မီနူး

Omega-3 ငါးကြီးဆီ/ Fish Oil

Omega-3 ငါးကြီးဆီတွေက ဖော့ပြားကိုလောင်စေတယ်၊ ပေါက်သွားစေတယ်ဆိုပြီး ပိုစ့်တွေတက်လာတော့ အတု/အစစ် ရှိတာလား စိတ်ပူနေသူများအတွက်…

Omega -3 ငါးကြီးဆီမှာ Non polarity ဆိုတဲ့ ဂုဏ်သတ္ထိရှိပါတယ်။

Non polarity ဆီ (ဥပမာ – ငါးကြီးဆီ/ သံလွင်ဆီ/ Canola ဆီ) တွေဟာ Non polarity ဖြစ်တဲ့ ဖော့ (Styrofoam) နဲ့ ထိတဲ့အခါ လောင်စေပြီး အပေါက်ဖြစ်သွားတာပါ။

ငါးကြီးဆီတွေရဲ့ ဖွဲ့စည်းပုံကလည်း Brand အလိုက်ကွာခြားမှုရှိပါတယ်။ Ethyl ester များများပါတဲ့ Omega 3 ဆိုရင်တော့ (ဖော့မှာ polystyrene ပါတာကြောင့်) တခြားငါးကြီးဆီထက် ပိုပြီး မြန်မြန်လောင်ကျွမ်းစေပါတယ်။

*** ဒါပေမယ့် လူခန္ဓာကိုယ်မှာ Polystyrene မပါတာကြောင့် စိတ်ချလက်ချ သောက်လို့ရပါတယ်…****

..

..

❗တစ်ခု သတိပေးချင်တာကတော့ Omega 3 ငါးကြီးဆီဟာ ဖြည့်စွက်စာ အားဆေးသာဖြစ်ပြီး၊ မိမိတို့ ပုံမှန်စားနေတဲ့ သဘာဝအစားအသောက် (ငါး/ Canola oil/ Chia seed/ ပဲ/ သစ်ကြားသီး) တွေမှာ ပါပြီးသားဖြစ်တာကြောင့် သက်သက်မသောက်လည်းရပါတယ်။

Reference : ????

https: //vietnamnet. vn/en/fish-oil-dissolving-styrofoam-is-normal-health-ministry-E149744.html

https ://askthescientists. com/qa/why-does-the-oil-in-biomega-dissolve-styrofoam/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...