စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ECSTASY ( the love drug) (November, 2022)

ECSTASY ( the love drug)

Ecstasy ဆိုတာဘာလဲ?

Ecstasy ဟာ ဥပဒေအရပိတ်ပင်ထား​တဲ့ Amphetamine မျိုးနွယ်ဝင် စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ချင်လို့ သုံးကြတာပါ။

သူ့မှာပါတဲ့ အဓိက ဓာတုပစ္စည်းကတော့ Methylenedioxymethamphetamine (MDMA ) ဖြစ်ပါတယ်။ MDMA ကို စားချင်စိတ်လျှော့ချပေးတဲ့ဆေး ( Appetite Suppressant ) အနေနဲ့ ဖော်စပ်ခဲ့တာပါ။ Ecstasy ဟာ ယနေ့ခေတ် လူငယ်များအတွက် အန္တရာယ်အရှိဆုံး ဆေးဝါးများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Ecstasy ကို ဗန်းစကားအနေနဲ့ the love drug (သို့) MDMA လို့လည်း ခေါ်ကြပါတယ်။

များသောအားဖြင့် သောက်ဆေးအနေနဲ့ သောက်ကြပြီး ထိုးဆေးတွေလည်း ရှိပါတယ်။

????Ecstasy ရဲ့ အကျိုးသက်ရောက်မှုများ

ဆေးသောက်ပီး မိနစ် (၂၀) အတွင်း ရွှင်လန်းမြူးကြွစေပြီး ဆေးအာနိသင်ဟာ (၈) နာရီခန့် ကြာတတ်ပါတယ်။

သူ့မှာ…
၁။ ဆေးအာနိသင် တက်လာတဲ့အချိန် (Coming up)

၂။ ဆေးအာနိသင် အမြင့်ဆုံးမှာငြိမ်တဲ့အချိန် (Plateauing) နဲ့

၃။ ဆေးအာနိသင် ပြန်ကျချိန် (Coming down) ဆိုပီး အဆင့် (၃) ဆင့်ရှိပါတယ်။

ဆေးအာနိသင် တက်လာတဲ့အချိန်မှာ

– ကြွက်သားများ ( အထူးသဖြင့် မေးရိုးကြွက်သားများ) တောင့်တင်းခြင်း
– ထင်ယောင်ထင်မှားဖြစ်ခြင်း
– ပျို့ခြင်း၊ အန်ခြင်း
– စိတ်ရှုပ်ထွေးနေခြင်း
– အလန့်တကြားဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဆေးအာနိသင် ငြိမ်နေတဲ့အချိန်မှာတော့ ပျော်ရွှင်မြူးကြွနေပီး နိုးနိုးကြားကြား ရှိပါတယ်။

အာနိသင်ပြန်ကျသွားချိန်မှာတော့…

– အားအင်ကုန်ခန်းပီး ပင်ပန်းနွမ်းနယ်ခြင်း
– စိတ်ဓာတ်ကျလာခြင်း
– စိုးရိမ်ကြောင့်ကြခြင်း
– ညအိပ်မပျော်ခြင်း တို့ ဖြစ်တတ်ပါတယ်။

Hangover effect အနေနဲ့ Ecstasy သုံးအပြီး ရက်ပေါင်းများစွာအထိ စိတ်ဓာတ်ကျနေတတ်ပါတယ်။

” Overdose “

Ecstasy အလွန်အကျွံ သုံးစွဲသူတွေမှာ

–အတက်ရောဂါ (Epilepsy)၊ အသည်းပျက်စီးလာခြင်းနဲ့ အသက်ရှူရခက်လာခြင်းတို့ ဖြစ်တတ်ပါတယ်။

–ရုတ်တရက်နှလုံးခုန်ရပ်သွားခြင်း(Heart attack)၊ဦးနှောက်သွေးကြောပေါက်သွားခြင်း ( Cerebral Hemorrhage)၊ ခန္ဓာကိုယ်အပူချိန် လွန်ကဲတာ (Hyperthermia) တို့ကြောင့် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

– ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးပြီး ကျောက်ကပ်ပျက်စီးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

–Ecstasy နဲ့အတူ တခြားဆေးတွေသောက်တဲ့အခါ serotonin ဟော်မုန်းတွေ ပိုထွက်စေတဲ့ အန္တရာယ်ရှိတဲ့ serotonin syndrome လည်း ဖြစ်တတ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ အတက်ရောဂါ၊ စိတ်ရောဂါရှိသူတွေမှာ အန္တရာယ်ပိုဖြစ်စေတတ်ပါတယ်။

Overdose ဖြစ်လာပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ?

Ecstasy overdose ဖြစ်နေသူများဟာ

– ပူအိုက်ပြီး နေရထိုင်ရ ခက်ခြင်း
– စကားပြောတဲ့အခါမှာလည်း ရှုတ်ထွေးနေတတ်ပြီး ကောင်းစွာမပြောဆိုနိုင်ခြင်း
– ခေါင်းကိုက်ခြင်း
– ချွေးမပျံတော့ခြင်း
– မေ့လဲခြင်း
– ကြွက်တက်ခြင်း
– နှလုံးခုန်မြန်နေခြင်း
– ခန္ဓာကိုယ် လှုပ်ရှားမှုများကို မထိန်းနိုင်တော့ခြင်း
– ဆီးသွားရခက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

” Ecstasy ကို ရေရှည်သုံးစွဲသူများတွင် ဖြစ်တတ်သော နောက်ဆက်တွဲ ပြသနာများ “

– အံကြိတ်ခြင်းကြောင့် သွားများအက်ကွဲနေတတ်ခြင်း
– သွေးတိုးရောဂါ
– စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
– မှတ်ဉာဏ် ဆုံးရှုံးခြင်း
– အာရုံ မစိုက်နိုင်တော့ခြင်း
– လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ
– စိတ်ကျရာဂါ
– အာရုံကြောများ ပျက်စီးခြင်း
– လေးလံထိုင်းမှိုင်းပြီး အလုပ် လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ခြင်း

” ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ ပြသနာများ ဖြစ်ပေါ်ခြင်း”

ဥပမာအားဖြင့်…
– သမီးရည်စားများကြား အငြင်းပွားခြင်း၊ လက်တွဲဖြုတ်ခြင်း( break up)

– အာရုံ မစူးစိုက်နိုင်ခြင်းကြောင့် လုပ်ငန်းခွင်ပြဿနာများ (သို့မဟုတ်) သင်ယူလေ့လာမှုဆိုင်ရာ ပြသနာများ ကြုံတွေ့ရခြင်း

– ဥပဒေဆိုင်ရာ ပြသနာများ ဖြစ်ပွားခြင်း
( မူးယစ်ဆေးဝါး ပိုင်ဆိုင်မှု သို့မဟုတ် သုံးစွဲမှုကြောင့် ရဲဖမ်းခံရခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို ထောက်ခံ အားပေးသောကြောင့် ကျူးလွန်သော အကြမ်းဖက်မှု သို့မဟုတ် ရာဇဝတ်မှု)

–ငွေရေးကြေးရေး ပြသနာများ
( အလုပ်ဖြုတ်ခံရခြင်း ၊ အကြွေးတင်ခြင်း ၊ မူးယစ်ဆေးဝါး ကုန်ကျစရိတ် )

” Ecstasy နှင့် ပတ်သက်ပြီး လူတိုင်းသိထားသင့်သော အချက်များ “

– Ecstasy overdose ကြောင့် အသက်သေဆုံးနိုင်ပါတယ်။

– Heroin, Cocaine တို့နှင့်အတူ Ecstasy သည် ဥပဒေအရ ပိတ်ပင်ထားသော အန္တရာယ်များသော ဆေးတစ်မျိုး ဖြစ်ပါတယ်။

– တချို့သော စိတ်ကျရောဂါမှာ သုံးတဲ့ဆေးများကို Ecstasy နဲ့ တွဲသောက်ရင် အန္တရာယ်အလွန်များပါတယ်

– မိခင်လောင်းက Ecstasy ကို သောက်သုံးရင် သန္ဓေသားအား ထိခိုက်စေပါတယ်

– နာတာရှည် ရောဂါရှိသူများနဲ့ စိတ်ရောဂါရှိသူများလည်း Ecstasy ကို ရှောင်ကြဥ်သင့်ပါတယ်။

– Ecstasy ( the love drug) ဟာ ကာမအားတိုးဆေး မဟုတ်ပါဘူး။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ကျစေပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ

Ministry of Health,

National Unity Government.

Published on: 25 November 2022
Last Updated: 25 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...