မေမေများအားလုံး မင်္ဂလာပါရှင့် 🙏🏻

ဩဂုတ်လ ပထမအပတ်ဟာဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်ဖွယ် မိခင်နို့တိုက်ကျွေးသည့်ရက်သတ္တပတ် (Happy Breastfeeding Week) ဖြစ်ပါတယ်ရှင်။

ဒါကြောင့် နို့တိုက်မိခင်တွေများ အဖြစ်များဆုံး နို့တိုက်နေချိန် ရင်သားတင်းမာမှု (Breast Engorgement, BE) အကြောင်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။

ရင်သားတင်းမာခြင်းဟာဆိုရင် မေမေတို့ မိမိနို့ရည်ကို ပုံမှန်မဖယ်ပေးတာကြောင့် မိမိရဲ့ရင်သားမှာ နို့ရည်တင်းလာပြီး ရင်သားရောင်ရမ်းနာကျင်တာတွေ ဖြစ်စေတာပါရှင်။

အထူးသဖြင့် နို့ရည်တိုက်ကျွေးတဲ့ ပထမအပတ်မှာ အဖြစ်များဆုံးဖြစ်ပါတယ်ရှင့်။

ဒါဆို ရင်သားတင်းမာခြင်းမဖြစ်အောင် ကျွန်မတို့ ဘယ်လိုကာကွယ်ရမလဲဆို . . .

  • မိမိရဲ့နို့ရည်ကို မိမိကလေးအား (၂-၃) နာရီခြား အချိန်မှန် သေချာလေး တိုက်ပေးရပါမယ်။
  • ကလေးနို့တိုက်ချိန်မှာလည်း ပုံစံမှန်သော နို့တိုက်နည်းဖြင့် နို့တိုက်ရပါမယ်။ ကလေးရဲ့ပါးစပ်က မေမေတို့ရဲ့ နို့သီးခေါင်းကို သေချာငုံမိတဲ့အနေထားဖြင့် တိုက်ပေးရပါမယ်။ လိုအပ်ရင် ကျန်းမာရေးဝန်ထမ်းများထံမှ အကူညီတောင်းပြီး ပုံစံမှန်သင်ယူရပါမယ်။
  • နို့တိုက်နေချိန်မှာ မိမိရဲ့ရင်သား (၂) ဖက်ကို မျှတိုက်ဖို့ မမေ့ပါနဲ့နော်။
  • မိမိရင်သားဟာ နို့တင်းလာတယ်လို့ ခံစားလာရချိန်၊ မိမိကလေးကလည်း နို့ထပ်မစို့နိုင်ဘူးဆိုရင် လက်နဲ့ဖြစ်စေ၊ Breast pump သုံး၍ဖြစ်စေ မိမိရဲ့နို့ရည်ကို ဖယ်ရှားပေးရပါမယ်ရှင်။
  • နောက်ဆုံး အသုံးဝင်ဆုံးအချက်ကတော့ နို့မတိုက်ခင် ရင်သားကို ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ နွေးထွေးတဲ့ အပူကပ်ပေးခြင်းဖြင့် နို့ရည်စီးဆင်းမှုကို အထောက်ကူပြုစေပါတယ်။

BE ခံစားနေရတဲ့ မေမေတို့သက်သာအောင် မိမိအိမ်မှာ ဘယ်လိုကုကြမလဲ။

ကျွန်မတို့ မိရိုးဖလာနည်းကတော့ ရင်သားကို အပူကပ်ပြီး နှိပ်နယ်လိုက်ခြင်း ဖြစ်ပါတယ်။

၂၀၂၂ ကစလို့ ဒီလိုနည်းအစား ရင်သားနာကျင် ကိုက်ခဲခြင်း ခံစားရတယ်ဆို ရေခဲအအေးကို ရင်သားမှာ မိနစ် ၂၀ နီးပါး ကပ်ပေးကြပါတယ်။

BE ခံစားနေရသော်လည်း အရေးကြီးဆုံးက မိမိကလေးကို ပုံမှန် နို့ရည်တိုက်ကျွေးနေရပါမယ်ရှင်။ ဒါမှသာ BE အမြန်သက်သာစေမှာပါ။

အမှတ်မမှားစေချင်တာကတော့ မေမေတို့ နို့ရည်တိုက်ကျွေးခါနီး ရင်သားကို ညင်သာစွာနှိပ်နယ်ပေး၊ အပူနွေးနွေးကပ်ပေးခြင်းက နို့ရည်ထွက်မှု အားကောင်းစေပါတယ်။

ဒါပေမယ့့် မိမိရင်သားက နာကျင်နေပြီး နို့ရည်တင်းခြင်းခံစားရရင်တော့ ရေခဲ၊ အအေးကပ်ပေးရမှာပါ။ မဟုတ်ဘဲ အပူကပ်ပေးရင် ရင်သားကို ပိုမိုရောင်ရမ်းစေပြီး ပိုနာကျင်စေပါတယ်။

BE က ရေခဲကပ်လည်းမသက်သာဘဲ နာကျင်နေမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသသင့်ပါတယ်ရှင့်။

နောက်ဆုံးအနေနဲ့ BE ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းဟာဆိုရင်ဖြင့် စောစောနဲ့ မကြာခဏ နို့ရည်တိုက်ကျွေးခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ရှင်။

မေမေများရော သားသားမီးမီးလေးများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်….။

Happy Breastfeeding Week to All 💞

Dr Cool
တယ်လီကျန်းမာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here