ဗီတာမင်ဆေးတွေကို ပုံမှန်သောက်သုံးခြင်းဟာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲက တစ်ခုအပါအဝင်ပါပဲ။ သောက်သုံးဖို့ သင့်တော်တဲ့ပမာဏကို အညွှန်းစာနဲ့ဖော်ပြထားတတ်ကြပေမယ့် လူတွေက လိုအပ်တာထက် ပိုသောက်တတ်ကြပါတယ်။

အဲဒီလို ဗီတာမင်တွေ ပိုသောက်သုံးခြင်းက ကျန်းမာရေးကို ပိုကောင်းစေနိုင်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်ကတော့ “တန်ဆေးလွန်ဘေး ” ဆိုသလို ဗီတာမင်တွေ အများကြီးသောက်သုံးခြင်းဟာ အန္တရာယ်ရှိတတ်ပါတယ်။ အခုပို့စ်မှာတော့ ဗီတာမင်တွေ အလွန်အကျွံသောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။
..
..

ဗီတာမင်မှာ အမျိုးအစား (၂) မျိုးရှိပါတယ်။

(၁) အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်များ
(၂) ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်များပဲ ဖြစ်ပါတယ်။

???? ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဟာ ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်တာကြောင့် တစ်ရှူးတွေထဲမှာ အလွယ်တကူ မသိုလှောင်နိုင်ပါဘူး။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေကတော့ vitamin B1, B2, B3, B5, B6, B7, B9, B12 နဲ့ vitamin C တွေပဲ ဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်လို့ ဆီးမှတစ်ဆင့် စွန့်ထုတ်နိုင်တာကြောင့် ပမာဏ (dose) များသွားတဲ့အခါမှာလည်း စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် အလွန်အကျူး megadoses သောက်မိရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

အစားအစာကနေ သဘာဝအတိုင်းရတဲ့ ဗီတာမင်ဓာတ်တွေက အများကြီးစားမိတဲ့အခါမှာတောင် ဘေးအန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမယ့် ဖြည့်စွက်အားဆေးတွေကို လိုတာထက်ပိုသောက်မိရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အများစုကတော့ အဆိပ်အတောက်မဖြစ်စေနိုင်ပေမယ့် အချို့က ဆေးဝါးတွေနဲ့ဓာတ်ပြုနိုင်သလို သွေးအဖြေတွေမှာလည်း သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။
.

* Vitamin C — အဆိပ်အတောက်ဖြစ်စေနိုင်တာမျိုး နည်းပေမယ့် လိုတာထက်ပိုသောက်မိတဲ့အခါ ဗိုက်မကောင်းတာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ မူးဝေပြီးအန်တာတွေ ဖြစ်တတ်ပါတယ်။ တစ်နေ့ကို (၆) ဂရမ် ထက် ပိုသောက်မိတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တာမျိုး၊ ဆီးကျောက်တည်စေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
.

* Vitamin B3 — တစ်နေ့ကို (၁-၃) ဂရမ်လောက် သုံးစွဲမိတဲ့အခါ သွေးတိုးတာ၊ ဗိုက်နာတာ၊ အမြင်အာရုံထိခိုက်တာနဲ့ အသည်းပျက်စီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
.

* Vitamin B6 — တစ်နေ့ကို (၁-၆) ဂရမ်လောက်သောက်သုံးမိတဲ့အခါ အာရုံကြောနဲ့ အရေပြားပြဿနာတွေ၊ အလင်းရောင်မခံနိုင်တာ၊ မူးဝေတာနဲ့ ရင်ပူတာတွေ ခံစားရတတ်ပါတယ်။
.

* Vitamin B9 — Folic acid နဲ့ Folate supplements တွေကို အများကြီးသောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် Vitamin B12 ချို့တဲ့ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
..
..

????အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေက ခန္ဓာကိုယ်တစ်ရှူးတွေထဲမှာ စုဝေးနိုင်တာကြောင့် လိုတာထက်ပိုတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်နိုင်ပါတယ်။

* Vitamin A — ဖြည့်စွက်ဆေးတွေနဲ့ Vit A ကြွယ်ဝတဲ့အစားအစာတွေကို လွန်ကျူးစွာစားသုံးမိတဲ့အခါ မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Vit A ကို လွန်ကျူးစွာ ရည်ရှည်သောက်သုံးပါက အရိုးပါးခြင်း၊ ဦးနှောက်တွင်းဖိအားများခြင်း၊ အသည်းတွင် အဆိပ်အတောက်ဖြစ်ခြင်း၊ အသည်းပျက်စီးခြင်း၊ Coma (သတိလစ်တာ) ဖြစ်ခြင်းအပြင် အသက်သေဆုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။
.

* Vitamin D — လိုတာထက်ပိုသုံးစွဲမိတဲ့အခါ ကိုယ်အလေးချိန်ကျတာ၊ အစားအသောက်ပျက်တာနဲ့ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်နိုင်ပါတယ်။ သွေးတွင်းကယ်လ်ဆီယမ်ဓာတ်ကိုလည်းတက်စေပြီး ကိုယ်တွင်းအင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။
.

* Vitamin E — လွန်ကဲစွာသုံးစွဲမိရင်တော့ သွေးခဲခြင်းမှာ ပြဿနာဖြစ်နိုင်ပြီး သွေးယိုစိမ့်တာနဲ့ အခန့်မသင့်ပါက လေဖြတ်တဲ့အထိပါ ဖြစ်သွားနိုင်ပါတယ်။
.

* Vitamin K — အဆိပ်အတောက်သိပ်မဖြစ်စေနိုင်ပေမယ့် Warfarin လိုမျိုး သွေးကျဲဆေးနဲ့ ပိုးသတ်ဆေးတွေရဲ့ အာနိသင်အပေါ် သက်ရောက်မှုရှိပါတယ်။

အခြားသောရောဂါများရှိသူတွေအနေနဲ့ ပိုပြီးဆိုးတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
..
..

????Vitamin တွေ လွန်ကဲစွာသောက်သုံးခြင်းက အသက်အန္တရာယ်ရှိသလား ?

Vitamin overdose ကြောင့် သေဆုံးတယ်ဆိုတာ အလွန်ရှားပါးပေမယ့်လည်း အလွန်အကျွံသုံးစွဲမိတဲ့အခါ ရှားရှားပါးပါး တစ်ခါတစ်ရံတွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် Vitamin A 200mg ခန့်ကို ဆယ်ကြိမ်ထက် ပိုသောက်မိတဲ့အခါမှာတော့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်တွင်း အရည်ဖိအားများလာတာ၊ Coma (သတိလစ်တာ) ဖြစ်တာနဲ့ သေစေနိုင်လောက်တဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးတာတွေအထိ ဖြစ်တတ်ပါတယ်။
..
..

‼️ အမှန်တော့ …

ဗီတာမင်ဓာတ်တွေ အားလုံးကို အစားအစာတွေကနေ သဘာဝအတိုင်း ရရှိနိုင်ပါတယ်။ မိမိက အစားအစာ အစုံအလင်ကို ပုံမှန်အတိုင်းစားသောက်နိုင်ပါက ထွေထွေထူးထူး အားဆေးဖြည့်စွက်စာ မလိုအပ်ပါ။

ဒါပေမယ့် ဆေးလိပ်သောက်သူ၊ ယမကာ မှီ၀ဲသူ၊ အစားအလွန်ရှောင်သူ၊ ထမင်းရည်ငှဲ့ချက်စားသူ၊ အစားစားနည်းသူ၊ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ၊ သွားနှင့်ခံတွင်းပြဿနာရှိသူ၊ အူလမ်းကြောင်းပြဿနာရှိသူ၊ အခြားရောဂါအခံရှိသူတွေ၊ သွေးရောဂါလူနာတွေ၊ တီဘီဆေးလိုမျိုး အချို့ဆေးတွေသောက်နေရသူတွေ…..အစရှိတဲ့ ဗီတာမင်တွေကို ပိုလိုအပ်တဲ့ အခြေအနေတွေမှာတော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။

သဘာဝအစာကို စားသုံးရင် ပမာဏလွန်နိုင်ခြေ နည်းပေမယ့် အားဆေးထဲမှာကျ သီးသန့်ဖြည့်ထားတာတွေဖြစ်လို့ လွန်ကဲနိုင်ခြေ ပိုများပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်လို့ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။

Reference : ????
https: //www. healthline. com/nutrition/can-you-overdose-on-vitamins#safety

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#Telekyanmar#telehealth
#telemedicine#teleconsultation
#တယ်လီကျန်းမာ#Vitamins

Ministry of Health,

National Unity Government.

Published on: 21 April 2023

Last updated: 21 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...