MENU

See our latest stories

written by our lovely staff members

နှလုံးတစ်ချက်နဲ့ တစ်ချက် ခုန်တဲ့ကြားက အချိန်ကွာဟချက် အပြောင်းအလဲ Heart Rate Variability

​ကျန်းမာရေးဂရုစိုက်ကြပြီဟေ့ဆိုရင် ကျွန်တော်တို့တွေက ကိုယ်အလေးချိန် ဘယ်လောက်ကျသွားပြီလဲ၊ လက်မောင်းကြွက်သားလေးတွေ ဘယ်လောက် တက်လာပြီလဲဆိုတဲ့ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကိုပဲ အရင်ဆုံး ပြေးကြည့်တတ်ကြတာ လူ့သဘာဝပါပဲဗျာ။ ပြေးစက်ပေါ်မှာ မမောတမ်း ပြေးနိုင်တာ၊ အလေးတုံးတွေ မနိုင်တာကလည်း ကျန်းမာရေးအတွက် တကယ်ကို ကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုတွေပေါ့။​ ဒါပေမယ့် ​လူတွေ သိပ်မသိသေးတဲ့ (HRV)...

သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ

🩸သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ။ "ကားတစ်စီးမှာ ဆီဒိုင်ခွက် လိုသလိုပဲ၊ သင့်ခန္ဓာကိုယ်အတွက် သွေးပေါင်ချိန်စက်ဆိုတာ အရေးကြီးတဲ့ အချက်ပြဒိုင်ခွက်ပါ" အမေရိကန် နှလုံးအသင်း (American Heart Association) ကတော့ သွေးတိုးရှိသူတိုင်း ဆေးကုသမှုတွေ ထိရောက်မှု ရှိ/မရှိ ဆရာဝန်တွေ သိနိုင်အောင် အိမ်မှာ သွေးပေါင်ချိန်တိုင်းဖို့ အကြံပြုထားပါတယ်။...

‎အမြင့်ဆုံး နှလုံးခုန်နှုန်း (Maximum Heart Rate – MHR) ဆိုတာ ဘာလဲ

‎အမြင့်ဆုံး နှလုံးခုန်နှုန်း (Maximum Heart Rate - MHR) ဆိုတာ ဘာလဲ။‎‎အရင်တစ်ရက်က ဇုန်တွေအကြောင်းကို ရေးပြီးပြီဆိုတော့ ဒါလေးလည်း ရေးဖို့လိုလာပါတယ်။ လေ့ကျင့်ခန်းလုပ်တုန်း နှလုံးခုန်နှုန်း ဇုန်တွေကို တွက်ချင်ရင် ကိုယ့်ရဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်း (MHR) ကို သိဖို့လိုပါတယ်‌နော့်။ MHR ဆိုတာ...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

နှလုံးအားနည်းခြင်းအကြောင်း

‎လူအများစု အပြောများကြတဲ့ နှလုံးအားနည်းတယ်ဆိုတာဟာ ဘာကိုဆိုလိုမှန်း အတိအကျ သိပါသလား။ တကယ်တော့ ‎နှလုံးအားနည်းတယ်ဆိုတာဟာ ‌ရောဂါတစ်ခုအတွက် တိကျတဲ့ဆိုလိုရင်း မဟုတ်ပါဘူး။…‎… ဒီအကြောင်းကို မပြောခင်မှာ အရင်ဆုံး နှလုံးရဲ့အခြေခံအချက်တွေကို သိထားသင့်ပါတယ်။‎‎နှလုံးဟာ လူအများစုရဲ့ ဘယ်ဖက်ရင်ဘတ်ထဲမှာ တည်ရှိ‌နေပြီး လက်သီးဆုပ်ခန့် အရွယ်အစား ရှိပါတယ်။ သူ့ကို နှလုံးကြွက်သားတွေနဲ့ တည်‌ဆောက်ထားပြီး အပေါ်ယံမှာ...

ပိုလီယိုအကြောသေရောဂါ လက္ခဏာများ(ဇန်နဝါရီ၊ ၂၀၂၆)

ပိုလီယိုအကြောသေရောဂါ လက္ခဏာများ ဖျားခြင်း ကြွက်သားနာကျင်ခြင်း အစာစားချင်စိတ်မရှိခြင်း မအီမသာဖြစ်ခြင်း ကြွက်သားကိုက်ခဲခြင်း ခြေလက်များ ထုံကျဉ်ခြင်း ခြေ/လက်/ခြေရောလက်ပါ ပျော့ခွေခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: PAHO and WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊...

ညဘက်အလင်းရောင်ထိတွေ့မှုနှင့် နှလုံးကျန်းမာရေး

‎နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက်လို့ ပြောလိုက်ရင် အစားအသောက် ချင့်ချိန်စားသုံးရမယ်၊ ဆေးလိပ် ဖြတ်ရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်၊ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုမယ်၊ သွေးတိုးရှိနေရင် ဆေးပုံမှန်သောက်ပြီး ထိန်းညှိနေဖို့ အရေးကြီးမယ်ဆိုတာတွေဟာ ခဏခဏကြားဖူးနေကျ အကြောင်းအရာတွေ ဖြစ်မယ်ထင်ပါတယ်။‎ဒါပေမယ့် ‎၂၀၂၅ အောက်တိုဘာလက ထွက်ရှိထားတဲ့ သုတေသန စာတမ်းတစ်ခုမှာတော့...

ရင်ကွဲနာကျခြင်း Broken Heart Syndrome

"ရင်ကွဲနာကျခြင်း" Broken Heart Syndrome ဆိုတဲ့လက္ခဏာစုကို ရင်ကွဲနာကျခြင်းလို့ပဲ မြန်မာမှုပြုလိုက်ချင်ပါတယ်။ အသည်းကွဲရောဂါ၊ နှလုံးကွဲရောဂါလို့တော့ မြန်မာမှုမပြုတော့ပါဘူး။ သင်တို့ရော ရင်ကွဲနာကျဖူးကြလား။……. ရင်ကွဲနာကျခြင်း (Broken Heart Syndrome) ဆိုတာဟာ စိတ်ထိရှခံစားစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေကြောင့် နှလုံးမှာဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ခွဲစိတ်မှုတွေက...