Essential Tremor (ခေါင်းတုန်လက်တုန်) (November, 2022)

ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ခေါင်းတုန်လက်တုန် လက္ခဏာမျိုးကို ဆေးပညာအရ essential tremor လို့ ခေါ်ပါတယ်။ ‌

လက်ဖျား၊ လက်မောင်းနဲ့ ဦးခေါင်းမှာ အဓိကတွေ့ရတတ်ပြီး အသံတုန်တာနဲ့ ခြေထောက်လိုနေရာတွေမှာပါ တုန်တာမျိုးလည်း ရှိတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အတွေ့ရများတယ် ဆိုပေမယ့် တကယ်တော့ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်တွေ့နိုင်ပါတယ်။

Essential လို့ ထည့်ခေါ်ရခြင်းကတော့ ဒီလိုတုန်ရခြင်းက နောက်ခံအကြောင်းရင်းတရား (အရင်းခံရောဂါ) မရှိဘဲ ဖြစ်တာကြောင့်ပါ။

ဒီရောဂါကို လူအများစုက ပါကင်ဆန်ရောဂါ (Parkison’s disease) နဲ့ ရောထွေးတတ်ကြပါတယ်။ အဓိကကွာခြားတဲ့တစ်နေရာကတော့ essential tremor ရဲ့ တုန်ခြင်းက လက်ဆန့်ထားရင် ပိုမိုသိသာပြီး ပါကင်ဆန်ရောဂါကတော့ ငြိမ်ငြိမ်နေရင် ပိုတုန်ပါတယ်။ လက်ကိုလှုပ်ရှားလိုက်ရင်တော့ အတုန်ရပ်သွားတတ်ပါတယ်။

????Essential tremor ရဲ့ ရောဂါလက္ခဏာများ

– လက်တစ်ဖက်မှာ အရင်ဆုံး မသိမသာစတုန်ပြီးမှ ကျန်တစ်ဖက်ကို ကူးတတ်ပါတယ်။

– လက်အပြင် ဦးခေါင်း၊ မေးစေ့၊ လျှာ တွေမှာပါ တုန်တတ်ပါတယ်။ ခြေထောက်အထိတော့ တုန်ခဲပါတယ်။

– ဦးခေါင်းတုန်တဲ့အခါ “yes … yes” ပုံစံမျိုး ခေါင်း တဆတ်ဆတ်ညိမ့်တာ ရှိသလို “no … no” ဆိုပြီး ခေါင်းတခါခါ တုန်တာမျိုးလည်း ရှိပါတယ်။ ခေါင်းကို ထိန်းပေးခြင်းဖြင့် တုန်တာကို ရပ်အောင်လုပ်နိုင်ပါတယ်။

– စာရေးတဲ့အခါ ၊ ကော်ဖီခွက်၊ ဇွန်း အစရှိတဲ့ ပစ္စည်းတွေကို ကိုင်တဲ့အခါမှာ အဓိက အခက်အခဲရှိပါတယ်။

– အသံကြိုးကိုပါ ထိရင်တော့ အသံပါတုန်တတ်ပါတယ်။

– စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ ကဖင်းဓာတ်ပါတဲ့ အစာ‌တွေကြောင့် ပိုဆိုးလာတတ်ပါတယ်။

– အယ်လ်ကိုဟောဓာတ်ကတော့ တုန်ခြင်းကို သက်သာ‌စေပါတယ်။

– အိပ်နေတဲ့အချိန်မှာတော့ အတုန်ရပ်တတ်ပါတယ်။

– ရောဂါလက္ခဏာ အပြင်းအပျော့ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။

❓ဘယ်သူ‌တွေမှာ ဒီအခြေအနေမျိုး ကြုံရတတ်လဲ

လူတစ်ထောင်မှာ လေးယောက်လောက် ဖြစ်တတ်တဲ့ ရောဂါလို့ ဆိုပါတယ်။ မျိုးရိုးလိုက်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေ ပိုများလာပါတယ်။

❓ဘာကြောင့်ဖြစ်ရတာလဲ

ဘာကြောင့်ဖြစ်ရသလဲဆိုတာ ခုထိ သေချာမသိသေးပါဘူး။ အာရုံကြောကလွှတ်တဲ့ ဓာတုပစ္စည်းတချို့က ပုံမှန်ရှိရမယ့် ပမာဏထက် ပိုမိုနည်းပါးလို့ ဒီလိုဖြစ်တယ်ရယ်လို့ တချို့ကလည်း ဆိုကြပါတယ်။

❓ရောဂါကို ဘယ်လိုစမ်းသပ်ရှာဖွေရမလဲ

ထွေထွေထူးထူး ရောဂါ‌ရှာဖွေစရာမလိုပါဘူး။ အများအားဖြင့် ဆရာဝန်က စမ်းသပ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

❓ဘယ်လိုကုသမှု ခံယူမလဲ

ကုသမှုမှာ အရေးပါတဲ့ အချက်တစ်ချက်ကတော့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး တတ်ကျွမ်းသူများရဲ့ အားပေးဆွေးနွေးမှုကို ခံယူခြင်းပါပဲ။ ဒီ‌ရောဂါဟာ အရှင်းပျောက်ဖို့ခက်ပြီး ဘဝတစ်သက်လုံး ကြုံတွေ့ရမယ့်အခြေအနေဖြစ်တာကြောင့် လူနာများအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကောင်းကောင်းသိထားသင့်ပါတယ်။ ဖြစ်လာတဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ အများအားဖြင့် ဆေးပေးကုတာမျိုး မလုပ်ကြပါဘူး။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်တာမျိုးတော့ လုပ်ခိုင်းပါတယ်။

အယ်လ်ကိုဟောနဲ့ တုန်တာသက်သာအောင် လုပ်မယ်ဆိုရင်လည်း ပမာဏကို ချင့်ချိန်ဖို့တော့လိုပါတယ်။ လိုတာထက်ပိုသုံးစွဲရင် ရောဂါအခြေအနေကိုတောင် ပိုဆိုးစေပါတယ်။

ဆေးသောက်ဖို့ မလိုအပ်ဘူးဆိုပေမယ့် တချို့လူနာတွေရဲ့ အခြေအနေအရ ဆေးပေးရတာမျိုးလည်း ရှိပါတယ်။ Propranolol လို (Beta Blocker) တွေ၊ အတက်ကျဆေးလို ဆေးမျိုးတွေ သောက်လို့ ရပါတယ်။

တချို့ကလည်း ဦးနှောက်ခွဲစိတ်ကုသတာမျိုး လုပ်ပြီး ပျောက်ကင်းသွားတာမျိုးလည်း ရှိပါတယ်။ Thalamus (ဦးနှောက်အစိတ်အပိုင်းတစ်ခု) ကို လှုံ့ဆော်ပေးတဲ့ ကုသမှုတစ်ခုကိုလည်း ခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြပါတယ်။

Reference ???? Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 341

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#tremor

Ministry of Health,

National Unity Government.

Published on: 26 November 2022
Last Updated: 26 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...