ကိုယ်က ညက အိပ်ရေးဝထားလို့ လန်းဆန်းနေတာတောင် မျက်နှာချင်းဆိုင်က လူတစ်ယောက် ပါးစပ်ကြီးဟပြီး အားရပါးရ သမ်းဝေလိုက်တာကို မြင်လိုက်တာနဲ့ အလိုလိုနေရင်း ကိုယ့်ပါးစပ်ကပါ လိုက်သမ်းမိသွားတဲ့ အဖြစ်မျိုးလေ။

(အခုတောင် ဒီစာကို ဖတ်ရင်း ခင်ဗျားတို့ သမ်းချင်သလို ဖြစ်သွားနိုင်တယ်)

ငယ်ငယ်တုန်းကတော့ လူကြီးတွေက ပြောဖူးတယ်။ သမ်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် မဝလို့ အောက်ဆီဂျင် ပိုရအောင် ပါးစပ်ကြီးဟပြီး လေကို အများကြီး ရှူသွင်းတာတဲ့။

ဒါပေမယ့် ဆေးပညာအရ သေချာလေ့လာကြည့်တော့ အဲဒါက အကြောင်းပြချက်အစစ် မဟုတ်ပြန်ဘူးဗျ။ တကယ်လို့ အောက်ဆီဂျင် မဝလို့သာဆိုရင် ပြေးလွှားပြီး မောနေတဲ့သူတွေ၊ အားကစားသမားတွေဆို အမြဲတမ်း ပါးစပ်ကြီးဟပြီး သမ်းနေရတော့မှာပေါ့။

တကယ့် လျှို့ဝှက်ချက် အစစ်အမှန်က ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ Mirror Neurons လို့ခေါ်တဲ့ အာရုံကြောဆဲလ်လေးတွေကြောင့်ပါ။

လူဆိုတာ အုပ်စုဖွဲ့ နေထိုင်တတ်တဲ့ သတ္တဝါတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင်၊ ခံစားချက်ချင်း ကူးစက်အောင် ဒီဆဲလ်လေးတွေက အလုပ်လုပ်ပေးရတယ်။ သူများ ပြုံးရင် လိုက်ပြုံးမိသလို၊ သူများ ငိုရင် လိုက်ငိုချင်သလိုပဲ၊ သူများ သမ်းရင်လည်း ကိုယ့်ဦးနှောက်က အလိုလိုနေရင်း လိုက်ပြီး “Copy” ကူးချလိုက်တာပါပဲ။

ဒီလို သူများသမ်းတာမြင်ရင် အလွယ်တကူ လိုက်သမ်းမိတတ်တဲ့ သူတွေဟာ “ကိုယ်ချင်းစာတရား” အလွန်ကြီးမားသူတွေ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ သူတစ်ပါးရဲ့ ခံစားချက်ကို အလွယ်တကူ ဝင်ရောက် ခံစားပေးနိုင်စွမ်း ရှိသူတွေ၊ လူမှုဆက်ဆံရေးမှာ ပိုပြီး ပူးပေါင်းပါဝင်တတ်သူတွေက ပိုပြီး လိုက်သမ်းမိတတ်ကြတယ်ဗျ။

(ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် သူတစ်ပါးကို ကိုယ်ချင်းမစာတတ်တဲ့ စိတ်ဝေဒနာရှင် Psychopath တွေနဲ့ လူမှုဆက်ဆံရေး အားနည်းတဲ့ သူတွေမှာတော့ ဒီလို လိုက်သမ်းတတ်တဲ့အကျင့် မရှိသလောက် ရှားပါတယ်တဲ့)

ဒါကြောင့် နောက်တစ်ခါ အလုပ်ခွင်မှာ ကိုယ်က ပါးစပ်ကြီးဟပြီး သမ်းနေလို့ အလုပ်ရှင်က မြင်သွားရင် “ကျွန်တော် အိပ်ငိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်က ကိုယ်ချင်းစာတရားတွေ အင်မတန် ပြည့်လျှံနေလို့ပါ” လို့သာ ခပ်တည်တည်နဲ့ ဖြေချလိုက်ပါဗျာ…..။

(ကဲ… ဝန်ခံကြပါ။ ဒီစာကို ဖတ်ရင်း ဘယ်နှခါလောက် သမ်းမိသွားပြီလဲ)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here