သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ Nappy rash (February, 2023)

သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ ( Nappy rash)

သေးခံ (Diaper) ဝတ်တဲ့ ကလေးတွေမှာ အရေပြားရောင်ရမ်းပြီး အနီစက်လို အစက်အပြောက် တွေကြောင့် မေမေတို့ စိတ်ညစ်ရဖူးပါသလား? အဲ့တာကို Nappy rash လို့ ခေါ်ပါတယ်။
ဒီလိုအစက်တွေက ကလေးငယ်ရဲ့ လိင်အင်္ဂါ၊ တင်ပါး၊ ပေါင်ခြံတို့လို သေးခံ (Diaper)နဲ့ ထိတွေ့ထားရတဲ့ အရေပြားနေရာတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

???? ဘယ်လိုကလေးတွေမှာ ဖြစ်တတ်လဲ?
– အသက် ၉ လ ကနေ တစ်နှစ်ကြားမှာ အဖြစ်များပြီး အသက် ၂နှစ် အရွယ် ထိ တွေ့ရတတ်ပါတယ်။ nappy rashပေါက်တဲ့ ကလေးတွေရဲ့ တစ်ဝက်လောက်ကတော့ ရောဂါလက္ခဏာ တော်တော်ဆိုးတာကို တွေ့ရပါတယ်။

???? လက္ခဏာတွေက ဘာတွေလဲ?
– အရေပြားက ရဲနေမယ်။ အစက်အပြောက်တွေထွက်ပြီး စိုစွတ်နေမယ်။ ကလေးဆီးထွက်တဲ့အချိန်မှာ ဆီးနဲ့အနာ ထိတွေ့မိတဲ့အတွက် စပ်ဖျဥ်းဖျဥ်းခံစားရပြီး ကလေးငိုနေရင် သတိထားရပါလိမ့်မယ်။

???? ဘာကြောင့် ဖြစ်ရသလဲ?
– အဓိကအားဖြင့်တော့ အရေပြားနဲ့ အညစ်အကြေးတွေဖြစ်တဲ့ ဆီးတွေ၊ဝမ်းတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေ စွန့်တဲ့အချိန်မှာ ဆီး၊ ဝမ်းမှာပါတဲ့ ဓာတုပစ္စည်းလေးတွေကြောင့် အသားလောင်သွားတာဖြစ်ပါတယ်။

– ဒါကြောင့် သေးခံ (Diaper) ပုံမှန်မလဲဘဲ တစ်ညလုံးအိပ်တဲ့ ကလေးတွေအတွက် သတိထားသင့်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကလေးတွေမှာဆိုရင် nappy rash ကို ပိုဖြစ်စေတဲ့ candida albican လို့ခေါ်တဲ့ မှိုတစ်မျိုး ကူးစက်နိုင်ဖို့ အခွင့်‌အရေး များပါတယ်။ (စိုစွတ်နေတဲ့ မျက်နှာပြင်ဟာ မှိုတွေ ပေါက်ရောက်နိုင်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

– နောက်တစ်ခု က ဝတ်ပေးတဲ့ သေးခံ (Diaper) အမျိုးအစားနဲ့လည်း ဆိုင်ပါတယ်။ ကလေး နဲ့ ဓါတ်မတည့်တဲ့ သေးခံ (Diaper)၊ ဓါတုပစ္စည်းတွေ ပါတဲ့ တံဆိပ်မျိုးနဲ့ ကြပ်လွန်းတဲ့ သေးခံ (Diaper) တွေ ဝတ်ရင်လည်း ဓါတ်မတည့်တာ၊ အရေပြားနဲ့ ပွတ်တိုက်မှု များတာကြောင့် nappy rash ပိုဖြစ်နိုင်ပါတယ်။

– မေမေတို့က ကလေးရဲ့ နူးနူးညံ့ညံ့အသားလေးကို ဆပ်ပြာ နဲ့ ခဏ ခဏ ပွတ်ဆေး‌ ပေးမိတာမျိုး၊ သေးခံ (Diaper) ဝတ်တဲ့ပတ်လည်မှာ ပေါင်ဒါတွေ အများကြီး လိမ်းမိတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

– နောက်ပြီး ကလေးရဲ့ မွေးရာပါ အရေပြားပြဿနာ‌ လေးတွေကြောင့်လည်း ပိုဖြစ်နိုင်ပါသေးတယ်။ ဥပမာ – sensitive skin ဖြစ်တဲ့ ကလေးတွေ (ပုံမှန်ကလေးထက် ဓါတ်မတည့်မှု များတာ)၊ အသားထူအ‌ရေပြား‌ ရောဂါ (psoriasis)၊ နှင်းခူရောဂါ ရှိတဲ့အခြေအနေတွေမှာ ဖြစ်နိုင်ပါတယ်။

???? သေးခံ ဝတ်ပေးသင့်၊ မဝတ်ပေးသင့် ?

ရောဂါရမှာကြောက်လို့ သေးခံ လုံးဝမဝတ်ပေးရတာမျိုးတော့ မဟုတ်ပါဘူး။ အောက်ပါအချက်လေးတွေအတိုင်း လိုက်နာပြီး သေးခံ ဝတ်ပေးနိုင်မယ်ဆိုရင် nappy rash မဖြစ်နိုင်ပါဘူး။

– သေးခံဝတ်ထားတဲ့ နေရာပတ်ပတ်လည်ကို ခြောက်သွေ့အောင် ထားပါ။ သေးခံမှာ အညစ်အကြေးတွေပေနေတာကို သတိထားမိတာနဲ့ ချက်ချင်း သေးခံလဲပေးပါ။
– သေးခံလဲတိုင်း အညစ်အကြေးတွေနဲ့ ပေပွနေတဲ့နေရာတွေကို ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်ရှင်းပေးပြီး အဝတ်သန့်သန့်နဲ့ ခြောက်အောင် ပြန်သုတ်ပါ။
– အညစ်အကြေးတွေနဲ့ ပေပွနေတဲ့နေရာတွေကို ဆေးကြောသန့်ရှင်းပေးတဲ့အခါ အတင်း မတိုက်ချွတ်ပါနဲ့။ အပျော့စား အရေပြားလိမ်းဆေးလေးတွေ (Nappy rash cream) ကို အနီစက် ထွက်တဲ့ ဧရိယာတလျှောက် လိမ်းပေးနိုင်ပါတယ်။
– အရေပြားကို တတ်နိုင်သလောက် လေကောင်းလေသန့်နဲ့ ထိတွေ့အောင် ထားပါ။
– အစက်အပြောက်တွေအများကြီးထွက်ပြီး ပြင်းထန်ခဲ့မယ်ဆိုရင်တော့ သေးခံကို အချိန်တော်တော်ကြာ ချွတ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
– ရေနဲ့ဆပ်ပြာသုံးပြီး ခဏခဏ မဆေးကြောပါနဲ့။ တစ်ပတ်ကို (၂-၃) ကြိမ်လောက်ဆို လုံလောက်ပါတယ်။
– ပလတ်စတစ်သေးခံတွေ ဝတ်တာ ရှောင်ပါ။
– ဓာတ်မတည့်တဲ့ အရေပြားရှိတဲ့ ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ နူးညံ့တဲ့ သေးခံလေးတွေ ဝတ်ပေးပါ။

???? တစ်ခါသုံး သေးခံတွေမသုံးတဲ့ မေမေများအတွက်
– စိုစွတ်နေတဲ့ သုံးပြီးသား သေးခံကို အညစ်အကြေးတွေ သန့်စင်သွားအောင် ရေထဲခဏ စိမ်ထားပါ။ ပြီးနောက် အနည်းဆုံး 60°C ရှိတဲ့ရေနွေးနဲ့ ဖွပ်လျှော်ပါ။
– သေချာခြောက်သွေ့အောင် အခြောက်ခံပြီးမှ ပြန်သုံးပါ။
– အစက်အပြောက်တွေက ဆက်တိုက်မ‌ပျောက်ဘဲ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တွေးနွေးပြီး မှိုသတ်ဆေးနဲ့ အပျော့စား ကော်တီဆုန်းခရင်မ်တွေ လိမ်းပေးလို့ ရပါတယ်။
– ဒါ့အပြင် ကလေးအရေပြားကို ရေဓာတ်ပြည့်ဝအောင် ရေဓာတ်ဖြည့်ခရင်မ် (ကလေးသုံး Moisturizer) လေးတွေလည်း ဖြည့်စွက်လိမ်းပေးလို့ ရပါတယ်။
– သေးခံတွေ လျှော်ဖွပ်ပြီးတိုင်း မိမိလက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။

ကလေးလေးတွေ ရှူးရှူးလောင်ပြီး နာလို့ ငိုနေရင် မေမေတို့လည်း စိတ်မချမ်းသာဖြစ်ရမှာပါ။
အဲ့တော့ သတိထားဖို့….
???? အရေးအကြီးဆုံးအချက်တွေ ထပ်ပြီး အကြံပြုရရင်

– အရေပြားကို သန့်ရှင်း ခြောက်သွေ့အောင်ထားပါ။
– အရေပြားကို ကာကွယ်ပေးတဲ့ ခရင်မ်အပျော့စားလေးတွေ (Zinc oxide, Petroleum jelly , Nappy rash cream) လိမ်းပေးနိုင်ပါတယ်။
– ဆပ်ပြာအပြင်းစားတွေ၊ ပလတ်စတစ်သေးခံတွေ မသုံးပါနဲ့။
– ကလေးကို ကြိမ်ဖန်များစွာ ရေချိုးပေးတာ၊ ဆေးကြောတာ မလုပ်ပါနဲ့။
– (၃-၄) ရက်အတွင်းမှာ အနာတွေမသက်သာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့။

???? ကလေးငယ်လေးတွေရှိတဲ့ မိဘများအတွက် အထက်ပါပြောပြထားတဲ့ အချက်လေးတွေကို လိုက်နာရင်း ကလေးအရေပြားလေး ကျန်းမာအောင် ဂရုစိုက်ကြပါလို့ အကြံပြုပါရ‌စေ။
Reference
https: // www. nhs. uk/conditions/baby/caring-for-a-newborn/nappy-rash/
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#သေးခံကြောင့်ဖြစ်တဲ့အနီစက်များ#Nappy_rash

Ministry of Health,

National Unity Government.

Published on: 10 February 2023
Last Updated: 10 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...