မီနူး

See our latest stories

written by our lovely staff members

ဘာကြောင့်လေဖြတ်ရတယ် Stroke (Part 1) ( August, 2022 )

ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်... အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး...အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။ တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း.....https://www.facebook.com/Tele-Physiotherapy-102788082130988/ ----------------------။ ။----------------------- လေဖြတ်ခြင်း...

မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း Angina ( August, 2022 )

မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း ( Angina ) ● နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းအောင် လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။● နှလုံးမှာ ရောဂါတစ်ခုခုဖြစ်လာခဲ့ရင် အသက်အန္တရာယ်ကိုပါ ဖြစ်စေတတ်ပါတယ် ။● ဒါ့ကြောင့် နှလုံးရောဂါမဖြစ်ခင် ရှေ့ပြေးနိမိတ်ကိုကြိုသိထားရ် ရောဂါအခြေအနေမဆိုးအောင် ကာကွယ်နိုင်ပြီး အသက်အန္တရာယ်လျော့ပါးသွားမှာဖြစ်ပါတယ်။● ဒီနေ့မှာတော့ နှလုံးနဲ့ပတ်သတ်ပြီး...

နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )

နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...

ပန်းနာရင်ကြပ်ရောဂါ Asthma(June,2022)

ပန်းနာရင်ကြပ်ရောဂါ (Asthma) ❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ ကျဥ်းသွားတယ်ဆိုတာဟာ (၁) လေပြွန်ရောင်ခြင်း (၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း (၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို) အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်) ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း မတည့်သောအစာများ...

ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း Deep Vein Thrombosis ( May, 2022 )

ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း (Deep Vein Thrombosis) DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။ သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။ သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။ ❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။ ❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ -...

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း Varicose Vein ( May, 2022 )

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ? ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။ အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့)...

နှလုံးအားနည်းခြင်းရောဂါအကြောင်း Heart Failure ( May, 2022 )

နှလုံးအားနည်းခြင်းရောဂါအကြောင်း ( Heart Failure ) နှလုံးဟာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ "နှလုံးအားနည်းခြင်းရောဂါ"အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်..... ❓ဘာကြောင့်ဖြစ်ရတာလဲ အဓိကကတော့...(၁) နှလုံးညှစ်အား မကောင်းတာရယ်(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေတောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ နှလုံးအားနည်းတဲ့...

နှလုံးခုန် စည်းချက်မမှန်ခြင်း Atrial Fibrillation ( April, 2022 )

နှလုံးခုန် စည်းချက်မမှန်ခြင်း ( Atrial Fibrillation ) နှလုံးခုန် စည်းချက်မမှန်တဲ့ရောဂါတွေထဲမှာ Atrial Fibrillation ( A Fib )ဟာ အင်မတန်မှအတွေ့ရများတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါရဲ့ အဆိုးဆုံး နောက်ဆက်တွဲဆိုးကျိုးတွေကတော့(၁) လေဖြတ်ခြင်း နဲ့(၂) နှလုံးညှစ်အားနည်းခြင်း/ နှလုံးအားနည်းခြင်း ( Heart Failure...