တင်းတိပ်ပြဿနာ “Melasma” (April 2023)

” တင်းတိပ်ပြဿနာ “

1️⃣ တင်းတိပ်ဆိုတာ ဘာလဲ ?

တင်းတိပ်ဆိုတာ အရေပြားမှာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Melanin တွေစုပြီး အမဲကွက်/ အညိုကွက်အနေနဲ့ အကွက်ခပ်ကြီးကြီး ပေါ်လာတာဖြစ်ပြီး များသောအားဖြင့် ပါးပြင်၊ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းအပေါ် ၊ မေးစေ့၊ လည်ပင်း၊ လက်မောင်းနဲ့ ကျောပြင်တွေမှာ အတွေ့များပါတယ်။

.

2️⃣ဘယ်သူတွေမှာ တင်းတိပ်ဖြစ်တာများလဲ ?

တင်းတိပ်က အသက် ၂၀ နဲ့ ၄၀ ကြားမှာ အဖြစ်များပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ပိုအဖြစ်များပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၉ ဆလောက် ပိုအဖြစ်များကြောင်းလည်း တွေ့ရှိရပါတယ်။

.

3️⃣ ဘာကြောင့် တင်းတိပ်ဖြစ်လဲ ?

နေရောင်ခြည်နဲ့ထိတွေ့မှု အချိန်ကြာခြင်းဟာ တင်းတိပ်ဖြစ်စေတဲ့ အဓိက အဖြစ်အများဆုံး အကြောင်းအရင်းပါ။

ဒါ့အပြင် ခန္ဓာကိုယ်မှာ အမျိုးသမီးဟော်မုန်းတွေ များနေတာ၊ ကိုယ်ဝန်တားဆေး အသုံးပြုနေတာ၊ laptop ၊ တီဗွီ၊ ဖုန်း အစရှိတဲ့ electronic devices တွေက ထွက်ရှိတဲ့ LED မီးအလင်းတန်းတွေနဲ့ ထိတွေ့မှုများတာ၊ Waxing မကြာခဏ ပြုလုပ်တာနဲ့ အသားအရေ ထိခိုက်စေတတ်တဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတာ စတာတွေကြောင့်လည်း တင်းတိပ်ဖြစ်စေပါတယ် ။

.

4️⃣ တင်းတိပ် သက်သာအောင် ဘယ်လိုလုပ်ရမလဲ ?

တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှောင်ရပါမယ်။

နေရောင်ခြည်နဲ့ ထိတွေ့တာများတဲ့အခါ SPF ပါဝင်တဲ့ Sunscreen ကို ၂ နာရီခြားတစ်ခါ လိမ်းပေးတာ၊ နေရောင်ခြည်ဒဏ်မှကာကွယ်ဖို့ ထီး၊ ဦးထုပ်ဆောင်းပေးတာတွေ ပြုလုပ်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန် တင်းတိပ်ထွက်တာကတော့ မွေးဖွားပြီးချိန်မှာ ပြန်လည်သက်သာသွားတာ များပါတယ်။

.

5️⃣ ဆေးခန်းပြဖို့ လိုအပ်လား ?

တင်းတိပ်ဟာ အဓိက အလှအပပြဿနာ ဖြစ်တာမို့ တင်းတိပ်ပျောက်ဖို့ ဆေးခန်းပြလို့ရပါတယ်။

တင်းတိပ်က အရေပြားအောက် Melanin တွေ စုပြီးဖြစ်တာကြောင့် Melanin နည်းလာအောင်….

• Azelaic Acid, Cysteamine, hydrocortisone, Topical alpha hydroxyacid, Vitamin C ပါတဲ့ Cream တွေ လိမ်းပေးလို့ရပါတယ်။

(ဆရာဝန် ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ်)

• အလှအပဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး Laser ပစ်တာ (ဒါမှမဟုတ်) Chemical peeling သုံးတာမျိုးတွေကလည်း တင်းတိပ်သက်သာစေပါတယ်။

• အချို့လူတွေမှာ Vitamin D နေ့စဉ် သောက်ခြင်းဖြင့်လည်း တင်းတိပ်သက်သာစေတာကို တွေ့ရှိရပါတယ်။

.

6️⃣ နိဂုံးချုပ်အနေနဲ့ ခြုံငုံပြောရရင်…

အဓိကအားဖြင့် နေရောင်ခြည်ကို နှစ်ရှည် ထိတွေ့မှုများတာကြောင့် တင်းတိပ် ဖြစ်လာခဲ့တာဆိုရင်တော့ ပျောက်ကင်းကုသဖို့ကလည်း အချိန်ကြာနိုင်ပါတယ်။

ဒါကြောင့် တင်းတိပ်မဖြစ်ရလေအောင် နေရောင်ခြည်ကာကွယ်တဲ့ Sunscreen တွေလိမ်းပေးတာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့ အကာအကွယ်အဖြစ် ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာ၊ လုံလုံခြုံခြုံရှိတဲ့ အင်္ကျီအဝတ်အစားတွေ ဝတ်ဆင်ပေးတာ စတာတွေနဲ့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။

တင်းတိပ်ဟာ ကျန်းမာရေးပြဿနာ ဆိုတာထက် အလှအပဆိုင်ရာ ပြဿနာတစ်ခုသာဖြစ်ပြီး၊ တင်းတိပ်ကနေ အရေပြားကင်ဆာ ပြောင်းတာမျိုးကတော့ မရှိပါဘူး။

Ref : ????https://my.clevelandclinic.org/health/diseases/21454-melasma

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#melasma#တင်းတိပ်

Ministry of Health,

National Unity Government.

Published on: 3 April 2023

Last Updated: 3 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...