See our latest stories

written by our lovely staff members

အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ?

အသည်းကွဲလို့ ရင်ကွဲနာကျလို့ သေနိုင်လား ? အသည်းကွဲဝေဒနာ ( Broken Heart Syndrome ) ဆိုတာ ဆေးပညာမှာ တကယ်ရှိပါတယ်။ ဒီ Broken Heart Syndrome ဆိုတာ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက် ဆုံးပါးတာ၊ ချစ်ရသူနဲ့ လမ်းခွဲရတာ စတဲ့ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေကြောင့် ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ...

အဆုတ်ကင်ဆာ (Lung cancer)

အဆုတ်ကင်ဆာ (Lung cancer) အဆုတ်ကင်ဆာအကြောင်း.... အဆုတ်ကင်ဆာကို အင်္ဂလိပ်လို Lung cancer လို့ခေါ်သလို နောက်တစ်မျိုး bronchial carcinoma လို့လည်း ခေါ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ကင်ဆာအားလုံးထဲမှာမှ အသေအပျောက်အများဆုံးက အဆုတ်ကင်ဆာကြောင့် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာဆိုရင် ကင်ဆာကြောင့် သေဆုံးမှုများရဲ့ ၂၅ ရာခိုင်နှုန်းဟာ အဆုတ်ကင်ဆာကြောင့်ဖြစ်ပြီး အမျိုးသမီးထုကြီးမှာ...

သတိလစ်မေ့မြောခြင်း (Fainting / Syncope)

( ဆေးပညာအရ syncope ၊ အရပ်အခေါ် fainting )ဆိုတာဟာ ဦးနှောက်ကိုရောက်တဲ့ အောက်စီဂျင်ပမာဏ နည်းလို့ ရုတ်တရက်ခဏတာ သတိလစ်တာကိုပြောတာပါ။ ဒီလိုသတိလစ်တာဟာ စက္ကန့်ပိုင်းကနေ ၃ မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ( vasovagal attack ဒါမှမဟုတ် passing out လို့လည်း သုံးကြပါတယ် ) လူနာအများစုမှာ...

Statin Drugs( သွေးတွင်းအဆီကျဆေးအကြောင်း) (December, 2022)

သွေးတွင်းအဆီကျဆေး ( Statin Drugs ) အကြောင်း သွေးတွင်းအဆီကျဆေးတွေထဲမှာမှ Statin အုပ်စုက LDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်မကောင်းတဲ့အဆီဓာတ်ကို အဓိကကျစေပါတယ်။ Statin အုပ်စုမှာ Atorvastatin, Fluvastatin, Lovastatin, Pitavastatin, Paravastatin, Rosuvastatin နဲ့ Simvastatin စသဖြင့် အမျိုးအစားများစွာရှိပါတယ်။ Statin...

How to quit smoking “ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ” (November, 2022)

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။ အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။ second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့်...

TB- tuberculosis (တီဘီရောဂါ)ကို မေ့နေကြပြီလားနှင့် ဆေးယဉ်ပါးတီဘီ

????တီဘီရောဂါပိုးဟာ တစ်ခေတ်တစ်ခါက ကြောက်မက်ဖွယ်ကောင်းတဲ့ရောဂါဆိုးတစ်ခုလို နာမည်ဆိုးခဲ့ပြီး နောက်ပိုင်းမှာတော့ ကုသမှု guidelinesတွေ စနစ်တကျပေါ်လာတယ်၊ ထိထိရောက်ရောက် DOTS programတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်လို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုထိတော့ မရှားသေးသလို ယခုအခါမှာ လူတွေက တဖန်ပြန်ပေါ့ဆသလိုဖြစ်လာတာမို့ ဆေးယဉ်ပါးတီဘီတွေ ပိုများလာလို့ အိမ်စာလေး ပြန်နွှေးလိုက်ရပါတယ်။ ????တီဘီရောဂါပိုးဟာ...

Common Cold (အအေးမိဝေဒနာ) (September, 2022)

မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး... ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ် အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော် ဘာကြောင့် အအေးမိတာလဲ ? အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ...

ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ Childhood Asthma (September,2022)

ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ (Asthma) ကလေးတွေ တဟွတ်ဟွတ်နဲ့ ချောင်းဆိုနေပြီ၊ ချွဲထနေပြီ၊ ရင်ကျပ်လာပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားမိလို့လား၊ အအေးမိတုပ်ကွေးများလား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာများလား၊ ဘာနဲ့များ ဓာတ်မတည့်လို့လဲ....စသဖြင့်ပေါ့နော်။ နောက်ထပ် ထည့်တွက်စရာ အခြေအနေတစ်ခုက ကလေးမှာ ပန်းနာရင်ကျပ်များ ဖြစ်နေမလားဆိုတာပါပဲ။ “ပန်းနာရင်ကျပ်” ဆိုတာ အဆုတ်ထဲက လေပြွန် (bronchus)တွေ...