“သွေးဆုံးချိန် သွေးတိုးခြင်း” Menopause and High Blood Pressure (March, 2023)

“သွေးဆုံးချိန် သွေးတိုးခြင်း”

သွေးတိုးခြင်း/ သွေးပေါင်ချိန်တက်ခြင်းဆိုတာ သွေးကြောထဲစီးဆင်းနေတဲ့ သွေးရဲ့ဖိအားမြင့်လာခြင်း ဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာကတော့ အမျိုးသမီးတွေမှာ လစဉ်ပုံမှန်ဖြစ်တဲ့ ဓမ္မတာရာသီစက်ဝန်း ရပ်ဆိုင်းသွားခြင်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ “မ” ဟော်မုန်းဖြစ်တဲ့ estrogen နည်းသွားခြင်းကြောင့် ဖြစ်ရပါတယ်။

သွေးပေါင်ချိန်တက်တာရော သွေးဆုံးတာရောဟာ ရောဂါရယ်လို့ မဆိုသာပေမယ့် သူတို့ကြောင့် အခြားသောရောဂါများစွာ ဖြစ်နိုင်ခြေများပါတယ်။ သွေးဆုံးတာဟာလည်း သွေးတိုးစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
..
..

????သွေးဆုံးတာနဲ့ သွေးတိုးခြင်း ဘယ်လိုဆက်စပ်သလဲ ?

လူအများစုဟာ သွေးတိုးတာကို အမျိုးသားတွေမှာ ပိုဖြစ်တယ် ယူဆကြပေမယ့် ဒီယူဆချက်က မှားယွင်းနေပါတယ်။ American Heart Association (အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်း)ရဲ့ ထုတ်ပြန်ချက် အရ အမျိုးသမီးတွေသေဆုံးရခြင်းရဲ့ အကြောင်းအရင်း ၅၂% ခန့်ဟာ သွေးတိုးခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့်လည်း အသက်အရွယ်ကြီးလာတဲ့သူတွေမှာ သွေးပေါင်ချိန် တက်လာတတ်ပါတယ်။ ဒါ့ကြောင့် အသက်ကြီးလို့ သွေးဆုံးတဲ့အခါ သွေးတိုးရောဂါဖြစ်ခြင်းနဲ့ ပိုဆက်စပ်လာပါတယ်။
..
..

????သွေးဆုံးခါနီးနဲ့ သွေးဆုံးချိန်မှာ သွေးပေါင်ချိန်ဟာ အပြောင်းအလဲရှိပါတယ်။

* သွေးဆုံးခါနီး Perimenopause အချိန်မှာ အမျိုးသမီးတွေမှာ သွေးတိုးအစပျိုးလာတတ်ကြပါတယ်။ အရင်က သွေးဆုံးပြီးချိန် သွေးတိုးဖြစ်တာက ပိုတွေ့ရတတ်ပြီး ၂၀၁၅ လေ့လာတွေ့ရှိချက်တွေအရတော့ သွေးဆုံးခါနီးအချိန် သွေးတိုးဖြစ်တာ သိသိသာသာတိုးလာတယ်လို့ ဆိုပါတယ်။

* အသက် ၄၀ မတိုင်ခင် သွေးဆုံးခြင်းကို Premature menopause လို့ခေါ်ပါတယ်။ ဒီလို အရွယ်မတိုင်ခင်သွေးဆုံးသူတွေမှာလည်း သွေးတိုးဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

* Blood pressure UK အဖွဲ့ရဲ့အဆိုအရ သွေးဆုံးပြီးအမျိုးသမီးတွေမှာ နှလုံးရုတ်တရက်ဖောက်ခြင်း (Heart attack) ဖြစ်နိုင်ခြေဟာ ၅ ဆခန့် မြင့်လာတယ်လို့ ဆိုပါတယ်။ အဓိကဖြစ်နိုင်ခြေကတော့ သွေးဆုံးပြီးသွေးတိုးလာတာကြောင့် ဖြစ်ပါတယ်။
..
..

????ဘာကြောင့် ဒီလိုတွေဖြစ်ရလဲ ?

သွေးဆုံးတဲ့အခါ estrogen ဟော်မုန်းတွေဟာ သိသိသာသာ လျော့ကျသွားပါတယ်။ ဒီဟော်မုန်းဟာ သွေးကြောကျယ်စေပြီး သွေးလည်ပတ်မှုကောင်းအောင် ထိန်းပေးပါတယ်။

ဒါ့အပြင် cholesterol ကိုလည်း နည်းစေတာကြောင့် သွေးကြောနံရံတွေမှာ အဆီဖတ်လေးတွေကပ်ပြီး သွေးကြောကျဉ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ဒါ့ကြောင့် estrogen ဟော်မုန်း နည်းသွားတဲ့အခါ သွေးတိုးလာရခြင်း ဖြစ်ပါတယ်။

သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်လည်း တက်လာလေ့ရှိပါတယ်။ ဒီလို ကိုယ်အလေးချိန်တိုးလာတာကလည်း သွေးတိုးခြင်းကို ပိုဖြစ်နိုင်စေပါတယ်။

၂၀၁၄ လေ့လာချက်တွေအရ သွေးဆုံးပြီးသူတွေမှာ သွေးမဆုံးခင်သူတွေထက် သွေးထဲ ဆားပါဝင်မှု ပိုလာတာ တွေ့ရပါတယ်။ ဆားဓာတ်ကို ခန္ဓာကိုယ်က တုံ့ပြန်မှု (salt sensitivity) ပိုများလာပါတယ်။ ဆိုလိုတာက အရင်ကလို ဆားကို ပမာဏအတူတူပဲ စားပေမယ့်လည်း သွေးဆုံးပြီးရင် အရင်ကထက် ပို‌ပြီးသွေးတိုးတတ်တာပါ။ ကျောက်ကပ်ရဲ့ စွန့်ထုတ်မှုလုပ်ငန်းတွေကလည်း အရင်ထက် လျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်တွင်း ဆားနဲ့ ရေဓာတ် ပိုကျန်လာပြီး သွေးတိုးဖြစ်နိုင်‌ခြေ ပိုမြင့်လာပါတယ်။
..
..

????သွေးဆုံးချိန် သွေးတိုးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ ?

လုံးဝမဖြစ်အောင် ကာကွယ်လို့မရပေမယ့် အောက်ပါ လူမှုဘဝနေထိုင်မှုပုံစံ အပြောင်းအလဲ (lifestyle changes) တွေ ပြုလုပ်ပြီး သွေးတိုးဖြစ်နိုင်ခြေကို လျော့နည်းအောင် လုပ်နိုင်ပါတယ်။

ဒါတွေကတော့…

* ဆေးလိပ်ဖြတ်တာ

* အရက်လျှော့သောက်တာ

* ကော်ဖီလျှော့သောက်တာ

* ဆား စားသုံးမှုကို တစ်နေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ထက် ပိုမစားတာ

* ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ

* လေ့ကျင့်ခန်းပုံမှန်လုပ်တာ

* ကိုယ်အလေးချိန်ထိန်းတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
..
..

????သွေးဆုံးချိန် သွေးတိုးခြင်းကို ဘယ်လိုကုသကြမလဲ ?

တစ်ယောက်နဲ့တစ်ယောက် သောက်သုံးရမယ့်ဆေးအမျိုးအစားတော့ မတူနိုင်ပါဘူး။

ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားထားတဲ့ မိမိနဲ့သင့်တော်တဲ့ သွေးတိုးကျဆေးတွေကို အမြဲပုံမှန်သောက်သုံးဖို့ လိုပါတယ်။
..
..

????သွေးတိုးရှိသူအနေနဲ့ ဘယ်လိုထိန်းသိမ်းမှုတွေ လုပ်ရမလဲ ?

သွေးပေါင်ချိန်ကို ထိန်းထားပြီး နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်…

* လူနေမှုပုံစံပြောင်းလဲခြင်း

* သွေးပေါင်ချိန်ပုံမှန်တိုင်းခြင်း

* ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသခြင်း

* ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကို ပုံမှန်သောက်ခြင်းစတာတွေ ပြုလုပ်ရပါမယ်။

သွေးတိုးခြင်းဟာ များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်တာကြောင့် ပုံမှန်ထိန်းသိမ်းမှုပြုလုပ်ပြီး လေဖြတ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ဂရုစိုက်ရပါမယ်။

Reference: ????
https: //www. Medicalnewstoday. com/articles/menopause-and-high-blood-pressure-link-and-treatment#summary

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#သွေးဆုံးချိန်သွေးတိုးခြင်း

Ministry of Health,

National Unity Government.

Published on: 6 March 2023
Last Updated: 6 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မျိုးရိုးလိုက်သော ဆီးချို

"မျိုးရိုးလိုက်သော ဆီးချို" (လူနာသည် ဆေးစစ်ချက် အဖြေစာရွက်ကို ကိုင်ကာ မျက်နှာမကောင်းစွာဖြင့် ဆရာဝန်ရှေ့သို့ ရောက်လာသည်) ဆရာဝန်။ ကိုဘမောင်… ခင်ဗျားရဲ့ သွေးစစ်တဲ့ အဖြေတွေထဲမှာ ဆီးချိုတွေက အတော်လေးကို တက်နေတာဗျ။ သတိထားမှ ရတော့မယ့် အနေအထားပဲ။ လူနာ။ ဟုတ်ကဲ့ ဆရာ။ ထင်တယ်။ ကျွန်တော်လည်း တစ်နေ့နေ့မှာ ဆီးချို...

မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်ကို ပြုစုစောင့်ရှောက်သူများအတွက် အမှာစကား

ဒီအခန်းဆက် ဆောင်းပါးလေးမှာ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လူနာကိုလည်း ပြုစုရင်း မိမိကိုယ်ကိုယ်လည်း ပြန်လည်ရှာဖွေခြင်းလို့ အမည်ပေးထားပါတယ်။ မှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါ (Dementia) ဝေဒနာရှင်တစ်ဦးကို အိမ်မှာ အနီးကပ်ပြုစုရတဲ့ မိသားစုဝင်တွေဟာ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံးနဲ့ အနစ်နာအခံရဆုံးသူလေးတွေ ဖြစ်ကြပါတယ်။ လူနာရဲ့ စိတ်နေစိတ်ထား ပြောင်းလဲတာတွေ၊ ညဘက် မအိပ်တာတွေကို...

ခန္ဓာကိုယ်တွင်း ဇီဝနာရီ Circadian Rhythm

ဘာလို့ ညဘက်ဆို အလိုလို မျက်စိမှိတ်ချင်လာပြီး မနက်ခင်းဆို အချက်ပေးစက် မမြည်ခင်ကတည်းက အလိုလို နိုးလာတတ်တာလဲ။ ဒါက ကံတိုက်ဆိုင်တာ မဟုတ်သလို အလေ့အကျင့်သက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီပတ်လုံး တိတိကျကျ လည်ပတ်နေတဲ့ သဘာဝ "ဇီဝနာရီ" တစ်လုံး ရှိနေလို့ပဲ ဖြစ်ပါတယ်။...

အယူအဆလွဲများ (၄၀)

❌ အယူအဆလွဲ >>> ထိခိုက်ဒဏ်ရာ၊ အနာ ဒါမဟုတ် ခွဲစိတ်ထားမှုတစ်ခုခု ရှိနေချိန်မှာ ကြက်ဥစားလိုက်ရင် အနာပြည်တည်တတ်တယ်၊ ပုပ်လွယ်တယ်၊ အမာရွတ် ကျန်ခဲ့မယ်။ ☑️ အမှန် >>> ကြက်ဥဟာ အနာကျက်မြန်စေတဲ့ ပရိုတင်း (Protein) နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အနာရှိချိန်မှာ...