❌ အယူအဆလွဲ >>> ထမင်းစားနေတုန်း ရေအေးအေးသောက်လိုက်ရင် စားလိုက်တဲ့ အစားအစာထဲက အဆီတွေကို ခဲသွားစေပြီး အစာခြေရခက်စေတယ်။ အဲဒီကနေတစ်ဆင့် ဗိုက်ခေါက်ထွက်ပြီး ဝိတ်တက်လာစေတယ်။
☑️ အမှန်တရား >>> ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ အမြဲတမ်း 37°C (98.6°F) ဝန်းကျင်မှာ ရှိနေပါတယ်။ ရေခဲရေ သောက်လိုက်ရင်တောင် အစာအိမ်ထဲ ရောက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်က အဲဒီရေကို ချက်ချင်း ပြန်နွေးသွားအောင် လုပ်ဆောင်လိုက်တာကြောင့် အဆီတွေကို ခဲသွားအောင် မလုပ်နိုင်ပါဘူး။
အစာခြေစနစ်ကို နှောင့်နှေးစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားလည်း မရှိပါဘူး။
တကယ်တော့ ရေဟာ အစာခြေစနစ်ကို ပိုပြီး ချောမွေ့စေသလို အစားမစားခင် ဒါမှမဟုတ် စားနေတုန်း ရေသောက်ပေးတာက ဗိုက်ကို ပိုပြည့်စေလို့ အစားအသောက် အလွန်အကျွံ စားမိခြင်းကိုတောင် တားဆီးပေးနိုင်ပါတယ်။
ဝိတ်တက်ခြင်း၊ ကျခြင်းဟာ စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီပမာဏအပေါ်မှာပဲ မူတည်တာဖြစ်လို့ ရေခဲရေကြောင့် ဝိတ်တက်မှာကို ပူစရာမလိုပါဘူး။
ဒါပေမယ့် အစာအိမ်အနာရှိသူ ဒါမှမဟုတ် လေပွတတ်သူတွေအနေနဲ့တော့ အစာစားနေတုန်း ရေအလွန်အကျွံသောက်တာက အစာအိမ်ဖောင်းတာမျိုး ခံစားရနိုင်တာကြောင့် သင့်တင့်ရုံသာသောက်ဖို့ အကြံပြုပါရစေ။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

