မီနူး

Benign Prostatic Hypertrophy (ဆီးကျိတ်ကြီးခြင်း) ( December, 2022)

ဆီးကျိတ်ကြီးခြင်း (Benign prostatic hyperplasia)

ဆီးကျိတ်ဆိုတာ အမျိုးသားတွေမှာပါရှိတဲ့ သစ်ကြားသီးအရွယ် အင်္ဂါလေးပါ။ ဆီးအိမ်အပေါက်ဝနားနဲ့ ဆီးစွန့်ပြွန်ရဲ့ပထမဆုံး (၂.၅) စင်တီမီတာလောက်ကို ငုံပြီးရှိနေတာပါ။ အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ပတ်သတ်တဲ့ရောဂါပေါင်းစုံ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကြီးတာလည်း အဖြစ်များတဲ့ဆီးကျိတ်ရောဂါတွေထဲက တစ်ခုပါ။

ဘယ်အသက်အရွယ်မှာ အဖြစ်များသလဲ ?

ဆီးကျိတ်ကြီးတာက အသက်(၄၅)နှစ်နဲ့အထက်အမျိုးသားတွေမှာ အဖြစ်များကြပါတယ်။အသက်(၅၀)မတိုင်ခင်အထိတော့ ရောဂါလက္ခဏာဆိုးလာတာ ရှားပါတယ်။ အသက်(၅၅)နဲ့အထက် ဆီးကျိတ်ကြီးသူတွေကတော့ ဆီးသွားခြင်းနဲ့ပတ်သတ်တဲ့ပြဿနာတွေ၊ လက္ခဏာတွေ ပိုဆိုးလာတတ်ပါတယ်။

အခြားဘယ်လိုလူတွေမှာ အဖြစ်များသေးသလဲ ?

• မိသားစုဝင် (ဥပမာ-အဖေ၊ အစ်ကို၊ ညီ )တို့တွင် ဆီးကြိတ်နဲ့ဆိုင်တဲ့ရောဂါရှိသူများ

• ဆီးချိုရောဂါရှိသူများ

• နှလုံးရောဂါရှိသူများ

• Parkinson’sရောဂါ၊ စိတ်ကျရောဂါတို့ကိုကုသောဆေး၊ နှလုံးနှင့်ပတ်သက်သောဆေး(ဥပမာ-beta blockers)တို့ကို သောက်သုံးရသူများ

• အရက်သောက်သူများ

• အဝလွန်သူများ စတာတွေမှာပိုအဖြစ်များကြပါတယ်

ရောဂါလက္ခဏာက ဘာတွေလဲ ?

ဆီးကြိတ်ကြီးခြင်းက အများအားဖြင့် အန္တရာယ်မကြီးပါဘူး။ ဒါပေမယ့် ဆီးစွန့်ပြွန်ကိုညှစ်မိခြင်း၊ ပိတ်မိခြင်းတို့ကြောင့် ဆီးလမ်းကြောင်းနဲ့ဆိုင်တဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

အများဆုံးဖြစ်တတ်တာကတော့…

– ဆီးစသွားရတာခက်ခြင်း

– ဆီးခဏခဏသွားချင်ခြင်း

– ဆီးမအောင့်နိုင်ခြင်း

– ညဘက်ဆီးသွားများခြင်း၊ ဆီးခဏခဏသွားခြင်း

– ဆီးသွားပြီးချိန်တွင်လည်း တစက်စက် ဆက်ကျနေခြင်း

– ဆီးအိမ်ထဲရှိဆီး အကုန်မစွန့်နိုင်ခြင်း

– ဆီးတစ်ခါသွားပြီးသော်လည်း မိနစ်နှစ်ဆယ်ခန့်နေလျှင် ထပ်သွားချင်လာခြင်း
..
..

အဖြစ်နည်းပေမယ့် တခြားပြတတ်တဲ့လက္ခဏာတွေကတော့…

> ဆီးလမ်းကြောင်းပိုးဝင်ခြင်း

> ဆီးလုံးဝမသွားနိုင်ခြင်း

> ဆီးထဲတွင်သွေးပါခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

ဆီးကျိတ်ကြီးတဲ့အရွယ်အစားက လက္ခဏာဆိုး/မဆိုးနဲ့ မဆိုင်ပါဘူး။ တစ်ချို့သူတွေမှာ ဆီးကျိတ်သိပ်မကြီးဘဲ လက္ခဏာပြင်းထန်တာတွေ့ရပြီး ဆ်ီးကျိတ်အရမ်းကြီးနေတဲ့သူတွေမှာလည်း လက္ခဏာသိပ်မပြတာတွေ့ရတတ်ပါတယ်။

မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးဘာဖြစ်နိုင်လဲ ?

• ဆီးလုံးဝမသွားနိုင်ခြင်း
(ဆီးလုံးဝမသွားနိုင်တဲ့လူနာတွေမှာ ဆီးပိုက်ထည့်ကြရပါတယ်)

• ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြင်း

• ဆီးကျောက်တည်နိုင်ခြင်း

• ဆီးအိမ်ပျက်စီးနိုင်ခြင်း

• ကျောက်ကပ်ပျက်စီးနိုင်ခြင်း

*** ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ်ကင်ဆာဘက်ကူးသွားနိုင်ချေနည်းပေမယ့် ဆီးမစွန့်နိုင်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းကတော့ အရမ်းစိုးရိမ်စရာကောင်းပြီး ပြင်းထန်တဲ့အခြေအနေပါ ***

ဘယ်လိုကုကြမလဲ ?

ဆီးကျိတ်ကြီးသူသုံးယောက်မှာ တစ်ယောက်ကခွဲစိတ်စရာမလိုပါဘူး။ ဆီးကျိတ်ကြီးတာကိုပျောက်အောင်/အရှင်းပျောက်အောင်မကုနိုင်ပေမယ့် အချိန်အတိုင်းအတာတစ်ခုထိ နေလို့ရ​စေတဲ့နည်းလမ်းလေးတွေရှိပါတယ်။ ဒါတွေကတော့…

– အရက်ရှောင်ပါ
(အထူးသဖြင့်ညစာစားချိန်၊ စားပြီးချိန်မသောက်ပါနဲ့)

– မအိပ်ခင်သုံးနာရီအတွင်း ရေ(သို့)အရည်မသောက်ပါနဲ့

– ညဘက်ဆီးသွားချင်ရင် ချက်ချင်းထပေါက်ပါ

– ဆီးသွားရင် ဆီးကုန်အောင်သွားပါ

– ဆရာဝန်ညွှန်ကြားသောဆေးများ(ဥပမာ-ဆီးဆေး)သောက်လို့ရပါတယ်
..
..

တချို့လက္ခဏာပြင်းထန်ပြီး မသက်သာတဲ့အမျိုးသားများကတော့ ခွဲစိတ်မှုခံယူကြရပါတယ်။

ဆီးလမ်းကြောင်းနဲ့ပတ်သတ်ပြီး မူမမှန်တဲ့လက္ခဏာတွေပြနေရင် ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။ ဆီးကျိတ်ဆိုင်ရာရောဂါများက အမျိုးသားတွေမှာပဲဖြစ်ပေမယ့် ဆီးကျိတ်အပြင် တခြားဆိုးဝါးတဲ့ ဆ်ီးလမ်းကြောင်းဆိုင်ရာရောဂါများစွာလည်းရှိတဲ့အတွက်ကြောင့် အမျိုးသားများသာမက အမျိုးသမီးများလည်းမပေါ့ဆသင့်ပါ။

Reference ????
Murtagh,J,2016.Murtagh’s patient education.6th Ed.Australia:Mcgraw-Hill Australia,pp.102

https://www.mayoclinic.com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#bph#ဆီးကျိတ်ကြီးခြင်

Ministry of Health,

National Unity Government.

Published on: 12 December 2022
Last Updated: 12 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ကျန်းမာတဲ့ခန္ဓာကိုယ်မှာ ကျန်းမာတဲ့စိတ်ရှိဖို့‎

‎အသက် ၄၀ ဆိုတာ ဘဝရဲ့ တစ်ဆစ်ချိုးအချိန်လို့ ပြောကြတယ်မလား။ အတွေ့အကြုံတွေလည်း ပြည့်စုံနေသလို တာဝန်ဝတ္တရားတွေကလည်း အမြင့်ဆုံး၊ အကောင်းဆုံးဆိုတဲ့ အချိန်ပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ဘဝအတတ်ပညာတွေ ရင့်ကျက်လာချိန်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေက စတင်လာတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။‎ဒီအရွယ်မှာ လူအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးစိုးရိမ်စိတ်...

‎ကော်ဖီနဲ့ ကျန်းမာရေး‎

မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးပွင့်ဖို့ ကော်ဖီခွက်လေးကို အားကိုးနေရတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ တစ်ခုခု လိုနေသလို ဖြစ်နေရာကနေ ကော်ဖီနံ့လေး ရလိုက်မှပဲ "အာ… ငါ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိလိုက်တာပါလား" ဆိုပြီး စိတ်ချမ်းသာမှုအပေါင်း ခညောင်းလာကြတာမျိုးလေ။ ကော်ဖီဆိုတာ တချို့အတွက်တော့ မရှိမဖြစ် အဖော်မွန်လေး...

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) (မတ်လ၊ ၂၀၂၆ ခုနှစ်)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) ဆိုသည်မှာ မည်သည့်အချိန်တွင် နေက အန္တရာယ်အရှိဆုံးဖြစ်သည်ကို ညွှန်ပြသည့် ညွှန်ကိန်းတစ်ခုဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (၃) နှင့် အထက်ရှိပါက မိမိကိုယ်ကိုယ် နေမှ ကာကွယ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (မတ်လ၊ ၂၀၂၆ ခုနှစ်)Ref: WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း...

သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ

🩸သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ။ "ကားတစ်စီးမှာ ဆီဒိုင်ခွက် လိုသလိုပဲ၊ သင့်ခန္ဓာကိုယ်အတွက် သွေးပေါင်ချိန်စက်ဆိုတာ အရေးကြီးတဲ့ အချက်ပြဒိုင်ခွက်ပါ" အမေရိကန် နှလုံးအသင်း (American Heart Association) ကတော့ သွေးတိုးရှိသူတိုင်း ဆေးကုသမှုတွေ ထိရောက်မှု ရှိ/မရှိ ဆရာဝန်တွေ သိနိုင်အောင် အိမ်မှာ သွေးပေါင်ချိန်တိုင်းဖို့ အကြံပြုထားပါတယ်။...