အလွဲ ❌ နေ့စဉ်ခေါင်းလျှော်ခြင်းသည် ဦးရေပြားရှိ အဆီဓာတ် (Sebum) ကို ဖယ်ရှားလိုက်သောကြောင့် ဆံပင်ကိုခြောက်သွေ့စေပြီး ပျက်စီးစေကာ ပိုမိုကျွတ်စေသည်။

အမှန် ✅ ခေါင်းလျှော်သင့်သော အကြိမ်ရေသည် လူတစ်ဦးချင်းစီ၏ ဦးရေပြားအမျိုးအစား၊ ဆံပင်အမျိုးအစားနှင့် လူနေမှုပုံစံအပေါ်တွင် မူတည်ပါသည်။

ဆံပင်အမျိုးအစားများတွင် အဆီများသော ဦးရေပြား ရှိသူများ သို့မဟုတ် နေ့စဉ် ပြင်းထန်သော လှုပ်ရှားမှု/လေ့ကျင့်ခန်း လုပ်သူများသည် ခေါင်းကို နေ့စဉ် သို့မဟုတ် တစ်ရက်ခြားတစ်ခါလျှော်ရန် လိုအပ်နိုင်ပါသည်။ 

ဆံသားတွင် အဆီနှင့်ချွေးများ စုပုံနေခြင်းသည်သာ ဦးရေပြားနှင့်ဆံပင်ကို ပျက်စီးစေပါသည်။

ခေါင်းလျှော်ရည် ရွေးချယ်မှုတွင် ဆံသားကို ပျက်စီးစေသည်မှာ နေ့စဉ်လျှော်ခြင်းထက် ပြင်းထန်သော ဓာတုပစ္စည်းပါဝင်သည့် ခေါင်းလျှော်ရည် သို့မဟုတ် ပူလွန်းသောရေကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ပါသည်။ 

ဓာတုပစ္စည်းပါဝင်မှုနည်းသော၊ ပျော့သော ခေါင်းလျှော်ရည် (Gentle Shampoo) ကို ရွေးချယ်သင့်ပါသည်။

ထို့ကြောင့် မိမိ၏ဦးရေပြားတွင် အဆီများလျှင် နေ့စဉ် သို့မဟုတ် မကြာခဏ လျှော်သင့်သော်လည်း ခြောက်သွေ့သော ဆံပင်ပိုင်ရှင်များအတွက်မူ ၃ ရက်တစ်ကြိမ်ခန့် လျှော်ခြင်းသည် ပို၍သင့်လျော်ပါသည်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here