ယုံမှားသံသယ လွန်ကဲခြင်း (သို့မဟုတ်) မဟုတ်တာကိုအဟုတ်ထင်ခြင်း (Delusion)

ယုံမှားသံသယ လွန်ကဲခြင်း (သို့မဟုတ်) မဟုတ်တာကိုအဟုတ်ထင်ခြင်း (Delusion)

အမှန်တကယ်မဟုတ်တဲ့ အကြောင်းအရာ (ဒါမှမဟုတ်) ယုံကြည်ချက်တစ်ခုခုကို သေချာစွာမစဥ်းစားနိုင်ဘဲ တကယ်ဖြစ်ပျက်နေတယ်လို့မြင်နေတဲ့စိတ်အခြေအနေမျိုးကို ယုံမှားသံသယလွန်ကဲတယ်လို့ခေါ်ပါတယ်။ တစ်ခါတလေမှာ လုံးဝမဖြစ်နိုင်တဲ့အရာတွေကို ဖြစ်နေတယ်လို့ ယုံမှားသံသယလွန်ကဲတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဆေးပညာစကားအရဆိုရင် “delusion” လို့ခေါ်ပါတယ်။

ဥပမာပြောရရင်…..

ကိုယ့်ကိုတစ်ယောက်ယောက်က လုပ်ကြံမယ်လို့ထင်နေတာမျိုး

– ကိုယ်က ဂြိုလ်သားတွေနဲ့ဆက်သွယ်နိုင်တယ်လို့ထင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

.

ပုံမှန်အားဖြင့်တော့ ယုံမှားသံသယလွန်ကဲခြင်းရှိသူတွေက သာမာန်လူတွေလိုပဲ ပြောဆိုနေထိုင်တတ်ကြပေမယ့် အခြားစိတ်ရောဂါတွေနဲ့တွဲလာရင်တော့ delusion ရှိမှန်း သိသာလာတတ်ကြပါတယ်။

.

.

♦ယုံမှားသံသယလွန်ကဲခြင်း (သို့မဟုတ်) Delusion အမျိုးအစားများ

၁။ ​သံသယစိတ်တွေများနေတာ (Delusion of persecution)

(ဥပမာ-တစ်ယောက်ယောက် (ဒါမှမဟုတ်) ကိုယ်နဲ့နီးစပ်တဲ့သူတစ်ဦးဦးက ကိုယ့်ကိုလာသတ်တော့မယ်၊အန္တရာယ်ပြုတော့မယ်လို့ ထင်နေတာမျိုးဖြစ်တတ်ပြီး အများဆုံးတွေ့ရလေ့ရှိတဲ့လက္ခဏာဖြစ်ပါတယ်။ )

၂။ ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာ (Delusion of grandeur)

(ဥပမာ – ကိုယ့်ဘာသာကိုယ် ဘုရင် ၊ သူဋ္ဌေးကြီး ၊ဘုရားလောင်း ၊ အစွမ်းအစအများကြီးရှိနေသူလို့ တကယ်မဟုတ်ဘဲ ထင်နေတာမျိုး)

၃။ မနာလိုစိတ်များနေတာ (Delusion of jealousy)

(ဥပမာ-ကိုယ်ရဲ့အိမ်ထောင်ဖက်၊ ရည်းစားက တကယ်မဖောက်ပြန်ဘဲ ဖောက်ပြန်တယ်လို့ အမြဲထင်နေတာမျိုး)

၄။ ဘာရောဂါမှမရှိဘဲနဲ့ ရောဂါရှိတယ်လို့ထင်နေတာ၊ခန္ဓာကိုယ်မှာတစ်ခုခုထိခိုက်နေပြီဟုထင်နေတာ (Somatic delusion)

(ဥပမာ-သာမာန်ကိုယ်လက်လှုပ်ရှားရင်း မောလာရင်တောင် နှလုံးရောဂါဖြစ်နေတယ်လို့ထင်ပြီး ပိုမောလာတာမျိုး)

၅။ တစ်ယောက်ယောက်က ကိုယ့်ကိုချစ်တယ်၊ကြိုက်တယ်ထင်နေတာ (Erotomanic delusion)

(ဥပမာ-နာမည်ကြီးမင်းသား၊အဆိုတော်တွေက ကိုယ့်ကိုကြိုက်နေတယ်ထင်ပြီး ကိုယ်ကအတင်းလိုက်ဆက်သွယ်နေတာမျိုး)

၆။ အပေါ်ကဖော်ပြထားတဲ့ရောဂါလက္ခဏာတွေ တစ်ခုထက်မကပိုရှိနေတာ (Mixed delusion) တို့ဖြစ်ပါတယ်။

.

.

♦ဘယ်လိုလက္ခဏာတွေရှိတတ်သလဲ?

ရောဂါရှိသူအများစုက ဒီတိုင်းကြည့်ရုံနဲ့မသိသာတတ်ပါဘူး။ တချို့သူတွေမှာတော့…

၁။ စိတ်တိုတာ၊ စိတ်မကြည်တာ

၂။ စိတ်ကယောင်ကတမ်းဖြစ်တာ ၊ လှုံ့ဆော်မဲ့အာရုံများ ပေါ်ပေါက်တာ (တကယ်မရှိတာတွေမြင်ရ၊ ကြားရ၊ အနံ့ရတာမျိုးတွေဖြစ်တာ)

၃။ ပတ်ဝန်းကျင်အနီးအနားကလူတွေကို ယုံကြည်မှုနည်းလာတာ

၄။ စိတ်ဓာတ်ကျတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

.

.

♦ဘာလို့ ယုံမှားသံသယလွန်ကဲရတာလဲ?

၁။ မျိုးရိုး​လိုက်တာ

မိသားစုထဲမှာ ယုံမှားသံသယလွန်ကဲသူ (ဒါမှမဟုတ်) စိတ်ကစဥ့်ကလျားရောဂါရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

၂။ ဦးနှောက်ဖွဲ့စည်းပုံ​မူမမှန်တာ

ဖြစ်စဥ်အကြောင်းအရာတွေကို အကျိုးအကြောင်းဆီလျော်စွာ စဥ်းစားသိရှိနိုင်အောင်လုပ်ပေးနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ မူမမှန်ရင်လည်း ယုံမှားသံသယ လွန်ကဲတတ်ပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့ အခြား အကြောင်းအရာတွေကြောင့်

စိတ်ဖိစီးမှုများခြင်း ၊ အရက်သောက်ခြင်းနဲ့ မူးယစ်ဆေးသုံးစွဲခြင်းတို့ကြောင့်လည်း ယုံမှားသံသယ လွန်ကဲတတ်ပါတယ်။

.

.

♦ ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ?

၁။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အသက်လတ်ပိုင်းနဲ့အသက်ကြီးပိုင်းတွေမှာ ပိုအတွေ့များတတ်ပါတယ်။

၂။ သီးခြားနေတတ်ပြီး လူအများနဲ့ပေါင်းသင်းဆက်ဆံတာမျိုးမရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ခြေရှိပါတယ်။

၃။ ရွှေ့ပြောင်းနေထိုင်သူတွေ (သို့မဟုတ်) ဒုက္ခသည်တွေ

၄။ အကြားအာရုံ ဒါမှမဟုတ် အမြင်အာရုံချို့တဲ့သူတွေ နဲ့

၅။ သက်ကြီးရွယ်အိုတွေမှာ တွေ့ရတတ်ပါတယ်။

.

.

♦ဘယ်လိုရောဂါရှိတဲ့သူတွေမှာ ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေ ရှိတတ်လဲ?

၁။ သတိမေ့ရောဂါ (Dementia)

၂။ စိတ်ဓာတ်တတ်လွယ် ကျလွယ်တဲ့ရောဂါ (Bipolar disorder)

၃။ ပါကင်ဆန်ရောဂါ (Parkinson’s disease)

၄။ စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia)

၅။ ကလေးမွေးပြီးနောက်ပိုင်း စိတ်ဝေဒနာခံစားနေရသူတွေမှာ တွေ့ရတတ်ပါတယ်။

.

.

♦မကုပဲထားရင် ဘာတွေဖြစ်နိုင်မလဲ?

၁။ စိတ်ဓာတ်အရမ်းကျလာတာ

၂။ တစ်ယောက်ထဲသီးသန့်ဖြစ်လာတာ

၃။ တစ်ယောက်ယောက်ကို အမြဲလိုက်ပြီးစောင့်ကြည့်နေတာ

၄။ ကိုယ့်ကိုယ်ကို (ဒါမှမဟုတ်) အခြားသူများကိုပါထိခိုက်အောင်လုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

.

.

*** ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေဟာ မသိသာတဲ့အပြင် ဖြစ်နေတဲ့သူကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ်မသိ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းမိသားစုထဲမှာ အထက်ဖော်ပြပါ ယုံမှားသံသယလွန်ကဲတဲ့လက္ခဏာတွေ တွေ့လို့ရှိရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသဖို့အကြံပေးသင့်ပါတယ် ***

References : ????

https://www.webmd.com/schizophr…/guide/delusional-disorder

https://www.verywellmind.com/definition-of-delusion-4580458

https://my.clevelandclinic.org/…/9599-delusional-disorder

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#delusion#ယုံမှားသံသယလွန်ကဲခြင်း

Ministry of Health,

National Unity Government.

Published on: 16 January 2023
Last Updated: 16 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ

"အလုံပိတ်နေရာကို ကြောက်တဲ့ Claustrophobia အကြောင်း သိကောင်းစရာ" ဓာတ်လှေကားထဲ ခြေချမိတိုင်း ရင်ဘတ်က တင်းကျပ်လာတာ၊ အသက်ရှူကျပ်လာတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေးထဲ ရောက်သွားရင် ချက်ချင်း အော်ဟစ်ထွက်ပြေးချင်စိတ်‌ ပေါ်ဖူးပါသလား။ ဒီနေ့မှာတော့ စိတ်ကျန်းမာရေး ဗဟုသုတအနေနဲ့ အလုံပိတ်နေရာတွေကို ကြောက်ရွံ့ရတဲ့ Claustrophobia အကြောင်းကို မျှဝေပေးပါရစေ။...... Claustrophobia ဆိုတာ...

“ဆေးမပါရင် ဝမ်းမသွားတော့လို့ပါ ဆရာ”

တစ်နေ့သ၌ ကျွန်တော်ရှိသော ဆေးခန်းလေးသို့ လူနာ ကိုမှတ်တစ်ယောက် ရောက်လာလေသည်။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်။ လူနာ - "ဆရာရယ်... ကျွန်တော် ဝမ်းနုတ်ဆေး သောက်လာတာ နှစ်နဲ့ချီနေပြီ။ အခုဆို ဝမ်းနုတ်ဆေး မသောက်ရင် လုံးဝ ဝမ်းမသွားတော့ဘူး။ ဆေးကို အမြဲအားကိုးနေရတာ စိတ်လည်းညစ်လာပြီ။ တစ်ခုခုဖြစ်မှာလည်း...

နွားနိုနဲ့ သံပရာသီးက တကယ်ပဲ မတည့်တာလား

🥛နွားနို့နဲ့ 🍋‍🟩သံပရာသီးက တကယ်ပဲ မတည့်တာလား သင်္ဘောသီးထောင်းလေးကို ချဥ်ချဥ်စပ်စပ်လေး သံပရာသီးလေး ညှစ်စားပြီး ခဏနေတော့ လက်ဖက်ရည်ဆိုင်မှာ နွားနို့ပူပူလေးတစ်ခွက် မှာသောက်ဖို့ကြံနေတုန်း "ဟဲ့... နွားနို့နဲ့ သံပရာသီး တွဲစားရင် ဗိုက်ထဲမှာ နို့တွေခဲပြီး သေတတ်တယ်နော်" ဆိုတဲ့ လူကြီးတွေ ပြောစကားကို နားထဲ ကြားယောင်လာတယ်။ တချို့ကလည်း...

အယူအဆလွဲများ (၄၂)

❌ အယူအဆလွဲ >>>> အတက်ရောဂါ (ဥပမာ - ဝက်ရူးပြန်ရောဂါ) ကြောင့် တက်နေတဲ့သူကို လျှာကိုက်မိပြီး သွေးထွက်မှာစိုးလို့ ပါးစပ်ထဲကို ဇွန်း၊ တုတ် ဒါမှမဟုတ် လက်ချောင်းတွေ ထည့်ပြီး ကိုက်ထားခိုင်းလေ့ ရှိကြတာ။ ☑️ အမှန် >>>> တက်နေတဲ့အချိန်မှာ မေးရိုးကြွက်သားတွေက အလွန်အားပြင်းပါတယ်။...