ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 )

ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံးတွေ စမ်းမိရင် ( July, 2022 )

ကိုယ့်ခန္ဓာကိုယ်မှာ အဖုအကျိတ်အလုံး တစ်ခုခုစမ်းမိရင် လူတွေက တခဏတော့ တွေဝေကြောက်စိတ်ဝင်မိမှာပါပဲ။
အလုံးအကျိတ်အားလုံးကလည်းကင်ဆာမဟုတ်ပါဘူး။ ဒါကြောင့် အမြဲစိတ်ပူဖို့ မလိုပါဘူး။

????အလုံးအကျိတ်တစ်လုံးတွေ့ရင် အမြဲစိုးရိမ်ရလား?

????ခန္ဓာကိုယ် အပေါ်ယံ အရေပြားကနေ စမ်းလို့မိတဲ့ အလုံး အကျိတ်အများစုက စိုးရိမ်စရာမလိုပါဘူး။

????ဘယ်အခါ စိတ်မပူရဘူးလဲ?
????
– ကိုင်ကြည့်ရင်ပျော့တယ်
– ကိုင်ကြည့်ရင် လှုပ်လို့ရတယ် / ရွေ့သွားတယ်
– နာတယ် ( မနာတာလည်းဖြစ်နိုင်ပါတယ်။ ဥပမာ- အဆီကျိတ် lipoma / ချွေးပေါက်ပိတ်တဲ့အကျိတ် sebaceous cyst ဒါတွေက မနာတတ်ပါဘူး။)
– တစ်ခါတရံ လှုပ်ရှားမှုလုပ်လိုက်ရင် နာတယ် ၊ ကြီးလာတယ်။ အနားပေးလိုက်ရင် သက်သာသွားတယ် သေးသွားတယ် ( အများအားဖြင့် အားကစားသမားတွေမှာ ထိခိုက်မိ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အခါ အလုံးအကျိတ်ပေါ်တာမျိုးပါ-ဒါမျိုးဆိုရင်တော့ နားပါ။ ရေခဲအုံပါ။ ပတ်တီးစီးပါ။ အမြင့်မှာတင်ထားပါ။)

???? ဘယ်အခါ ဆရာဝန်နဲ့ပြသင့်သလဲ?
????
– ကိုင်ကြည့်ရင် မာတယ်
– မရွေ့ဘူး လှုပ်မရဘူး
– တဖြည်းဖြည်းနဲ့ ကြီးလာတယ်
– အထူးသဖြင့် အမျိုးသမီးများရဲ့ ရင်သား၊ အမျိုးသားတွေရဲ့ ငယ်ပါ၊ ချိုင်း၊ လည်ပင်းနေရာတွေဆိုပိုသတိထားသင့်ပါတယ်
– ဘယ်အဖုအကျိတ်အလုံးမဆို ၂လက်မထက်ကြီးလာရင် (သို့) စတင်သတိထားမိတဲ့အချိန်ကနေ တဖြည်းဖြည်းကြီးလာရင် သတိထားသင့်ပါတယ်
– အဖုအကျိတ် အလုံး အသစ်တစ်လုံး ထိမိခိုက်မိမဟုတ်ဘဲပေါ်လာပြီး တစ်ပါတ် နှစ်ပါတ်လောက်အတွင်းပျောက်မသွားရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်
– မြန်မာနိုင်ငံမှာက ကင်ဆာတခုထဲ မဟုတ်ဘဲ တီဘီပါ ခေါင်းထဲထည့်စဥ်းစားရမှာဖြစ်လို့ပါ

????အဖြစ်များတဲ့ အဖုအကျိတ် အကြောင်း အနည်းငယ်ရှင်းပြပါလား

????ဦးစွာပြောကြားချင်တာကတော့ အလုံးအကျိတ်ပေါ်တိုင်း ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။ ပိုးဝင်သွားတတ်ပါတယ်။

၁။ အဆီကျိတ် (lipoma)ကတော့လက်တွေ၊ ခြေထောက်တွေ၊ ဗိုက်၊ ခါး၊ ရင်ဘတ်၊ ကျော စတဲ့ နေရာစုံမှာ ဖြစ်နိုင်ပါတယ်။ တစ်နေရာမက တစ်လုံးမက ဖြစ်နိုင်ပါတယ်။ ကျောဘက်ဆိုရင်တော့ သတိထားတာ ကောင်းပါတယ်။ အများစုကတော့ ကင်ဆာ မဟုတ်ပါ။ မမာဘူး။ လှုပ်လို့ရတယ်။ အကျိတ်လေး စမ်းလို့မိနေတတ်ပါတယ်။ ပျောက်ချင်ရင်တော့ခွဲမှပျောက်မှာပါ။ ပြဿနာသိပ်မပေးရင်တော့ မခွဲလို့ရပါတယ်။ ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။

၂။ ချွေးပေါက်ပိတ်တဲ့အကျိတ် (sebaceous cyst) ကတော့ အမွှေးအမျှင်ရှိတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အလုံးမျက်နှာပြင်မှာ အပြာရောင်အစက်ကလေး တွေ့ရတတ်ပါတယ်။ ပိုးမဝင်သ၍ ပြဿနာမပေးတတ်ပါဘူး။ ကိုင်ကြည့်ရင် နည်းနည်းပျော့ပါတယ်။ မခွဲချင်ရင် ပိုးမဝင်အောင်နေပါ။ ပျောက်ချင်ရင်တော့ ခွဲမှ ပျောက်မှာပါ။ ဆေးတွေလျှောက်မလိမ်းစေချင်၊ မအုံစေချင်ပါ။

၃။ ချိုင်းကျိတ် လည်ပင်းကျိတ် ပေါင်ခြံအကျိတ် (lymphadenitis) ကတော့ တစ်နေရာရာမှာ ပိုးဝင်ရင် အနာဖြစ်ရင် သူနဲ့ သက်ဆိုင်တဲ့နေရာ lymphatic drainage areaမှာ အကျိတ်ပေါ်တတ်ပါတယ်။ ပေါ်လာရင် နာတာလည်းရှိသလို၊ မနာတာလည်းရှိပါတယ်။ ရိုးရိုးပိုးဝင်တာ ဖြစ်နိုင်သလို၊ တီဘီအကျိတ်တွေလည်းဖြစ်နိုင်ပါတယ်။ ၁-၂ပါတ်နဲ့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘာမှ လျှောက်မလိမ်းပါနဲ့ မအုံပါနဲ့။

ဒါတွေက အဖြစ်များပါတယ်။ ကျန်တာတွေလည်းရှိပါသေးတယ်။ ထပ်မှာချင်တာကတော့ ဘာမှ မလိမ်းပါနဲ့၊ မအုံပါနဲ့။ ၁-၂ပါတ်စောင့်ကြည့်လို့ မပျောက်ရင် ဆရာဝန်ပြပါ။ ဖြစ်ဖြစ်ချင်းပြလည်းရပါတယ်။ အပေါ်က ဆရာဝန်နဲ့ ပြရမယ့် အခြေအနေတွေကိုလည်း သတိထားစေချင်ပါတယ်။

နိဂုံချုပ်ပြောလိုတာကတော့ အဖုအကျိတ် အလုံး စမ်းမိတိုင်း အမြဲလည်းကြောက်နေစရာမလိုသလို မလိုအပ်တွေလည်းလျှောက်မလုပ်စေချင်ပါ။ တချိန်တည်းမှာပဲ မပေါ့ရမယ့် အနေအထားကိုလည်း မပေါ့ဆမှသာ အရေးကြီးတာ မလွတ်မှာဖြစ်ပါကြောင်း အသိပေးပြောကြားလိုက်ရပါတယ်။

ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး

Reference ????
https://health.clevelandclinic.org/lumps-bumps-body-worry/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 25 July 2022
Last Updated: 25 July 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...