Vaping ရှူတာ အန္တရာယ် ရှိနိုင်လား (March, 2023)

Vaping ရှူတာ အန္တရာယ် ရှိနိုင်လား ?

Vaping ဆိုတာ e-cigarette နဲ့ vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်မျိုးထဲ ဓာတုရည် (e-liquid) ကို ထည့်ပြီး အပူပေးကာ ရလာတဲ့ အငွေ့ကို ရှူရှိုက်တာ ဖြစ်ပါတယ်။

စီးကရက်/ဆေးလိပ် သောက်တာနဲ့ ဆင်ပေမယ့် vaping မှာတော့ ဆေးရွက်ကြီး (tobacco) ကို မီးရှို့တဲ့အစား e-liquid အငွေ့ကို ရှူသွင်းတာ ဖြစ်ပါတယ်။
..
..

???? E-cigarette (Vape pen) ဆိုတာဘာလဲ ?

???? E-cigarette (Electronic Cigarette) ဆိုတာ e-liquid အရည်ကို အပူပေးပြီး ရှူသွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

????E-cigarette အမျိုးမျိုးကတော့….

Vapes, vape pens or sticks, e-hookahs, hookah sticks, mods, personal vaporizers(PVs) စသဖြင့် နာမည်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

ဒါတွေ အားလုံးကိုခြုံပြီး electronic nicotine delivery system (ENDS) လို့ ခေါ်နိုင်ပါတယ်။
..
..

???? E-cigarette အများစုမှာရှိတဲ့ အစိတ်အပိုင်းများ

(၁) အရည်တွေကို သိုလှောင်ပေးတဲ့နေရာ (tank)
( ကိရိယာတစ်ခုနဲ့တစ်ခု အရွယ်အစားကွာခြားမှုရှိပြီး e-liquid တွေကို ပြန်ဖြည့်လို့ရ​ပါတယ်။)

(၂) အရည်ကို အငွေ့အဖြစ် ပြောင်းလဲပေးမယ့် အပူပေးတဲ့အပိုင်း

(၃) အပူပေးတဲ့အပိုင်းကို အားသွင်းပေးမယ့် ဘက်ထရီ (battery)

(၄) အဖွင့်အပိတ်လုပ်ဖို့ ခလုတ် (တစ်ချို့က sensor ပါတဲ့အတွက် ရှူသွင်းတာနဲ့ အလိုအလျောက် ပွင့်သွားပါတယ်)

(၅) အငွေ့ကို ပါးစပ်ကနေ ရှူသွင်းဖို့ mouthpiece ပါတတ်ပါတယ်။
..
..

???? E-liquid ထဲမှာ ဘာတွေပါလဲ ?

E-liquid ကို e-juice (ဒါမှမဟုတ်) vape juice လို့ ခေါ်ပါတယ်။ E-liquid ကို Vape pen ထဲထည့်ပြီး အငွေ့ရှူကြတာပါ။ E-liquid မှာ…

(၁) ရေငွေ့

(၂) Flavoring လို့ ခေါ်တဲ့ အရသာရှိစေတဲ့အရာ
( Flavoring တစ်မျိုးစီမှာ သီးခြား ပါဝင်ပစ္စည်းတွေ ရှိပါတယ် )

(၃) Nicotine
( စီးကရက်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ E-liquid ထဲမှာလည်း ပါဝင်ပါတယ်။ နီကိုတင်းဟာ စွဲလမ်းတတ်တဲ့အပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ် )

(၄) အငွေ့ဖြစ်ဖို့သုံးတဲ့ Propylene glycol and glycerin (အလှဆီ)…. တို့ ပါဝင်ပါတယ်။
..
..

???? Vaping ဘယ်လို အလုပ်လုပ်လဲ?

????သေးငယ်တဲ့ ကိရိယာတစ်ခုကနေ ဘက်ထရီရဲ့ အကူအညီနဲ့ အရည်ကို အပူပေးပြီး ရလာတဲ့ အငွေ့ကို အဆုတ်ထဲ ရှူသွင်းကြတာကို Vaping လုပ်တယ်လို့ခေါ်ပါတယ်။

????ဒီအငွေ့ထဲမှာ နီကိုတင်း (nicotine) နဲ့ ဓာတုပစ္စည်း အမှုန်တွေ၊ ဆွဲဆောင်မှုရှိအောင် လုပ်ထားတဲ့ အနံ့ (flavoring) အမှုန်တွေနဲ့အတူ လေထုထဲမှာတဲ့ရှိ တခြားအရာဝတ္ထုတွေရဲ့ အမှုန်တွေလည်း ပါဝင်ပါတယ်။

????ဒီအမှုန်တွေကို e-cigarette လို့ခေါ်တဲ့ ကိရိယာမှာပါတဲ့ ပါးစပ်နဲ့ရှူလို့ရတဲ့ mouthpiece ကနေ ရှူသွင်းရပြီး လည်ချောင်းမှတစ်ဆင့် အဆုတ်ထဲကို ရောက်ရှိသွားတာဖြစ်ပါတယ်။
..
..

???? Vaping နဲ့ စီးကရက်သောက်တာ ဘာကွာလဲ ?

နှစ်မျိုးလုံးရဲ့ တူညီတဲ့အချက်ကတော့ nicotine နဲ့ တစ်ခြား ပါဝင်ပစ္စည်းတွေကို အဆုတ်ထဲ ရှူသွင်းကြတာ ဖြစ်ပါတယ်။

E-cigarette တွေမှာ အငွေ့ဖြစ်ဖို့ e-liquid ကို အပူပေးရပြီး စီးကရက်မှာတော့ ဆေးရွက်ကြီးကို မီးရှို့ရတာ ဖြစ်ပါတယ်။
..
..

???? Vaping က စီးကရက်သောက်တာထက် ပိုဆိုးလား ?

နှစ်မျိုးလုံးက စွဲလမ်းနိုင်ပြီး အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲ ရောက်ရှိစေပါတယ်။

စီးကရက်ထဲမှာ ဓာတုပစ္စည်းတွေ ပိုများပါတယ်။ Vape ကတော့ ပေါ်တာမကြာသေးလို့ ရေရှည်မှာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သေချာ မသိရသေးပါဘူး။

Vaping က စီးကရက်သောက်တာလောက် အန္တရာယ်မများဘူးလို့ ဆိုကြပေမယ့် ဓာတုအမှုန်တွေကို ရှူသွင်းတာဖြစ်တဲ့အတွက် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
..
..

???? Vaping ကြောင့် ဖြစ်နိုင်သော ကျန်းမာရေး ပြဿနာများ

(၁) ပန်းနာရင်ကျပ်ရောဂါ

Vaping က ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ ဖြစ်နိုင်ခြေ များစေပါတယ်။ ရှိပြီးသား ပန်းနာရင်ကျပ်ကို ပိုဆိုးစေပါတယ်။
.

(၂) အဆုတ်အမာရွတ်ဖြစ်ခြင်း

တစ်ချို့ vape တွေမှာ အသုံးပြုတဲ့ Diacetyl လို့ ခေါ်တဲ့ ဓာတုပစ္စည်းကြောင့် လေပြွန်တွေ ရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ် လို အမာရွက်တွေ (Popcorn Lung) ဖြစ်တတ်ပါတယ်။ .

(၃) ခန္ဓာကိုယ်အင်္ဂါတွေ ပျက်စီးတတ်ခြင်း

E-liquid မှာပါတယ့် nicotine နဲ့ ဓာတုပစ္စည်းတွေက နှလုံးနဲ့ ဦးနှောက်ကို ထိခိုက်စေပါတယ်။

Nicotine က ဦးနှောက်ဖွံ့ဖြိုးတာကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျဥ်းစေပြီး သွေးတိုးရောဂါလည်း ဖြစ်စေပါတယ်။
.

(၄) EVALI (e-cigarette or vaping, product use associated lung injury)

Vaping ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ရောဂါ ( EVALI) ကို ဖြစ်စေပါတယ်။ အဆုတ်ပျက်စီးပြီး ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ရင်ဘတ်အောင့်တာလိုမျိုး ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ EVALI ကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
.

(၅) စွဲလမ်းသွားခြင်း

Nicotine ဟာ အလွန်အမင်း စွဲလမ်းတတ်ပါတယ်။ ဦးနှောက်မှာ အပြောင်းအလဲဖြစ်စေပြီး nicotine ကို ထပ်ခါထပ်ခါ ပိုမိုလိုချင်နေတတ်ပါတယ်။

Vaping ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင်တောင် ဖြတ်ဖို့ ခက်ခဲနေတတ်ပါတယ်။

“Nicotine မပါပါ” (Nicotine free) ကြွေးကြော်ထားတဲ့ e-liquid တွေမှာတောင် nicotine အနည်းငယ် ရှိနေတတ်တဲ့အပြင် အမျိုးအမည်ခွဲခြားလို့မရတဲ့ ဓာတုပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။
.

(၆) ဆေးလိပ်သောက်တတ်သွားခြင်း

Vape စရှူတဲ့သူ တော်တော်များများဟာ နောက်ပိုင်းမှာ ပိုအန္တရာယ်များတဲ့ ဆေးလိပ်ကိုပါ သောက်တတ်သွားပါတယ်။
.

(၇) ပတ်ဝန်းကျင်အား ထိခိုက်စေမှု (Second-hand exposure)

Vaping ကြောင့် အငွေ့မထပေမယ့် အနီးအနားက လူတွေမှာ nicotine နဲ့ တခြား chemical တွေ ထိတွေ့မှုကို ဖြစ်စေပါတယ်။
.

(၈) ပေါက်ကွဲမှု

Vape ထဲရှိ battery ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရတာတွေ ရှိဖူးပါတယ်။
.

(၉) ကင်ဆာ

E-liquid ထဲရှိ ဓာတုပစ္စည်းတွေက ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

တစ်ချို့က ဆေးလိပ်ဖြတ်ဖို့ vaping လုပ်ကြပါတယ်။ ဒါဟာ တကယ်တော့ ထိရောက်မှုမရှိဘဲ vape ကိုပါ စွဲသွားနိုင်ပါတယ်။

ဒါ့ကြောင့် Vaping ကို ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတွေမှာ သောက်သုံးခွင့် ကန့်သတ်ထားပါတယ်။
.

???? ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာဖြစ်ဖြစ်၊ ခေတ်မီချင်လို့ Vape သောက်တာပဲ ဖြစ်ဖြစ်… Vaping ဆိုတာကလည်း ဆေးလိပ်သောက်တာနဲ့ နည်းတူ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့နော် ????

Reference: ????
https://my.clevelandclinic.org/health/articles/21162-vaping

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#vaping

Ministry of Health,

National Unity Government.

Published on: 20 March 2023
Last Updated: 20 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...