ရင်သားအဆီကျိတ် “Fibrocystic Breast” (April 2023)

ရင်သားအဆီကျိတ် (Fibrocystic breast)

Fibrocystic breast ဆိုတာက ကင်ဆာမဟုတ်ဘဲ ရင်သားမှာ အဆီအလုံးအကျိတ်လေးတွေ ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရင်သားမှာ အလုံးအကျိတ်ဖြစ်တိုင်း ကြောက်စရာတော့မလိုပါဘူး။ Fibrocystic breast အမျိုးအစားဆိုရင် သိပ်စိုးရိမ်စရာမရှိပါဘူး။

အမျိုးသမီးတွေရဲ့တစ်ဝက်လောက်မှာ ဒီ Fibrocystic breast disease ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ဆိုကြပါတယ်။ အများစုကတော့ ရင်သားမှာ အလုံးအကျိတ်စမ်းမိတာကလွဲပြီး အခြားသောလက္ခဏာတွေတော့ မရှိတတ်ကြပါဘူး။

.

????Fibrocystic breast ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်သလဲ ?

* ရင်သားဖောင်းလာခြင်း၊ ရောင်လာခြင်း

* ရင်သားများတင်းနေခြင်း

* ကိုင်မိတဲ့အခါနာကျင်ခြင်း

* ရင်သားတစ်သျူး မာလာခြင်း

* ရင်သားတစ်ဘက်ထဲ (သို့မဟုတ်) နှစ်ဘက်လုံးတွင် အလုံးအကျိတ်များစမ်းမိခြင်း…. စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

???? ဒါ့အပြင် ရင်သားတစ်ဘက်ထဲမှာ တစ်လုံးထက်ပိုတဲ့ အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ပါတယ်။

???? ဟော်မုန်းအပြောင်းအလဲကြောင့် ရာသီမလာခင်မှာ အထက်ဖော်ပြပါ ခံစားရတဲ့ ရောဂါလက္ခဏာတွေက ပိုဆိုးနိုင်ပါတယ်။

???? Fibrocystic breast မှာဆိုရင် အဆီကျိတ်လေးတွေက ကြီးလာလိုက် သေးသွားလိုက်နဲ့ အရွယ်အစားပြောင်းလဲနိုင်ပြီး ရင်သားတစ်သျှူးတွေကြား နေရာရွေ့လို့ရပါတယ်။ ဒါပေမယ့် တစ်ခါတလေ အမျှင်တစ်သျှူး (fibrous tissue) တွေ များနေတဲ့အခါမှာတော့ အလုံးက ရွှေ့လို့ မရနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။

???? ချိုင်းအောက်နားမှာလည်း နာကျင်တာမျိုး ခံစားရနိုင်သလို နို့သီးခေါင်းက အညိုရောင် (သို့မဟုတ်) အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာတတ်ပါတယ်။ အရည်ကြည် (သို့မဟုတ်) သွေးရောင်အရည်တွေ ထွက်လာရင်တော့ ကင်ဆာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။

..

..

???? Fibrocystic breast ဘာကြောင့်ဖြစ်ရတာလဲ ?

သားဥအိမ်ကနေ ထုတ်တဲ့ဟော်မုန်းပေါ်မူတည်ပြီး ရင်သားမှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် Fibrocystic breast ဖြစ်ခြင်းဟာလည်း ဟော်မုန်းနဲ့ဆက်စပ်မှုရှိပါတယ်။

ဒီလိုဟော်မုန်းအပြောင်းအလဲတွေကြောင့် ရင်သားနာကျင်တာ၊ ရင်သားတင်းတာနဲ့ နာကျင်မှုရှိတဲ့ရင်သားအလုံးအကျိတ်တွေ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

ရင်သားမှာရှိတဲ့ အလုံးလေးတွေနဲ့ ဂလင်းတွေကြီးလာတာ၊ အရည်အိတ်လေးတွေ ဖြစ်လာတာနဲ့ fibrous tissue တွေ များလာတာတွေကြောင့် အဓိကဖြစ်ပါတယ်။

..

..

???? ဘယ်သူတွေမှာ အဖြစ်များလဲ ?

အမျိုးသမီးတိုင်း ဖြစ်နိုင်ပေမယ့် အသက် (၂၀) နဲ့ (၅၀) ကြား အမျိုးသမီးတွေမှာတော့ အဖြစ်အများဆုံးပါ။ သန္ဓေတားဆေးတွေက Fibrocystic breast ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပေမယ့် ဟော်မုန်းကုထုံးတွေက ပိုဆိုးစေနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့နောက်မှာတော့ ရောဂါလက္ခဏာတွေဟာ သက်သာသွားတတ်ပါတယ်။

..

..

???? Fibrocystic breast နဲ့ ကင်ဆာ ဘယ်လိုဆက်စပ်မှုရှိနိုင်လဲ ?

Fibrocystic breast ဖြစ်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ပိုမများစေနိုင်ပါဘူး။

ဒါပေမယ့် ရင်သားကင်ဆာရော ရင်သားအဆီကျိတ်ရောက ရင်သားမှာ အလုံးအကျိတ်ရှိတာခြင်းတော့ တူပါတယ်။

ဒါ့ကြောင့် ရင်သားကို ရိုးရိုးစမ်းသပ်စစ်ဆေးတဲ့အခါနဲ့ ပုံမှန်ဓာတ်မှန်ရိုက်တာမျိုးတွေမှာတော့ အလုံးအကျိတ်လို့ပဲ သိနိုင်၊ ပေါ်နိုင်တာမို့ တစ်ခါတလေ ခွဲခြားရခက်နိုင်ပါတယ်။

..

..

???? ဘယ်လိုစစ်ဆေးကုသမှု ခံယူမလဲ ?

ဆရာဝန်နဲ့ပြသပြီး ရင်သားကို စမ်းသပ်စစ်ဆေးမှုခံယူတာ၊ ရင်သားအတွက် အထူးဓာတ်မှန်ရိုက်တာတွေဖြစ်တဲ့ mammogram, ultrasound and MRI ရိုက်တာတွေ လုပ်ဆောင်နိုင်ပါတယ်။

ဒါ့အပြင် အပ်သေးသေးလေးနဲ့ အသားစ (biopsy) ယူပြီး စစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

.

Fibrocystic breast အတွက် ထူးထူးခြားခြားကုသမှု ခံယူဖို့တော့မလိုပါဘူး။

ရင်သားနာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်သလို သက်တောင့်သက်သာရှိတဲ့ bra အမျိုးအစားကို ရွေးချယ်ဝတ်တာမျိုးလုပ်လို့ရပါတယ်။

ဒါ့အပြင် အစားအသောက်ပုံစံ ပြောင်းလဲလိုက်တဲ့အခါမှာလည်း ရောဂါလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။ ကဖင်းဓာတ်လျှော့တာ၊ အဆီနည်းတာတွေစားတာ၊ fatty acids ဖြည့်စွက်ဆေးတွေ သောက်တာတွေ လုပ်သင့်ပါတယ်။

အမျိုးသမီးတိုင်းဟာ ပုံမှန်ရင်သားစမ်းသပ် စစ်ဆေးတာကို လုပ်သင့်ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အသက် ၅၀ နဲ့ ၇၄ ကြားအမျိုးသမီးတွေဟာ ၂ နှစ်တစ်ကြိမ် ရင်သားဓာတ်မှန် (mammogram) ရိုက်သင့်တယ်လို့ ပြောပါတယ်။

ရင်သားမှာ အလုံးအကျိတ်စမ်းမိတဲ့အခါ၊ ရင်သားအရေပြားမှာ နီတာ၊ ချိုင့်တာမျိုးတွေ့တဲ့အခါ၊ နို့သီးခေါင်းကနေ အရည်ကြည်/ သွေးရောင်အရည်တွေ ထွက်တဲ့အခါနဲ့ နို့သီးခေါင်းထိပ် ချိုင့်ဝင်နေတာ၊ ပြားနေတာမျိုးရှိတဲ့အခါ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

Reference: ????

https://www.healthline.com/…/fibrocystic-breast-disease…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#FA_breast#fibrocystic_breast

Ministry of Health,

National Unity Government.

Published on: 7 April 2023

Last updated: 7 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...