See our latest stories

written by our lovely staff members

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...

ခြင်နှင့် သွေးလွန်တုပ်ကွေး

လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလကပေါ့။ ပထမဆုံး ဆေးရုံညဂျူတီ ဆင်းရတဲ့ ညတစ်ညမှာ ပထမဆုံး လက်လွှတ်လိုက်ရတဲ့ လူသားတစ်ယောက်အကြောင်းဆိုတာ ဘယ်တော့မှ မေ့မရတဲ့အရာ ဖြစ်လာတာပေါ့။ လူနာက ကောင်လေး ဝဝတုတ်တုတ်။ လူကြီး (၂) ယောက်ဝိုင်းမပြီး ဆေးရုံခုတင်ပေါ် မနည်းတင်ရတယ်။ ဝါ့ဒ်ထဲ ရောက်လာချိန်က နေ့ဆိုင်းဂျူတီသမားတွေ ပြန်ခါနီး...

ဟန်တာဗိုင်းရပ်စ်

ဟန်တာဗိုင်းရပ်စ် မနေ့က မနက်ခင်း ကော်ဖီလေးသောက်ရင်း နိုင်ငံတကာသတင်းတွေ ဖတ်နေတုန်း ကျွန်တော့်မှာ ထိတ်လန့်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဇာတ်လမ်းက ဒီလိုဗျ။ တောင်အမေရိကတိုက်ရဲ့ အစွန်ဆုံး အာဂျင်တီးနားနိုင်ငံကနေ ထွက်ခွာလာတဲ့ MV Hondius ဆိုတဲ့ ဇိမ်ခံ အပျော်စီး ပင်လယ်ကူး သင်္ဘောကြီးတစ်စီး ရှိတယ်။ အဲဒီသင်္ဘောကြီးပေါ်မှာ နိုင်ငံပေါင်းစုံက...

ဝက်သက်ရောဂါအကြောင်း

ဒီရက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးငယ်တွေ ဝက်သက်ရောဂါ အဖြစ်များနေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိသွားပြီလို့ သတင်းတွေအရ သိရှိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝက်သက်ကာကွယ်ဆေး ထိုးနှံမှုအပိုင်းမှာ ပြည့်စုံလုံလောက်စွာ ထိုးနှံမှု မပြုနိုင်ခဲ့တာကြောင့်ဖြစ်ပြီး၊ အခုအခါမှာတော့ အရေးပေါ် အခြေအနေတစ်ရပ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...

ART ဆေး ခက်ခဲနေသူများနှင့် HIV ပိုးရှိလူနာများအတွက် အထွေထွေအကြံပြုချက်များ

လက်ရှိကာလမှာ အခြေအနေအမျိုးမျိုးကြောင့် အေအာတီဆေး ဆက်လက်ရရှိဖို့ခက်ခဲနေတဲ့ သောက်လက်စလူနာတွေ၊ ဆေးပြတ်သွားတာ ကြာနေတဲ့လူနာတွေ၊ ပိုးရှိမှန်းသိပေမယ့် ဆေးစသောက်ဖို့ကို လက်လှမ်းမမီသေးတဲ့သူတွေ အများကြီးရှိနေနိုင်မှာကို နားလည်ပါတယ်။ ဆေးကိစ္စအတွက် တွေးတောနေရရင်း ရောက်တဲ့နေရာဒေသအသစ်အသီးသီးမှာ ဖွင့်ပြောလိုက်ရင် ခွဲခြားဆက်ဆံမှု ရှိမလား/မရှိဘူးလားကို စိုးရိမ်နေကြတာတွေလည်း ရှိကြမှာပါ။ ဒီလိုမှန်းရခက်တဲ့ အခက်အခဲတွေကြားထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတဲ့သူတွေ အများရှိတယ်ဆိုတာကို သိလည်းသိသလို...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ခွေးရူးပြန်ရောဂါအကြောင်း Rabies

ခွေးရူးပြန်ရောဂါဆိုတာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး၊ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေတဲ့ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ သေစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးပြန်ရောဂါရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးကနေတစ်ဆင့် ကူးစက်လာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရပါတယ်။ ခွေးရူးပြန်ရောဂါရှိနေနိုင်တဲ့ တိရစ္ဆာန်တွေကတော့ လင်းနို့၊ မြေခွေးနဲ့ ဝံပုလွေအုပ်စုတွေဖြစ်ပြီး ဖွံဖြိုးဆဲ နိုင်ငံတွေမှာတော့ လမ်းဘေးခွေးတွေကနေ...