မီနူး

Stye

“မျက်စိစွန်ခြင်း (Stye)”

မျက်စိစွန်ခြင်းဟာ လူတိုင်းနဲ့ မစိမ်းလှတဲ့ မျက်စိနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျက်စိနီရဲ ရောင်ရမ်းပြီး နာကျင်ခံခက်ဖြစ်စေတဲ့ ဒီမျက်စိရောဂါအကြောင်းလေးကို ဆက်လက်ဖတ်ရှုရအောင်နော် …

???? မျက်စိစွန်တယ်ဆိုတာ…

မျက်ခွံအပြင်ဘက်မှာ ရောင်ရမ်းနာကျင်စေတဲ့ အဖုအလုံးရဲရဲလေးဖြစ်ပေါ်လာတာကို မျက်စိနာတယ်၊ မျက်စိစွန်တယ်လို့ ဆိုကြပါတယ်။

တစ်ခါတစ်ရံ မျက်ခွံအတွင်းဘက်မှာလည်း ဖြစ်တတ်ပါတယ်။ မွှေးကျွတ်နာ၊ အနာစိမ်း၊ ဝက်ခြံဖုပုံမျိုးနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ ပြည်တည်ရောင်ရမ်းနေတတ်ပါတယ်။
..
..

???? မျက်စိစွန်တဲ့ လက္ခဏာရပ်တွေကတော့…

• နီရဲရောင်ရမ်းတဲ့ ဝက်ခြံလို၊ အနာစိမ်းလို အဖုအလုံးကလေး မျက်ခွံပေါ်မှာ ဖြစ်ပေါ်လာမယ်

• တစ်ခါတစ်ရံ ပြည်တည်မယ်

• မျက်ခွံရောင်ရမ်းနာကျင်မယ်

• မျက်ရည်ပူတွေကျမယ်….ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။
..
..

???? မျက်စိစွန်စေတဲ့ အကြောင်းတရားတွေ

မျက်ခွံမှာရှိတဲ့ အဆီထုတ်ပေးတဲ့ဂလင်းလေးတွေမှာ ပိုးဝင်ရောင်ရမ်းရာကနေ မျက်စိစွန်၊ မျက်စိနာခြင်း ဖြစ်လာတာပါ။

မသန့်ရှင်းတဲ့လက်နဲ့ မျက်စိကို ကိုင်မိ၊ ပွတ်မိတဲ့အခါ (ဒါမှမဟုတ်) မျက်ကပ်မှန်တပ်ရသူတွေမှာ လက်မသန့်တာက တစ်ဆင့် (သို့) မျက်ကပ်မှန် မသန့်ရှင်းတာကတစ်ဆင့် ပိုးဝင်ရောင်ရမ်းစေပါတယ်။

ဒါ့အပြင် ညအိပ်ရာဝင်ခါနီး မျက်လုံးတစ်ဝိုက် မိတ်ကပ်မဖျက်မိတဲ့အခါ၊ နောက်ပြီး သုံးဖို့မသင့်တော်တဲ့ ရက်လွန်အလှကုန်ပစ္စည်းတွေ သုံးစွဲတဲ့အခါမှာ မျက်စိစွန်တာ ပိုလို့ဖြစ်စေပါတယ်။

နာတာရှည်မျက်ခွံရောင်ရမ်းရောဂါ (Blepharitis) လ်ို မျက်စိရောဂါအခံရှိတဲ့အခါမှာလည်း မျက်စိစွန်ဖို့အခွင့်အလမ်း ပိုများစေပါတယ်။
..
..

???? မျက်စိစွန်ခြင်းကို ဘယ်လိုကုသမလဲ

အများအားဖြင့် မျက်စိစွန်တာဟာ ရက်အနည်းငယ်ကြာတဲ့အခါ အလိုအလျောက် သက်သာပျောက်ကင်းသွားလေ့ရှိတတ်ပါတယ်။

မျက်စိစွန်၊ မျက်စိနာတဲ့အခါ မျက်စိနာကျင်ခံခက်ဖြစ်တာ သက်သာစေဖို့ ရေနွေးနွေးကလေးစွတ်ထားတဲ့ အဝတ်စသန့်သန့်နုနုကလေးနဲ့ မျက်ခွံလေးတွေအပေါ် အုပ်ပေး/ ကြပ်ထုပ်ထိုးပေးနိုင်ပါတယ်။

ရက်အတော်ကြာတဲ့အထိ မပျောက်ကင်းသေးရင်တော့ မျက်စိဆရာဝန်နဲ့ ပြသကုသမှုခံယူရပါမယ်။

ဆရာဝန်က မျက်စိစစ်ဆေးစမ်းသပ်ပေးပြီး ပိုးသတ်ဆေးပါတဲ့ မျက်စဥ်းတွေ၊ လိမ်းဆေးတွေ၊ နောက်ပြီး လိုအပ်ရင် ပိုးသတ်ဆေး သောက်ဆေးတွေ ညွှန်ကြားပေးပါလိမ့်မယ်။

ဆိုးရွားတဲ့ ပြည်တည်ရောင်ရမ်းပြီး တင်းမာနေတဲ့ မျက်စိစွန်ခြင်းဖြစ်ရင်တော့ အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ပြည်တွေကို ဖယ်ထုတ်ပစ်ရတာမျိုးလည်း ရှိတတ်ပါသေးတယ်။
..
..

???? မျက်စိစွန်ခြင်း ကင်းဝေးအောင်

အတတ်နိုင်ဆုံး မျက်စိနဲ့မျက်ခွံကို လက်နဲ့မထိမိ၊ မပွတ်မိအောင်နေပါ။ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် စနစ်တကျဆေးကြောပါ။ လက်သန့်ဆေးရည်သုံးပါ။

ရက်လွန်နေတဲ့ မျက်နှာလိမ်းအလှကုန်ပစ္စည်းတွေ မသုံးပါနဲ့။ မိတ်ကပ်ဖျက်ပြီးမှ အိပ်စက်ပါ။

ကိုယ်က မျက်ကပ်မှန်တပ်ရသူဆိုရင် မျက်ကပ်မှန်မတပ်မီ လက်ဆေးပါ။ မျက်ကပ်မှန်ကိုလည်း သန့်ရှင်းနေပါစေ။
..
..

မျက်စိစွန်ခြင်းမှ ကင်းဝေးကြပါစေ…

References ????
????Mayo Clinic | Stye

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#stye#မျက်စိစွန်ခြင်

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...