အမေး။ အရက်သောက်သူတွေ သို့ ဘီပိုးစီပိုးရှိတဲ့သူတွေပဲ အသည်းကင်ဆာ ဖြစ်ကြတာလား။
အဖြေ။ အသည်းကိုထိခိုက်စေတဲ့ အရာတိုင်းက အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်။
အသည်းခြောက်တဲ့သူတွေက ကင်ဆာပိုဖြစ်ကြပေမယ့် အသည်းမခြောက်လည်း ဖြစ်နိုင်ပါတယ်။
အသည်းကို ရေရှည်ထိခိုက်စေတာကတော့ အရက်၊ ဘီယာ၊ ယာမကာတွေ၊ ဘီပိုးစီပိုးတို့အပြင် အချိုရည်များလည်း ပါပါတယ်။ အသည်းအဆီဖုံးတာ ကြာရှည်လာပြီဆို အသည်းကို ထိခိုက်စေတာမို့ သူကလည်း အသည်းကင်ဆာ ဖြစ်စေပါတယ်။
ခုနောက်ပိုင်းမှာ ဘီပိုးကာကွယ်ဆေး ပေါ်လာတာရယ်၊ စီပိုးကို အရှင်းပျောက်အောင် ကုလို့ရလာတာတွေကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်းတွေက အသည်းကင်ဆာရဲ့ အဓိကလက်သည်အဖြစ် အရင်ကထက် အရှေ့ကို ပိုရောက်လာပါတယ်။
ဒါကြောင့် အသည်းအဆီဖုံးတာပဲဆိုပြီး မပေ့ါဆပါနဲ့။ ဝိတ်ချဖို့၊ သွေးတွင်းအဆီတွေချဖို့ စတဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ပြန်ဖြစ်အောင် အစားအသောက်ဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ လူနေမှုပုံစံကို ပြောင်းလဲတာ၊ လိုအပ်ရင် ဆေးပုံမှန်သောက်တာ စတာတွေနဲ့ မပေါ့ဆဘဲ ကုသဖို့လိုပါတယ်။
အားလုံးပဲ အသည်းကင်ဆာ ဖြစ်ပွားခြင်းမှ ကင်းဝေးကြပါစေ…. 💞
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


